GSM ၂ သိန်းဖုန်း တွေမှာ အင်တာနက်ခ
တစ်မိနစ် ၂ ကျပ်ကနေ All in one Booster ခံလိုက်လို့ တစ်မိနစ် ၄ ကျပ်ဖြစ်လာတဲ့အခါ။
နဂိုက အင်တာနက် သုံးစွဲခ တစ်မိနစ် ၂
ကျပ်ကနေ All in one Booster ခံလိုက်တဲ့အခါ တစ်မိနစ် ၄ ကျပ်ဖြစ်သွားခဲ့လို့ တစ်မိနစ်
၂ ကျပ်ဖြစ်ဖို့နဲ့ အမြန်နှုန်းကလည်း All in one Booster
ခံထားတဲ့အတိုင်းရရှိနိုင်ဖို့အတွက် Internet အမြဲသုံးစွဲသူ User တွေမှာ
အခက်တွေ့လာရပါတယ်။
၂ ကျပ်နဲ့ လေးကျပ်ဟာ
တစ်မိနစ်တိုင်းမှာ ထက်ဝက် ကွာခြားစွာ ထွက်ရှိနေမယ်ဆိုရင် ခဏတာမှာ မသိသာ လှပေမယ့်
ရေရှည်မှာ ထိခိုက်လာပါတယ်။ ပိုက်ဆံတွေက တွင်းထဲက အလိုလို ထွက်ပေးပီး
အိမ်ပေါ်ရောက်လာတာမှမဟုတ်တာပဲနော့။
ဒါကိုလျော့ချနိုင်ဖို့
အမြန်နှုန်းလည်းမကျဖို့ သိပ်ပီးထူးထူးထွေထွေမခက်လှပါဘူး။
အရင်ဆုံး ဟန်းဆက်မှာ ထုံးစံအတိုင်း 2G
နဲ့ 3G ပြောင်းလဲဖို့အတွက် *#*#4636#*#* ကိုနှိပ်ပြီး Phone information ကိုဝင်ပါ။
Turn off radio button မှာ GSM only ကနေ WCDMA only ကိုပဲပြောင်းထားပါ။ ပြီးရင်
အဲဒီ Mode ကနေ ပြန်ထွက်ပီး All in one Booster ကိုဖွင့်ပါ။
All in one Booster မှာ Internet ကို
Off လုပ်ထားပါ။ ပြီးရင်ပြန်ထွက်ပါ။
ထုံးစံအတိုင်ွးှWifi နဲ့ Internet
စနစ်ကို ချိတ်ဆက်ပါ။ ကိုယ့်ကွန်ပျူတာမှာ သုံးစွှဲတဲ့ Internet Browser ကို
ပုံမှန်အတိုင်းဖွင့်လှစ်လိုက်ပါ။ ပွင့်ပြီးသွားရင်တော့ All in one Booster ကို
ဖွင့်ပီး Internet ကို ပြန် On လိုက်ပါ။
ဒါဆိုရင် All in one Booster ကလည်း
သင့်ရဲ့ Internet စနစ်ကို အမြန်နှုန်း လျော့ကျမှုမရှိဘဲ
သုံးစွဲနိုင်တာကိုတွေ့ရပါလိမ့်မယ်။
Internet စနစ်ကနေ
ပြန်လည်ထွက်တော့မယ်ဆိုရင် All in one Booster မှာ Internet ကိုပြန်လည် Off
လုပ်ပြီး ပြန်ထွက်လိုက်ပါ။ ဒါဆိုရင်တော့ ၂ ကျပ်နှုန်းနဲ့ ပဲ Internet စနစ်ကို
ဖြတ်သန်းသုံးစွဲခဲ့နိုင်တာကိုတွေ့ရမှာပါ။
သင့် Bay ကို အ၀င်အထွက် မှတ်သားပြီး
တွက်ချက်ကြည့်လိုက်ပါ။
အဆင်ပြေချောမွေ့ ရှည်ကြာစွာ
သုံးစွဲနိုင်ကြပါစေဗျား။
ကိုတီကျူး
This comment has been removed by the author.
ReplyDelete