Friday, August 25, 2017

ဝဋ်​နာ ကံနာ-တီကျူး

ဝဋ်​နာ ကံနာ

တီကျူး

ပြည်​သူ​ပေးတဲ့ဆုကိုလည်း လိုချင်​တယ်
အညှီအ​ဟောက်​ကိုလည်း စားချင်​တယ်
အ​ရေး​ပေါ်​ခေါ်ဆိုမှုဟာ ​သွေးစက်​တစ်​စက်ချင်း ကျ​နေသံနဲ့
တိတ်​ဆိတ်​မှုကို​ ခြောက်​လှန့်လို့
ပျောက်​ဆုံး​နေတဲ့ မြို့ပျက်​ကြီးထဲမှာ ကိုယ်​ခြင်းစာတရားကိုဖြဲရှာရသလိုပဲ
အမိဝမ်းက ကျွတ်​ကတည်းက ကမ္ဘာကြီးဟာ ဒုက္ခသည်​စခန်းပဲ။
ငါ့အရိုးနဲ့ ထိုးထားတဲ့ စည်းရိုးမှာလည်း ခြ​တွေကကြီးထွားလို့
ကိုယ့်​ဥထင်​ပြီးဝပ်​ခဲ့​ရပေမယ့်​ ​ရေထဲဆင်းသွားမှ ရင်​ကွဲရတဲ့အဖြစ်
ဒီဘဝ ဒီသံသရာကို ဒီကဗျာနဲ့ ​ချေချွတ်​လိုက်​ရပါတယ်​။ ။


တီကျူး
25-8-2017

Thursday, August 24, 2017

ကိကိ-သားဦး

ကိကိ
________သားဦး

အိမ်ရှေ့စက္ကူပန်းရုံနဘေး
ရေမြောင်းထဲကနေ ကိကိကိုရတယ်
သူဟာနတ်တို့စိတ်ကူးတဲ့ ဆင်စွယ်ရောင်ခေါင်းတလားကို ပိုက်လို့
သူ့မျက်နှာပေါ်မှာ ပုရွက်နီတွေ တဆစ်ဆစ်ထိုးခဲလို့
သူ့ညာလက်မှာ သန့်ရှင်းစင်ကြယ်သော ကောင်းမှုတော်
သူ့ဘယ်လက်မှာ အိုးတိုက်ဖွဲပြာရေတစ်မှုတ်နဲ့
သူ့ရယ်သံကြောင့် ရေမြောင်းဘောင်ဟာတဖွဲဖွဲပဲ့ကျလို့
သူ့ငိုသံမှာပန်းတို့ပွင့်ကြတယ်
ရေအိုးစင်ဆီက နတ်ဒိုးသံကြားရ
အများသူငါရေငင်တွင်းဆီက လာတာ
ကိကိထမ်းထားရတဲ့ ရတနာရွှေကြုတ်ဆီက
ကိကိလွယ်ထားရတဲ့ သမုဒ္ဒယာဝမ်းတစ်ထွာဆီက
အဲ့ဒီအဆိုင်အခဲ နတ်ဒိုးသံ
လမ်းပေါ်လျှံကျ ငါတို့အိမ်တွေကို လေထဲနှစ်ကြတယ်
အဲဒီ့ကုတင်ဘေးနားက ခုံတန်းရှည်ပေါ်မှာ ဒူးတစ်ဖက်နဲ့ လက်တစ်ဖက်ကို ခပ်ဖွဖွ ထောက်ထားရင်း တစ်ခုခုကို ညှို့ငင်နေတဲ့အကြည့်နဲ့
ကိကိဟာ ပွဲလမ်းသဘင်တွေဆီသွားဖို့
ကစီဓာတ်ပါတဲ့ အစားအစာတွေကို
သံသရာတစ်လျှောက်က်လုံး ရှောင်ခဲ့ရတယ်တဲ့
တလားထဲ
ရေပူစမ်းဆီက ဒုက္ခပျားရေ
လူသတ်လက်နက်သိုလှောင်ရုံတွေနဲ့ နှင်းတောထဲမီးခိုးတလူလူ
လူ့အသားကိုချက်ထားတဲ့ရေတံခွန် ဆင်ခြေလျှောတစ်လျှောက်
ကိကိကိုယ်တိုင် ဖနှောင့်နဲ့ပေါက်ခဲ့တဲ့လမ်းများ
လမ်းများဟာ မီးခိုးခေါင်းတိုင်အတွင်းနံရံကြားကနေ အထက်ဆီထိုးထွက်လို့
ငါတို့ အောင်မြင်ကြတော့မယ်
တချို့ သစ်ရွက်တွေပေါ်တက်ခုန်ကြ
တချို့ ပန်းရဲ့ဝတ်မှုန်တွေကြားမှာ ထိတ်လန့်တကြားဝင်ပုန်းကြ
တောင်ယာရှုခင်းရဲ့ တစ်ဝက်မှုန်နေတဲ့နေ့အလင်း
တောင်တန်းရဲ့အခြေကို ဓားနဲ့ခြစ်ဖဲ့ပြီး
အလင်းဖွက်ထားတဲ့တည်နေရာ
ငါတို့ပြန်ကြရမယ်တဲ့
မနက်ခင်းကို ဆီမီးပူးဇော်ပြီး
စာရွက်ပေါ်က ချွေးစက်တချို့ကို ချဲ့ထွင်ရှင်းလင်းပြီး
မှောင်သောမီးကို ကိုယ်လက်သန့်စင်အပြီးမှာ
ငါတို့ပြန်ကြရမယ်တဲ့
ငြိမ်းချမ်းရေးအတွက်စာချွန်လွှာ
ကိကိဟာ သေရမှာကြောက်လို့
သေမင်းယောင်ဆောင်နေတဲ့ ငရဲခန်းရုပ်ပုံလွှာ
သူ့အကြောင်းအရာကို ကျွန်တော်တို့ရေးတိုင်း
တပြိုင်တည်း စိတ်လှုပ်ရှားမိတာ
နောင်တနဲ့ ခန္ဓာကိုယ်ဆေးကြောသန့်စင်ခြင်း
တည်လဲသီးရဲ့ အခန်းဖွဲ့စည်းပုံအကြမ်းထည်
မသေချာဘူး
ကိကိကို အိမ်ရှေ့စက္ကူပန်းရုံနဘေး
ရေမြောင်းထဲက ရခဲ့တယ်ဆိုသော အဓိပ္ပာယ် ။


သားဦး
သရဖူ

Wednesday, August 23, 2017

ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က __ မောင်ချောနွယ်

ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က
__________________ မောင်ချောနွယ်

ပြောရရင်တစ်ဘဝလုးံလုးံကုန်မယ်
သူ့တစ်ကိုယ်လုးံမှာ
သူဝတ်လာတဲ့အကျီ င်္ပဲကောင်းတယ်
ရှုမျော်ခင်းတွေပါလို့မို့
သူ့ခြေ သူ့လက် သူ့ခန္ဓာ သူ့စိတ်ဓာတ်တွေတော့
ထားလိုက်ပါတော့
အားလုးံအပျက်စီးချည်းပဲ
ဝပ်ရှော့ပို့ထားကားလိုပေါ့
ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က။
ဒီဘဝမှာ
ဘယ်တုန်းကမှကောင်းခဲ့တာလည်းမရှိ
ဘယ်သူ့အပေါ်မှလည်းကောင်းခဲ့တာမရှိ
လပေါက် နစ်ပေါက် တင်ကျွေးခဲ့သူကိုရော
အိမ်တစ်လုးံလုးံပေးနေပေးသူကိုရော
ကောင်းခဲ့တာမရှိ
သူ့စိတ်နဲ့ငါ့မျက်နာကိုငှားငှားပြီးပြောသေး
သူမကောင်းတာကိုဖြည့်ဖြည့်ပြီးပေါင်းနေရသူလို့မသိ
ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က
ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့ကပေါ့။
သူမောက်မာလိုက်ပုံက
သူ့အပေါ်ကောင်းခဲ့သူအပေါင်းအသင်းတွေသေရင်
သူကအလောင်းဖက်မငိုဘူးတဲ့
သူဖက်ငိုလို့ကော
ဒီအလောင်းကပြန်ရှင်လာမတဲ့လား
ပြီး
အဲ့ဒီအလောင်းကကောသူ့အလောင်းဖက်ငိုရမတဲ့လား
ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က။
လု့ဘဝဆိုတာခြကုန်းမှာနေရသလို
ခဏခဏရွေ့ရွေ့နေရမယ်
ဒါကိုဒင်းမသိဘူး
ဒါကိုမသိခြင်းကြီးတဲ့ဒင်းကို
ခြကုန်းသာပို့ထားလိုက်
ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့က။
အဲ့ဒီနေ့က
အဲ့ဒီနေ့ကပေါ့
ငါ့ကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့ကပေါ့
တရားရုးံမှာ
အမူမကြီးကြီးအောင်ဆွဲချလိုမျက်နာမျိုးနဲ့
လမ်းထဲကိုဝင်လာတယ်။
အဲ့ဒီနေ့က
အဲ့ဒီနေ့ကပေါ့
ငါကိုကျားတံဆိပ်ဘီယာမတိုက်တဲ့နေ့ကပေါ့
အဲ့ဒီငနဲဟာ
ခုပဲဂြိုလ်တစ်ခုခုကပျက်ကျလာသူလိုလို
အခုပဲလေယာဉ်ပျံတက်တော့မလိုလို
အခုပဲလက်ထပ်တောမဲ့သတို့သားလိုလို
အခုပဲ အစည်းအဝေးမှာအဆုးံဖြတ်ပေးရတော့မယ့်သူလိုလို
စတိုင်တွေဂိုက်တွေဖမ်းပြီး
လမ်းထဲကထွက်သွားလေရဲ့
သူဘယ်လမ်းမှာနေတယ်ဆိုတာ

သူကိုယ်တိုင်မသိတဲ့ကောင်လေ။

တေးကဗျာ
ဖေဖေါ်ဝါရီ/၁၉၉၆။

အမည်မသိရှေးစာဆို _သက်ငြိမ်သစ်

အမည်မသိရှေးစာဆို
_________________________သက်ငြိမ်သစ်

သူ့လက်တံတွေဆီက အခက်အလက်ကို
ခါချပြစ်လိုက်တယ်
ငါ့နောက်ကျောကဓားဟာ
ပြောင်းဝပဲ

လူတွေ
လွယ်လွယ်နဲ့မငိုတတ်တော့ခြင်းဟာ
စတင်ပါပြီ
လမ်းမပေါ်ဖုန်တထောင်းထောင်း
ငါတို့မောင်းခဲ့တဲ့လှည်းမှာ
ငါတို့နွားတွေ ပါလာမှပိုသေချာမယ်
စိတ်ကူးထဲ
မလိုအပ်တဲ့ အဆောက်အဦတွေ
ချွေးပျံနေတာ
ငါတို့အပြစ်မှမဟုတ်ဘဲ
သေချာတယ်
ငါလည်းဘယ်စူးမှအဆူးမခံတော့သလို
ငါ့ဆူးတွေကိုလည်း လက်သည်းဝှက်ထားတော့မယ်
တစ်ချိန်ချိန်
လှောင်အိမ်လေးထိပ်ကလှေကား
ငါတို့စားသောက်ထားမိတဲ့ ဆန်စံပါးတွေ
ပြန်လည်မှည့်ဝင်းလာမှာပါ
အားလုံးကို ထပ်တူပြုလိုက်ပါရဲ့
အယူမှန်သူရဲ့ ညလယ်ခေါင်။

သက်ငြိမ်သစ်

မိုးလေ၀သ- သားဦး

မိုးလေ၀သ
__________________________ သားဦး

မျက်ရည်မြစ်ကို ကိုယ့်ညီမလေးကမနမ်းတော့ဘူး
တံခါးဝ မမျှော်တော့ဘူး
လက်ရေးလှ မကျင့်တော့ဘူး
စာရွက်နောက်ကျောကို ကြည့်တဲ့ ၀င်းပမှုနဲ့ရယ်သံ
တွန့်ကြေနေတဲ့ လက်ကိုင်ပ၀ါကို
ဒီအတိုင်း ခေါက်သိမ်းလိုက်တဲ့အခါ
အိပ်ရာခင်းတွေ မတွန့်တော့ဘူး
သံယောဇဉ်မီးလို မပူတော့ဘူး
ရှိခဲ့တာတွေ ရှိစေတော့
ပြီးခဲ့တာတွေ ပြီးစေတော့
ဒီမှာတော့ တုန်ခါမှု တစ်ခုတစ်လေ ကျန်ကောင်းကျန်မယ်
ရပ်ဝေးမြေခြား
ဒီမှာတော့ ပန်းတွေ တအားကြွေတာပဲ
စကားအကျယ်ကြီးပြောတဲ့ အကျင့်ကိုဖျောက်နော်…
အခုစကားအကျယ်ကြီး မပြောတော့ဘူး…
ဖျားချင်ယောင်ဆောင်တဲ့ အကျင့်ကိုဖျောက်နော်…
အခု ဖျားချင်ယောင် မဆောင်တော့ဘူး…
တစ်ခါတစ်ခါ အရမ်းအငြင်းသန်တာပဲ…
အခု ဘယ်တော့မှ မငြင်းတော့ဘူး…´
စွဲလမ်းမှု တစ်ခုတစ်လေ အရ
ဒါဟာ အချစ်ကို ရှာတွေ့ခဲ့တာလား
ယုံကြည်မှု တစ်ခုတစ်လေ အရ
ဒါဟာ အချစ်ကို မေ့ထားခဲ့တာလား
ဆိုရိုးစကားရဲ့ မိုးခေါင်ရေရှား ကိုယ့်အိမ်တံခါးဝမှာ
အရမ်းကြွေတာပဲ…။


သားဦး

သိကြားသာသနာ-အောင်ဘညို

#သိကြားသာသနာ
=============
ငါတို့ရဲ့သိကြားသာသနာမှာ
ကြမ်းပိုးက လိပ်ဖြစ်လို့
ဖွတ်ကမိကျောင်းဖြစ်လို့ ။
မုသားစကားတွေက ရွှေရောင်ထလို့
လျှပ်ပေါ်လော်လီတွေက ရောင်းကောင်းလို့
လူလိမ်က ပညာရှိယောင်ဆောင်လို့
မြေခွေးက ဥပုသ်ရက်ရှည်စောင့်လို့
ဓားပြက လမ်းဆုံလမ်းခွမှာ
စတုဒီတာကျွေးလို့
သားသတ်သမားက
ဘုရားတည်လို့
သြော်
ငါတို့ရဲ့ သိကြားသာသနာမှာ ။ ။


#အောင်ဘညို
၂၀၁၄ ဖေဖော်ဝါရီ နရသိန် / ဘဝသစ် မဂ္ဂဇင်း

ဒိုင်​ယာရီ ----- မိုဃ်း​ဇော်

ဒိုင်​ယာရီ
----------------------မိုဃ်း​ဇော်

စားစရိတ်​ကြီးတယ်​အချ စ်​ရယ်
ငါတို့စားမှအသက်​ရှင်​နိုင်​မယ်​။
စားစရိတ်​ကြီးပြီး
ဝင်​​ငွေနည်းတဲ့နိုင်​ငံမှာ​ငါတို့နေကြတယ်​။

နေစရိတ်​ကြီးတယ်​အချ စ်​ရယ်
ငါတို့​မိုးလုံ​လေလုံအိပ်​ရာက​လေးလိုအပ်​တယ်​။
မြေကြီး​တွေ​ပေါပြီး
နေစရာရှားတဲ့နိုင်​ငံမှာငါတို့​နေကြတယ်​။
ဝတ်​စရိတ်​ကြီးတယ်​အချ စ်​ရယ်
ငါတို့အရှက်​လုံရုံဝတ်​ရမယ်​။
ဘေထုပ်​​တွေ​ပလူပျံပြီး
အဝတ်​သစ်​ဝယ်​မဝတ်​နိုင်​တဲ့နိုင်​ငံမှာငါတို့​နေကြတယ်​။
သူခိုးဓားပြ​တွေဆူတယ်​အချ စ်​ရယ်
ချွတ်​ချွ တ်​သံကြားတိုင်းငါတို့ထရတယ်​။
မှုခင်း​တွေများပြီး
မလုံခြုံ တဲ့နိုင်​ငံမှာငါတို့​နေကြတယ်​။
လူဖြစ်​ဖို့မလွယ်​ဘူးတဲ့အချ စ်​ရယ်
ဒုလ္လဘလို့​ပြောကြတယ်
ရောဂါ​တွေထူပြီး
ငရဲနဲ့တူတဲ့လူ့ပြည်မှာငါတို့​နေကြတယ်​။
(၂၀၁၇)

သမီးအတွက်​​နောက်​ဆုံးကဗျာ ••••••••••••••••••••lတိုး​နှောင်​မိုးl

သမီးအတွက်​​နောက်​ဆုံးကဗျာ
••••••••••••••••••••lတိုး​နှောင်​မိုးl

ပန်​ပန်​အိပ်​​နေတာ​ငေးကြည့်​ပြီး
ဘဝကိုရစ်​ဘီး​ပေါ်ဆွဲတင်​ကြည့်​တယ်
ဖြူစင်​လိုက်​တဲ့ခ​လေးအပူကသူမသိ​ပေမဲ့ပိုပို​လောင်
တိမ်​​တွေ​တောင်​ရင်​ခုန်​ရ​အောင်​သနားသတဲ့။

နိုင်​ငံကူးသ​င်္ဘောလို
သမီးစိတ်​ကူး​တွေလွှင့်​​နေလိမ့်​မယ်​။
မိသားကိုမစုနိုင်​တဲ့မိသားကွဲ
ဖေ​ဖေတလှည့်
မေ​မေတလှည့်​ချစ်​ဖို့ 
မဲကလာကျ
မင်းစိတ်​ဒဏ်​ရာမင်းအမာရွက်
ငါတို့ မိဘအပြစ်
မေတ္တာအချစ်​​လေး​တော်​တင်​ခန်းမှာ
ဘယ်​သူမှနိုင်​မသွားခဲ့ဘူး။
တစ်​​နေရာဆီ​ဖေ​ဖေ
တစ်​​နေရာဆီ​မေ​မေ
မနီးတဲ့ခရီး
ဤခရီး​ဝေး​နေ​လေ​တော့
ရှရီပန်​ထွာတိုး​နှောင်​မိုးရဲ့​ကျောက်​စာမှာ
မိဘ​မေတ္တာဆိုတာ ပျိုတိုင်းကြိုက်​တဲ့
နှင်းဆီခိုင်​မဖြစ်​ခဲ့ပါဘူး။
ဝေး​တော့လည်း
ဖျား​နေမှာစိုးရိမ်​တယ်
နီး​တော့လည်း
ကိုယ်​ပူမှာစိုးတယ်
သမီးရယ်
ဘာမှန်းမသိတာကိုပဲ
ဖေ​ဖေတို့ ​လျောက်​​နေမိတယ်​။
မြစ်​​ရေစီးသံနား​ထောင်​သလို
ကမ်းပါးပြိုတာသိရမယ်
ဖေ့သူငယ်​ချင်း​တွေစကား
ဆင်​ခြင်​သုံးသပ်​နာယူရမယ်
ချစ်​သူ အချစ်​ သမီးပန်
အမြဲငြိမ်းချမ်းသာယာနိုင်​ပါ​စေ။ ။

တိုး​နှောင်​မိုး

၂၀၁၇ ချန်ပီယံ-ခင်အောင်အေး

၂၀၁၇ ချန်ပီယံ
---------------------ခင်အောင်အေး

စည်ကားသော လမ်းမများပေါ်၌
မစည်ကားသော အတွေးအခေါ်များပြန့်ကျဲ
ဓါတ်တိုင်က ဓါတ်တိုင်ကို ကောင်းသောညနေခင်းပါ လို့
အနုပညာဟာ သူ့ချည်တိုင်ထဲမှာ တိုင်ပတ်နေတဲ့အချိန်ပေါ့

င့ါကို ငါ ပြန်ရမလား
င့ါကို ငါ မင်းဆီက ပြန်ရမလား
ငါ့ကို ငါ ဘယ်လိုစီမံရမှန်းမသိ စိတ်ရှုပ်ထွေးနေရချိန်
ငါ့ကို ငါ ပြန်မလိုချင်ဘူး
မိုးက ဘယ်လိုပဲ ပုံဖော် ပုံဖော်
ကိုယ့်ရွှံ့ကိုကိုယ် ဗိုင်းကောင်းကျောက်ဖိထားဖို့ လိုလိမ့်မယ်
ပလက်ဖောင်းတွေရဲ့ ပဲ့ရွဲ့မှုကနေ သမိုင်းကို ခြေရာကောက်ကြစို့
အေးစက်နေတဲ့ အထိအတွေ့တွေဟာ
အေးစက်နေတဲ့ ရာသီဥတုထံကို ပို့စ်ကဒ်ပို့လိုက်တယ်
အေးစက်နေတဲ့ ခေါင်းလောင်းများဆီက
အေးစက်နေတဲ့ ၀မ်းခေါင်းသံ ပဲ့တင်များ
မျက်ရည်တွေ လို့ ဘာအကြောင်းနဲ့မှ သဖန်းပိုးမလုပ်ချင်ပါ
မျက်ရည်တွေ လို့ ဘာအကြောင်းနဲ့မှ ခါးတမာနှယ်မဖွဲ့နွဲ့လိုပါ
မျက်ရည်တွေ လို့ ဘာအကြောင်းနဲ့မှ ပရိယယ်ေ၀၀ုစ်မပြုချင်ပါ
မျက်ရည်တွေ လို့ ဘာအကြောင်းနဲ့မှ ဘာအကြောင်းနဲ့မှ --
ညက ညကို ပိပိရိရိ လှည့်စားသလို
ငါက င့ါကို ပိပိရိရိ လှည့်စားလိုက်ပါတယ်
အပျော်လွန်နေတဲ့ ဗန်ဒါရွက်တွေကတော့
ကတ္တရာလမ်းမပေါ်မှာ တလိမ့်လိမ့်နဲ့။ ။

၂၈ ဇူလိုင် ၂၀၁၇ ပုဇွန်တောင်မြို့နယ် ၂၀း၃၄ နာရီ

ပန်းနု​ရောင်​ ​ချောကလက်​နံ့မီးခိုးများ-ခိုင်သစ်

ပန်းနု​ရောင်​ ​ချောကလက်​နံ့မီးခိုးများ
--------------------------------------------ခိုင်သစ်

ကျ​နေတဲ့စိတ်
ဟ​နေတဲ့နာကျင်​မှုကိုကြယ်​သီးအပြည့်​တတ်​လိုက်​မှ
ပျော်​စရာ​တွေပြန်​ရ ​ပျော်​စရာမီးခိုး​တွေ
အလင်းတိုက်​ကြီးထဲမှာ နှလုံးသားရဲ့ ခတ်​ထားတဲ့​သော့တွေတွေပွင့်​ပြီ
နှစ်​​ပေါင်းနှစ်​ဆယ်​ဟာ​နောက်​ပြန်​ဆုပ်​ခွာသွားကြ
အိပ်​​ပျော်​ခဲ့ရ​သောနှစ်​များဆီက အိပ်​ယာထခဲ့တယ်
လေထဲမှာ​ချောကလက်​အနံ့​တွေ
အိပ်​​ရေးဝသွားတဲ့လူတ​ယောက်​ရဲ့အကြည်​ဓာတ်​ဟာ
သွေး​ကြောထဲမှာ​ရေတံခွန်

နေ့​ပေါင်းများစွာ​မီးလျှံ​များ ငါ့​ပေါ်​ပျော်​ပါးကခုန်​ကြ
နာကျင်​မှု​တိုင်းဟာ ​ငရဲ​​ပဲ
နာနာကျင်​ကျင်​ဖျား​ယောင်း​ပျော်​ရွှင်​ချိန်​များ
လှိုဏ်​ဂူထဲကတွယ်​ကပ်​​နေ​သော လင်းနို့တ​ကောင်​ရဲ့​နေ့လည်​ခင်းများ
အိပ်​မက်​တခုလိုကျန်​ခဲ့
ဗားရှင်းကအသစ်​ဖြစ်​လာပြီ
တမ်​ပိုကအမြင့်​ဆုံး​လွင်​တက်​သွားတာလူမသိသူမသိ
မိုးပျံပူ​ဖောင်းများရဲ့လွင့်​တက်​မှုထဲ
ငါအခု ကြယ်​​တွေကိုခူးလိုက်​ပြီ
လေမရှိတဲ့ငါ့တာယာအ​ဟောင်းကြီးထဲ​လေ​တွေပြည့်​လာပြီ
ငါ့အင်​ဂျင်​စလိုးဂျက်​​တွေမှန်​လာပြီ
စီးကရက်​တဖွာဟာသိပ်​​အဓိပ္ပါယ်​ရှိတယ်
ရေတစက်​ဟာခံတွင်းထဲ စမ်း​ချောင်း​လေးစီးဝင်​သလိုအထိ​တွေ့
သစ်​ရွက်​​လေးဖြုတ်​ခနဲ​ကြွေလိုက်​တဲ့အသံထိ ​ရောက်​လိုက်​ပြီ ကြည်​လင်​မှု
အကုန်​လှပါတယ်​ တ​လောကလုံးလှ​နေတဲ့အလှ
ငါ့အသက်​ရှူသံ​လေးလဲလှလှပပ ဘယ်​လို​ပြောင်းလဲမှု​တွေလဲ
သစ်​ပင်​​တွေတခုခု​ပြောရင်း ရယ်​​မော​နေတယ်
နေ​ရောင်​စူးစူးက ဓါတ်​ကြိုးများ​ပေါ်မှာခုန်​​နေတဲ့အသံထိ
ရောက်​လိုက်​ပြီ
ငါ့အသိစိတ်​မှာ​ရောက်​လိုက်​ပြီ
ရေခဲစိမ်​ထားတဲ့ကုတ်​ဗူး​လေးရဲ့​ပျော်​ရွှင်​မှုကို ထုတ်​ချင်း​ပေါက်​မြင်​တယ်
နေ​ရောင်​​ပူပူမှာမှာမျက်​ပင်​​တွေ ပြုံးပြီး​နေနိုင်​သလို​ပေါ့ ငါရတယ်
လောဘကြီးပြီး​ပျော်​ရွှင်​တတ်​တဲ့ပုရွက်​ဆိတ်​​လေး
ငါ့အ​ရေပြား​ပေါ်လမ်းမှားလာတာ ငါနားလည်​တယ်
ငါ့ကို သကြားလုံးလို့မမှတ်​ကြပါနဲ့
သကြားလုံးထက်​ပိုချိုနေ​အောင်
ဆဲလ်​အသစ်​​တွေကမ္ဘာကြီးကိုအ​ကောင်းမြင်​ဖို့
ခေါင်းထဲမှာသူ​တော်​စင်​ဆဲလ်​အသစ်​​တွေ

လမ်း​ဟောင်း​များ
လူ​ဟောင်းများ
သစ်​လွင်​​တောက်​ပ
HD အပြည့်​ ​ပျော်​ရွှင်​ဖွယ်​မြင်​ကွင်းကျယ်​ကြီး
ငါ​ပျော်​ရတယ်​ ကမ္ဘာ​မြေ
ပြုံးရွှင်​မှု​တွေ နှလုံးအိမ်​ဆီက အလျှင်​မပြတ်​ စက္ကန့်​မိနစ်​တိုင်း
မြုံ​နေတဲ့ငါ့ပန်းတို့ပွင်​ပြီ
ပိတ်​ထားတဲ့တံခါးတို့ပွင့်​ပြီ
ငါသိပ်​ချစ်​ရတဲ့ငါ့မိတ်​​ဆွေ​တွေရယ်​ ချစ်​ခင်​မှုဟာဆတိုးကိန်းတခုပါ
သိပ်​လှတဲ့​နေ့က​လေးထဲ အမြဲပြုံး​နေကြမယ်
ကျေးဇူး​တော်​အပြည့်​နဲ့
သစ်​ရွက်​​ကြွေ​လေးတိုင်းကို ပြုံးပြနိုင်​ပြီ
လူတိုင်းဟာ ကြည်​နူးစရာရှု​မျော်​ခင်း
လူတိုင်းလူတိုင်းရဲ့ဂီတကိုငါကြားရတယ်
ေ မွှး​နေတဲ့စိတ်​​တွေ ​ငေးငိုင်​​နေတဲ့မျက်​နှာ​တွေ​အောက်​မှာငါရတယ်
လောကကိုဂီတကခုန်​​စေလို့
ပျော်​ရွှင်​တတ်​တဲ့နတ်​တမန်​​တွေ စိတ်​ကိုဘာနဲ့ဖြန်း​ပေးတာလဲ
နေရာတိုင်းရဲ့ဥယျာဉ်​​တော်​ ငါ​လျှောက်​လည်​တယ်
ပျော်​ရွှင်​စိတ်​ကူးများ တရက်​​လေးအသက်​ရှင်​ရရင်​လဲ
ငါ​ကျေနပ်​ပြီ
ရာသီဥတုအပူဟာ ​အေး​နေတဲ့စိတ်​ကိုလိုက်​ပူနိုင်​ပါ့မလား
နွေ​လေညှင်း​လေးဖြတ်​တိုက်​သွားတိုင်း
အ​ရေပြား​တွေဆံစ​တွေကအစ ​ကျေနပ်​​နေတယ်
ဟောင်းနွမ်း​နေတဲ့စိတ်​အ​ဆောက်​အဦး​တွေ​ပေါ်
ဘုရားသခင်​ရဲ့​ကျေးဇူး​တော်​​ဆေးအသစ်​​တွေ
လာသုပ်​​ပေးသွားတာမဟုတ်​လား
ဟင်းလင်းပြင်​တခုလုံး ပန်းချီကား​တွေချိတ်​ထားတာ
ပန်း​တွေတဖွဲဖွဲကျလာတာငါမြင်​ရတယ်
ကမ္ဘာ​မြေ ကြီးဟာ ချစ်​​မေတ္တာ​တွေနဲ့ပြာလွင်​​နေ​သော ငါတို့အိမ်
သောကမရှိတဲ့​နေ့​ပေါ်ငါ စက်​ဘီး​လေးနဲ့ည​နေခင်းသချင်းနဲ့
အပြုံး​တွေနဲ့အိမ်​ပြန်​ခဲ့တယ်
ညဟာဂစ်​တာသံများအဖြစ်​ ငါတို့ ဆုံကြအုံးမယ်
သိပ်​​ပျော်​စရာ​ကောင်းတဲ့​နေဆိုတာ
တကယ်​ရှိခဲ့ပါတယ်​သူငယ်​ချင်း။ ။

ခိုင်​သစ်

စစ်ပွဲ-မင်းသိမ်းကြွယ်

စစ်ပွဲ
းးးးးးးးးးးးး မင်း သိမ်း ကြွယ်

လက်နက်ကိုင်မှမဟုတ်ပါဘူး
အချစ်ရယ်
နှလုံးသားချင်းဆိုတော့
အရော်အစားကကြီးလွန်းလှတယ်
ကိုယ်တို့အနာဂတ်တွေကို
ဆွေးမြေမကျခြင်ဘူး
အလံဖြူပြလိုက်တယ်
မင်းနဲ့ကိုယ်ကြားက
မငြိမ်းချမ်းသေးတဲ့
ငြိမ်းချမ်းရေးအတွက်။ ။


မင်း သိမ်း ကြွယ်

#ပွဲတော်-မနော်ဟရီ


ပွဲတော်
---------------မနော်ဟရီ

ပွဲတော်ရာသီမှာ ပျော်ရွှင်နေသူတွေကို ငေးကြည့်ပြီး
ကိုယ့်ပွဲတော်ကိုယ် စိတ်နဲ့ ဖြည်ကြည့်မိတယ်
ကိုယ့်လက်ဆောင်ထုပ်တွေဟာ ဗလာတွေအပြည့်နဲ့
မမြင်ရတဲ့ ဗလာတွေအားလုံးဟာ
မေတ္တာတရားတွေပါလို့ယုံကြည်ပစ်လိုက်သင့်သလား

ဝိုင်အနီတစ်ခွက်သာ ဖြစ်သင့်တဲ့ အနီရောင်ဟာ
သွေးတွေလို အစွန်းကြီးကြီးနဲ့ စွန်းပေနေခဲ့ကြ
တဖွဲဖွဲဆင်းကျလာပြီး သေဆုံးသွားရတဲ့ နှင်းတွေလို
အဖြူရောင်တွေ အတုန်းအရုန်းးးကျရှုံးပြီး
အနာဂါတ်ကတော့ အရှုံးကြီး ရှုံးလို့ ...
ဘုရားသခင်ဟာ ပွဲတော်ရာသီမှာ မွေးဖွားခဲ့တာလား
ပွဲတော်ရှာသူတွေရဲ့ အမည်ခံဖြစ်သွားခဲ့တာလား
တဝါးဝါးတဟားဟားသံတွေထဲ ပိတ်မိနေတဲ့ မျက်ရည်တွေ
ပြန်စရာလမ်းပျောက်နေတဲ့ အိမ်ပြေးလေးတွေ..
ဘဝတချို့ဟာ ပျော်စရာမကောင်းကြဘူး
မတော်တဆ ကျပျောက်သွားတဲ့ ချစ်ခြင်းမေတ္တာတရား
သကြားမပါတဲ့ ကော်ဖီတွေကို စွဲလန်းနေမိကြသလို
ခါးသက်နေတဲ့ နေ့ရက်တွေကိုခဲရာခဲဆစ်တွဲခိုထားကြရပြန်
ခဏငယ်တိုင်းဟာ ဒါဏ်ရာ ခဏငယ်တိုင်းဟာ ဝေဒနာ
မင်္ဂလာပါ အို .. အသင် .. လောကဓံတရားး
ကိုယ်ဟာ ဘုရားသခင်လိုပဲ ပွဲတော်ရာသီမှာမွေးဖွားခဲ့သူပါ
မပျော်ရွှင်ရတာကလွဲလို့အနာတရအားလုံးဟာဖြေသာစရာ
တငွေ့ငွေ့ပျောက်ဆုံးကုန်တဲ့ မေတ္တာတရား အတုတွေကိုငေးကြည့်
အသိတရားဟာ အကောင်းဆုံး သမားတော်ပါတဲ့လား
ဆေးကွဲနေတဲ့ ရယ်မောသံတွေကိုကြားလိုက်ရ...ခါးသက်စွာ
လက်ဆောင်ထုတ်ကြီးတွေ ထပ်ပြုတ်ကျလာဖို့
ကိုယ့် အိမ်ခေါင်မိုးမှာ မီးခိုးခေါင်းတိုင်တစ်ခုရှိမနေခဲ့ဘူး
တစ်ဘဝလုံး ခိုက်ခိုက်တုန်နေခဲ့လည်း
သွေးပူလေ့ကျင့်ခန်းတွေပဲ အားကိုးခဲ့ကြရ..
ကြမ္မာဆိုးတွေနဲ့ ယဉ်ပါးသည်ထက်ယဉ်ပါးလာခဲ့ …
ကိုယ်နဲ့မတော်တဲ့ဖိနပ်ကြီးတွေစီးပြီး ခရီးဆက်ခဲ့ကြရတာပါ
အရူးလွယ်အိတ်ဟာ ကမ္ဘာမကြေသီချင်းသံနဲ့သာ ကြီးပြင်းခဲ့ရ
ဒါဏ်ရာရစိတ်လေးတွေကို မေတ္တာတရားအကောင်းစားနဲ့သာ ကုသလိုခဲ့ပါတယ်
ခုတော့ လွယ်ကူခဲ့သောအရာအားလုံးဟာ တယောသံဆန်လွန်းနေခဲ့
ခက်ခဲသောကောင်းကင်ဘုံသို့သာ ပို့ဆောင်ပေးတော်မူပါ..
ကိုယ့်ကိုယ်ကို ထုပ်ပိုးဖို့ အပြာရောင် wrapping paper လှလှလေးရှာတယ်
အနီရောင် ဖဲကြိုးလှလှလေးနဲ့ ကိုယ့်ဘာသာ စည်းနှောင်လိုက်မိ ..
အမှောင်ကိုကျင့်သားရလာတဲ့အခါ ..
အစိမ်းရောင် ခရစ္စမတ်သစ်ပင်အောက်မှာ
သာသာယာယာလဲလျောင်းနေတဲ့အိပ်မက် ဆက်မက်လိုက်ကြမယ်
ပွဲတော်ရဲ့ အစွန်းနား ..
ပျော်ရွှင်သူတွေ ဖြတ်သန်းသွားကြတဲ့အခါ
မပျော်ရွှင်သူဟာ သူတို့မေ့လျော့နေတဲ့ လက်ဆောင်ထုတ်ထဲမှာ
ဘယ်ကမ္ဘာမှာမှ ဖွင့်မကြည့်မိကြပါစေနဲ့ ....

#မနော်ဟရီ
၂၄.၂၅.၂၆.၁၂.၂၀၁၆

ငါ​နေထိုင်​တဲ့တိုင်းပြည်​-ရင်ရိုး

ငါ​နေထိုင်​တဲ့တိုင်းပြည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။ရင်ရိုး

တစ်​​နေ့ဝင်​​ငွေ ​ဒေါ်လာတစ်​ရာရတဲ့တိုင်းပြည်​မှာ ငါ​နေထိုင်​တယ်
ငါတို့သမ္မတကြီးက ငါတို့ပြည်​သူ​တွေကို သိပ်​ချစ်​တယ်
ပြည်​သူတစ်​ဦးတစ်​​ယောက်​ အ​အေးမိနှာ​စေးတာကို​တောင်​ ဝမ်းနည်းတတ်​တဲ့သမ္မတကြီးပေါ့
ပြည်​တွင်းစစ်​​တွေ ကင်းစင်​ပြီး
တစ်​​ယောက်​ကိုတစ်​​ယောက်​ ချစ်​ခင်​ယုံကြည်​ကြတာများ အံ့သြဖို့​တောင်​​ကောင်းရဲ့
လူ​တွေ အမြဲပြုံး​ပျော်​​နေကြလို့
အပြုံးတိုင်းပြည်​ရယ်​လို့ ကမ္ဘ္ဘာမှာ​ကျော်​ကြားသတဲ့
"သင်​ စိတ်​ချမ်းသာချင်​သလား
စိတ်​ချမ်းသာချင်​ရင်​ အပြုံးတိုင်းပြည်​ကိုသွား"
ကမ္ဘ္ဘ္ဘာ့ခရီးသွားဝန်​​ဆောင်​မှုလုပ်​ငန်း​တွေက
အဲဒီလို ​ကြော်​ငြာ​ပေးကြတယ်
အစိုးရက လာဘ်​မစား၊ ဝန်​ထမ်း​တွေက အလုပ်​ကြိုးစား
သိပ်​ကို စာရိတ္တခိုင်​မာတဲ့နိုင်​ငံကြီး​ပေါ့
ပညာရည်​မြင့်​မားတဲ့နိုင်​ငံသား​တွေများ​တော့
ကိုယ်​သ​ဘောမတူတဲ့ အခြားသူ​တွေရဲ့အမြင်​​တွေအ​ပေါ်မှာလည်း ​လေး​လေးစားစားရှိကြတယ်
သည်းခံနိုင်​စွမ်း​တွေ အား​ကောင့်းကြတယ်
အ​ကြောက်​တရား​တွေကင်းပြီး ကိုယ့်​ကိုယ်​ကိုယ်​ ယုံကြည်​မှုအပြည့်​ရှိကြတယ်
ကိုယ်​သာလျှင်​ အရှင်​သခင်​ဆိုတဲ့မာန်​မျိုး၊
ဘယ်​နိုင်​ငံကိုသွားသွား "မြန်​မာ"ဆိုတာနဲ့ အထင်​ကြီးခြင်းခံရတဲ့လူမျိုး​ပေါ့
အလုပ်​အကိုင်​ အခွင့်​အလမ်း​တွေကများ လုပ်​အားခ​တွေကလည်း မြင့်​မား​တော့ အလုပ်​​တွေလည်းကြိုးစားကြတယ်
အားချိန်​ နားချိန်​မှာလည်း ​ကော်​ဖီကို စာဖတ်​ရင်း အရသာခံ​သောက်​ကြတယ်
ကော်​ဖီကို အရသာခံ​သောက်​ကြတယ်
ကော်​ဖီကို အ ရ သာ ခံ------------
------------------------------------------------------
ဟိုက်​ ----!
ခုံး​ကျော်​တံတား​အောက်​မှာ
ငါဘယ်​လို အိပ်​​ပျော်​သွားပါလိမ့်
ခွေး​လေ​ခွေးလွင့်​တစ်​​ကောင်
ငါ့မျက်​နှာကို လျှာနဲ့လျှက်​​နေပြီ ။ ။


ရင်ရိုး
၇၊ ၁၁၊ ၂၀၁၄

စိုင်းဝင်းမြင့် ကဗျာများစုစည်းမှု (၅၅)ပုဒ်

စိုင်းဝင်းမြင့် ကဗျာများစုစည်းမှု (၅၅)ပုဒ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟန်ပျက်ခြင်း
____________
ဆယ့်ခြောက် အဆင်နဲ့
ဘဝကို ရင်မခုန်ချင်လို့
နောက်တစ်ဖဲ ထပ်ဆွဲလိုက်ခါမှ
ဆယ်ဖဲက တက်လာ ။ ။
#စိုင်းဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ၊ နိုဝင်ဘာ ၊ ၁၉၉၇ ။
#မိသားစု
မိသားစု ဆိုတာ
တစ်ယောက် ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်း တိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်း ရှိတယ်
သံစုံမြည်တယ် ။
မိသားစု ဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်ဆယ်ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိ လူအကုန် ။
လဲကျသွားတဲ့ ငါ့အဖေ နေရာကို
ငါ့ညီလေး ဝင်ခဲ့တယ်
ယိုင်နဲ့သွားတဲ့ ငါ့အမေ နေရာကို
ငါ့ညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါ မမြင်ခဲ့ဘူး ။
ငါ့အတွေးအခေါ်က
သားသမီး ဆိုတာ သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု ။
ငါဟာ လမ်းပေါ်မှာ ကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ် ။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလုံခြုံတဲ့ထရံ
ငါ့ကြိုးကို တီးခတ်လိုက်တိုင်း သံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေးတစ်ပေါက် ရှိနေတယ် ဆိုလည်း
ငါပဲ ဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ချပ် ကျိုးပဲ့နေတယ် ဆိုလည်း
ငါပဲ ဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့မိသားစုပဲ
မဝင်တဲ့ ဂိုးတွေကို ငါ သွင်းခဲ့တာ ။ ။
#စိုင်းဝင်းမြင့်
၂၀၀၂ ။
#သင်ယူရမယ့်လမ်း
မင်း မျက်နှာကို မတွေ့ရတဲ့နေ့ဟာ
လမ်းမှားတော့တာပဲ
မင်းက နေနိုင်တယ်
ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောဘူး
အသေခံတယ် ။
မင်းဆီက ပျော်ရွှင်မှုကို မရတဲ့နေ့ဟာ
တစ်နေရာရာမှာ ပျက်ကျတော့တာပဲ ။
မင်းက
ဆယ့်ငါးမိနစ် တစ်ခါ
တကယ်ချစ်ရဲ့လား မေးပြီး
ငါးမိနစ် တစ်ခါ
‘ ပြန်မယ် ၊ ပြန်မယ် ’ ပြောလို့
ပျံသန်းခြင်း အတတ်ပညာကို
မင်းဆီက သင်ယူနေရတာ
ငါက မစဉ်းစားဘဲ အော်ဟစ်နေသူလား
မင်း ဘယ်တော့မှ မမှားဘူး ။
ငါ့ရဲ့ အမှားက တအားထက်လို့
ဘာမဆို ငါ့ကိုထိရင် ပြတ်လို့
စိတ်ရူးပေါက်ခဲ့စဉ် အခါက
ငါ့ဘက်က ဖြတ်စာလည်း ပေးခဲ့ဖူးတယ် ။
ငါ့အနားမှာ မင်း ရှိရုံနဲ့
မလုံလောက်သေးဘူး
ငါက လောဘအရမ်းကြီးတာပဲ
မင်းကို မရရင် ဘာမှမယူဘူး
ငါ တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ
မီးရှို့ဖို့
ငရဲဆီသွားတဲ့ လမ်းဆိုလည်း
မင်း နှုတ်ခမ်းတွေကို နမ်းချင်တယ်
ရေဝင်ပေါက်လေး တစ်ပေါက်နဲ့
သင်္ဘောကို မနစ်မြုပ်စေနဲ့
ဓာတ်တိုင်မှာ ဓာတ်ကြိုးတွေ ရှုပ်ထွေးနေပေမဲ့
သူ့သွေးနဲ့ သူ စီးဆင်းတယ်
မင်း သူငယ်ချင်းတွေကို
မင်း ပြောခဲ့တယ်ဆို
‘ ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူ
ကျွန်မတို့ ဝေးသွားတာ ’
‘ ကျွန်မတို့ ပြတ်သွားတာ မဟုတ်ဘူး
ကျွန်မတို့ ဝေးသွားတာ ’
ကျွန်မတို့ . . .
ကျွန်မတို့ . . . ။
ဇန်နဝါရီ ကုန်သွားတယ်
ဖေဖော်ဝါရီ ကုန်သွားတယ်
ဒီဇင်ဘာ ရောက်လာတယ်
ပြတင်းပေါက်တွေ ဖွင့်တယ်
တစ်နေ့တည်း
ရွက်ဆုတ်ပြက္ခဒိန်ကို လေးငါးရွက် ဖြဲပစ်တယ်
၂၀၀၁ ရောက်လာတယ်
၂၀၀၂ ရောက်လာတယ်
ဖွင့်ထားတဲ့ ပြတင်းပေါက်မှာ
ရောက်ရှိလာတော့လည်း အမှောင်
အသက်ရှိသူအဖြစ် ဟန်ဆောင်တွေ့ဆုံလို့
‘ ဒီမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရတာ ’
‘ ဟိုမှာလည်း ကျွန်မကိုယ် ကျွန်မ ထိန်းရမှာ ’
‘ ကျွန်မ ရန်ကုန် သွားမယ် ’
နင့်အဖေ မျက်နှာကို မြင်ချင်ရင်
နင့်မျက်နှာကို နင် မှန်ထဲပြန်ကြည့်
ရန်ကုန်ကို ဘာထင်နေသလဲ
လွယ်လွယ်နဲ့ အသက်ရှင်လို့ မရဘူး
ရန်ကုန်ဟာ စစ်မြေပြင် ။
ငါတို့က ဘဝနဲ့သာ တွေ့ခဲ့ရတာ ဆိုတော့
အရူးရူးသက်သက်နဲ့ စလို့မရဘူး
မင်းက ဝေးကွာခြင်းကို စတင်မယ် ဆိုရင်
ငါက ဝေးကွာခြင်းကို ချဲ့ထွင်မယ်
ပခုံးပေါ်က လက်ကို ဆွဲဖြုတ်ဖို့ စိတ်မကူးနဲ့
အဲဒီ ချောက်ကမ်းပါးက ကျရင် မပေါ်တော့ဘူး
မင်း ရှေ့မှာ ငါ ရပ်နေရင်း
မင်း အနောက်ကို ငါ ရောက်ရောက်သွားတာ မြင်ရ
မင်း လက်ကို ဆုပ်ကိုင်ထားရင်း
ဆုပ်ကိုင်ထားတဲ့လက် သွေးဆုတ်သွားတာ မြင်ရ
နှစ်ယောက်တည်းပဲ ရှိနေတာ
ပြောလက်စ စကားကို ဖြတ်ချလို့
မင်းက အမြဲတမ်း နောက်လှည့်လှည့် ကြည့်နေတော့တာပဲ ။
အခုတော့ လိုနေတဲ့ အရောင်တစ်ရောင်နဲ့
အချစ်က ဘယ်တော့မှ မပြီးတဲ့ ပန်းချီကား
စုတ်ချက်ဟာ ဘယ်နေရာမှာ အဆုံးသတ်မလဲ
ငါဟာ လမ်းများသူပါကွာ
ပြန်လည်တွေ့ဆုံမှုဟာ
တကယ် ချစ်ခဲ့တာ မဟုတ်ဘူး ငြင်းမလို့လား
ဘဝကို လောင်နေတဲ့မီးမှာ
မင်းက ဘယ်တော့မှ မစွဲလောင်ဘူး
အလင်းရောင်ကိုပဲ ယူတယ်
ငါ့အချစ်ကလည်း အသက်မစွန့်ရရင် မပျော်ရွှင်ဘူး
သေနေတဲ့ အပင်ကို ရှင်အောင်စိုက်တယ် ။ ။
#စိုင်းဝင်းမြင့်
၂၁ ၊ ၄ ၊ ၂၀၀၃ ။
ချယ်ရီ ၊ ဇူလိုင် ၊ ၂၀၀၃ ။
#သူစိမ်း
စိတ်ဘောင်ဘင်ခတ်ပေမဲ့
ရင်ဗလာ
ရင်ဘောင်ဘင်ခတ်ပေမဲ့
စိတ်ဗလာ ။
ငါ့ကိုယ်ငါ လုပ်ကြံတယ်
ငါ့လက်ထဲက ဓားကို ငါ ပြန်လုတယ်
နှစ်ခုစလုံး လွဲတယ် ။
တည့်တည့်တိုးမိတာက ခပ်ညံ့ညံ့ လက်ဖက်ရည်ဆိုင်
ရေနွေးကြမ်း တစ်အိုး ရတယ်
ဖက်ကြမ်း တစ်လိပ် ရတယ်
အလုပ်ကြမ်း တစ်ခု ရတယ်
အလွမ်းကြမ်းကြမ်း တစ်ခြမ်း ရတယ် ။
ရင်ပြည့် စိတ်ပြည့်ပဲ
ကိုယ်နဲ့ မတော်တဲ့ မနက်ခင်း လှုပ်ခတ်နေလိုက်တာ
ငါ ငေးယူခဲ့ပုံကလည်း
ငါ ပြုခဲ့ဖူးတဲ့ ကုသိုလ် အကုန်ပဲ ။ ။
#စိုင်းဝင်းမြင့်
ရနံ့သစ် ၊ ဇန်နဝါရီ ၊ ၂၀၀၀ ။
#သူစိမ်း_
ငါ အိမ်ပြန်လာတော့
ငါ မရှိတုန်း မွေးထားတဲ့ ခွေးက
ငါ့ကို ဟောင်တယ် ။
ငါ့အိမ်သုံး ရုပ်ပစ္စည်းတွေ
ငါ့ကို စိမ်းလို့
ငါ သိမ်းခဲ့တဲ့ စာအုပ်တွေလည်း
မရှိတော့ဘူး ။
အဖေ့ကို ငါ စစ်ဖြစ်ခဲ့တာက
ပြီးခဲ့တဲ့ ၇ နှစ်
ငါ့စိတ်တွေ ပေတေ လေလွင့်
ဒုက္ခတွေ တသွင်သွင် ပွင့်တယ် ။
ငါ့ရင် ငါ ဖွင့်ကြည့်တော့လည်း
နှလုံး ခုန်တစ်ချက် မခုန်တစ်ချက်
အသက်ရှုတစ်ချက် မရှုတစ်ချက်
ငါ အိမ်ပြန်ခဲ့တယ်
ငါ့အသက်ကို ငါ မမီတော့ဘူး ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၂
မနက်ခင်းက
အော်ကြီးဟစ်ကျယ်နဲ့ စတယ်
အိပ်ရေးမဝဘဲ အိပ်ရာက
ထတယ် ။
ရှေ့မှာ
ဝရန်တာ
ဝရန်တာ ရှေ့မှာ
ဓာတ်ကြိုး
ငါ့စိတ်တွေ အစိုးမရချင်ဘူး
လက်တစ်ကမ်း စိတ်တစ်ကမ်းသာ ကွာရဲ့ ။
စွတ်စိုထိုင်းမှိုင်းတဲ့ ကမ္ဘာကြီး
ငါ့ကို ငြီးငွေ့သွားအောင် ဖွဲ့နွဲ့တယ်
အပျောက်အရှ များတယ်
အသွေးအသား များတယ် ။
ငါ အရက် မသောက်ဘူး
ငါ ဆေးလိပ် မသောက်ဘူး
ရူးများရူးနေသလားပဲ
ကွမ်းလည်း မစားဘူး ။
နေ့ရှိသမျှ ကြားရတဲ့ ပြန်ဆိုတေး
ငါ ဘေးမတွေ့လို
ပျိုရွယ်သူ တစ်ယောက်ရဲ့ အိမ်ပြန်ခရီး
ညကြီးပိုင်းကား တွယ်စီးခဲ့တယ် ။ ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၃
မနက် မိုးလင်းတာနဲ့
ကိုယ့်အသက်ကို ကိုယ် ပြန်စမ်းနေရ ။
လက်ဖက်ရည် တစ်ခွက်ရဖို့
ကိုယ့်ကြမ်းတမ်းမှုကို ပြရ
စားပွဲထိုးက ခေါ်မကြား အော်မကြား
‘ ဟေ့ကောင် . . .
ဒီမှာ မီးသေနေပြီ ’
ဘဝသေ တစ်ခု မျက်နှာသေ တစ်ခု
လင်စိတ် သားစိတ် ကုန်ခန်းနေလေရဲ့
ငါ့တုန်လှုပ်ချောက်ချားမှုကို
ဖောက်ခွဲပစ်လိုက်တယ် ။
လမ်းဘေး စာတိုက်ပုံးနဲ့
လမ်းဘေး ခွေးခြေတစ်လုံး
ငေါင်စင်းစင်း မျက်နှာချင်းဆိုင်
အခုထိ စာတစ်စောင်မှ မထည့်နိုင်သေး ။
ပြန်ဆိုတေး မဖြစ်တဲ့ နေ့တစ်နေ့ဟာ
သီချင်းအသစ်လည်း မဖြစ်
ချစ်မေတ္တာမဲ့ တစ်နံတစ်လျားမှာ
အသံ ဆိုတာလည်း မရှိတော့ပြီ ။ ။
#စိုင်းဝင်းမြင့်
သရဖူ ၊ မတ် ၊ ၂၀၀၁ ။
#သူစိမ်း_၎
နေမပွင့်ခင် ပွင့်မိတဲ့စိတ်ကူး
နေပွင့်တော့ နောက်ဖေးက ချောင်းထဲ မျှောချခဲ့ရတယ် ။
အိမ်ဘေးက မြေအလွတ်မှာ
ဘာအပင်မှ မစိုက်မိခဲ့တဲ့ လူလွတ်တစ်ယောက်
အိမ်အမိုးကောင်းကင် အလွတ်မှာလည်း
စွန်တစ်ကောင်မှ လွှတ်မတင်နိုင်ခဲ့ဘူး ။
အနုပညာကို ခူးဆွတ်နေရတာက
တစ်ပူး ကင်းပူးလေးနဲ့ ရူးသွပ်နေရသလို
အိုင်နေတဲ့ ရေ ပက်ထုတ်ရဦးမယ်
နင်နေတဲ့ မီး ဟပ်ထုတ်ရဦးမယ် ။
ရွာလမ်းမ အဆုံးမှာ
ခြေထောက်တွေ မဆုံးနိုင်ခဲ့တော့
ရေမျောကမ်းတင် ခုတ်သားတစ်စ
ငါ့ရဲ့ညက သယ်လာတယ် ။ ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၅
ရာသီဥတုက
အိမ်အပြင်မှာ တစ်ခု
အိမ်ထဲမှာ တစ်ခု
ငါ့ရဲ့ လူ့အဖြစ်ကို
အမှုဖွင့်လိုက်တာ ဘယ်သူလဲ
မပြီးနိုင် မစီးနိုင် ငြီးစီစီရှည်လျား
ငါ့ခြေတစ်လှမ်းဟာ
ငါ့အိမ်နဲ့ ဝေးရာ
နောက်ထပ် ငါ့ခြေလှမ်းများ
ငါ့ဘဝနဲ့ ဝေးရာများ ။ ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၆
အမေနဲ့သား
စကားမပြတ်ဘူး
လျှပ်စီးရောင် တလက်လက်
အသံပေးတယ် ။
ဘဝနဲ့ဝေးရာ ငေးမိသူ
ဘဝနဲ့ဝေးရာ ပြေးမိသူ
လွမ်းပေါ့
ရင်ပြည့်ရင်လျှံ
ဝန်တင် ၂ တန်
လူစီး ၂၆ ဦး
ချစ်မေတ္တာ အပြာကြီး
ရသမျှ အငမ်းမရ
ဆွတ်ဆွတ်ယူသွားပုံလေးကိုပဲ
အမေ့မှာ တရိပ်ရိပ် တရေးရေး
ရပ်ငေး ကျန်ရစ်တယ် ။ ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၇
ညနေ ငြိမ်းတာတောင်
စိတ်က မငြိမ်းသေးဘူး ။
ကိုယ့်ခေါင်းပေါ်က တိမ်တစ်စ
ဘယ်သွားရမှန်း မသိဘူးလား ။
အသက်အချိတ်အဆက်မှာ
ကိုယ့်အရိပ်က လခြမ်း ထမ်းထားရသေး ။
အလွမ်းအဆွေးများနဲ့ ဆည်းဆာ
ခရီးအကွာအဝေးကို တွက်ချက်မိပြန်တယ် ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၈
ရုတ်တရက်
မီးပြတ်သွားတော့
အမှောင်ထဲမှာ တိုးမိ တိုက်မိ
ကိုယ့်အိမ်မှာ
ဘယ်နေရာ ဘာရှိမှန်း မသိဘူး ။
မီးခြစ်ကို စမ်းမိတော့
စိတ်ကူးတစ်ချက် ပွင့်သွားတယ်
ရေစိုဖယောင်းတိုင် အတိုလေး
တဖျစ်ဖျစ် ထမြည်တယ် ။
ညဟာ
သွေးနဲ့ကိုယ် သားနဲ့ကိုယ်
တစ်ခုခုလိုတာ အမှန်ပဲ
အာရုံမှားတော့မယ် ။ ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၉
ရာသီဥတုက
ငါ့အသက်ကို လုတယ် ။
ငါ့မှာ
ရင်ဘတ် ဓားတန်းလန်းကြီးနဲ့
ဘဝနဲ့ဝေးရာ ငေးငေးနေရ
ဘဝနဲ့ဝေးရာ လွမ်းလွမ်းနေရ ။
ငါ့ကိုရတဲ့ အနုပညာ ကြမ်းရှရှမှာ
ငါ့အသား မည်းရ
ငါ့ဖိနပ် ပါးရ
ငါ့အဆုတ် နာရ ။
အဆင်မပြေတဲ့ သူငယ်ချင်းက
ငါ့ဆီ လာတယ် ။
အဆင်ပြေတဲ့ သူငယ်ချင်းဆီ
ငါက သွားတယ် ။
ငါ သောက်တဲ့ လက်ဖက်ရည်
စားပွဲထိုး အလွတ်မရဘူး ။
ငါ မသောက်တဲ့ ‘ ပြန်ဆိုတေး ’
ဆိုင်ရှင် အလွတ်မရဘူး ။
မနေ့က
နေ့သွင်းပြည့်တယ်
မွေးနေ့ဆိုလား
ငါ မတွေ့ချင်ယောင်ဆောင်ခဲ့တာ ။ ။
#စိုင်းဝင်းမြင့်
ရနံ့သစ် ၊ စက်တင်ဘာ ၊ ၂၀၀၀ ။
#သူစိမ်း_၁၀
တစ်ယောက်ယောက်ကို စောင့်နေရတာထက်စာရင်
တစ်ယောက်ယောက်ဆီ သွားလိုက်ရတာ
ပိုအဓိပ္ပာယ် ရှိမယ် ။
တစ်မနက်ခင်းလုံး
ကျလာတဲ့ စိတ်ကူးတွေကလည်း
အကျိုးအပဲ့
တစ်နေ့ခင်းလုံး
လေးလံမိသမျှကလည်း
အခေါ်အပြော မရှိ
ညနေဆိုရင်
အလွမ်းက တောရောက်တောင်ရောက် ဖြစ်ဦးမယ် ။
လက်ဖက်ရည် တစ်ခွက်နဲ့
အသက်ကို မျှသောက်ခဲ့တဲ့
သူငယ်ချင်း တစ်ယောက်ကိုလည်း
ဒီလိုနေ့မျိုးမှ ပိုထိခိုက်ရ
တိုက်ခတ်နေတဲ့ လေထဲ ပါသွားလိုက်တာ
အခုဆိုရင်
နွားဆေးလိပ်လေး ဖွာနေမှာပဲ ။
တစ်ရက်နောက်ကျခဲ့သော ကိုယ့်သတင်း
ရပ်ဝေးမြေခြား သူငယ်ချင်းများ
ကိုယ် ကျသွားတဲ့ အသားရည်က
သူတို့လက်မှာ အသားမာတက်
ကိုယ် တင်ဆက်ခဲ့တဲ့ ဒီတစ်နှစ်လုံးမှာ
သူတို့ မေတ္တာတရားက အလွမ်းဆုံးလား
သစ်ရိပ် တောရိပ်
အိပ်တန်းပြန် ငှက်ကလေးတောင်
သူ့စိတ်နဲ့ စွဲလောင်
ဒီမှာ အလေအလွင့် အဖိတ်အစင် တစ်ယောက်
ငါ့ကျန်းမာရေး မကောင်းကြောင်း
ပြောရမလား မှတ်တယ်
သူ့မှာ အသက်တောင် ပါမလာဘူး ။
ညရောက်ရင်
အိပ်စရာ တစ်နေရာရာ ရဖို့ရယ်
ဖတ်စရာ စာအုပ်တစ်အုပ်အုပ် ဖြစ်နေဖို့ရယ်
ရောက်တဲ့နေရာက
တစ်ယောက်ကို တစ်ယောက်
ဆုတောင်းရမှာပဲ ။
ဖြတ်သွား ဖြတ်လာ
သရုပ်ဖော် တစ်ခုမှာလည်း
မရခဲ့သော ဘဝတစ်ခု ထည့်မွှေးမိ
ဒီတစ်နေ့လည်း ကိုယ့်အသက်ကို
ဒီမိန်းကလေးက ကယ်လိုက်ပြန်ပြီ ။ ။
#စိုင်းဝင်းမြင့်
စတိုင်သစ် ၊ မေ ၊ ၂၀၁၁ ။
#သူစိမ်း_၁၁
ဟိုဘက်နားက ဝင်လာတဲ့ တရားက
ဒီဘက်နားက ထွက်သွားတယ် ။
ငါဟာ ဘယ်လို သန္ဓေမျိုးလဲ
အဆွဲမခံတဲ့ ဖဲချပ်လို အဆဲမခံခဲ့ ။
လူတစ်ယောက်ဟာ တွက်နည်းတစ်ခု ဆိုရင်
ငါဟာ တွက်နည်းတစ်ခု
ခုတော့
ငါ့စိတ် လူမိပြီ ။
လမ်းဘေး စာအုပ်ပုံထဲ
စာအုပ်ဟောင်းတစ်အုပ် ပစ်ထည့်လိုက်သလို
င့ါအဆင်မပြေမှုကို
ဈေးဖြတ်ပစ်ထည့်လိုက်ရမလား ။
လက်ဖက်ရည်စားပွဲ ဓားစိုက်
ပျဉ်းကတိုးသားထဲ ရိုက်သွင်းမိတဲ့သံ
လက်ဖျံနဲ့အတူ သေရာပါမယ့်ရဲစိတ်
ငါ့ကိစ္စမှာ နောက်တစ်ယောက် မရှိဘူး ။
လွမ်းတတ် ဆွေးတတ်တာ
လူမှား ဓားခုတ်ခံရတာပေါ့
ငါဟာ ဂစ်တာတစ်လက်
C Am F G . . . က ဆက်မယ် ။ ။
#စိုင်းဝင်းမြင့်
ရယ်စရာ ၊ ဇွန် ၊ ၂၀၀၁ ။
#သူစိမ်း_၁၂
လူလူချင်း ထိခတ်ရုံဖြင့်
အပျော်ကူးစက်ပါ့မလား ။
မြင့်တက်သွားတဲ့ ချားရဟတ် တစ်ခုလို
ငြီးငွေ့မှုက တစ်ပတ်ပြန်ကျပေါ့ ။
မင်း မဖြတ်ခဲ့တဲ့ ပွဲတော်လက်မှတ်ထက်စာရင်
နောက်ထပ် သူစိမ်းတစ်ပုဒ်က အသက်ဝင်မယ် ။
ငါလေ
ဝင်နေတဲ့ အဖျားသွေးနဲ့ လူအပြတ်ဆုံး လမ်းကလေး
အလွမ်းအဆွေးဖြင့် ရွေးလျှောက်ခဲ့တယ် ။ ။
#စိုင်းဝင်းမြင့်
၂၀၀၁ ။
#သူစိမ်း_၁၃
သူ့စာအုပ်စင်ကလေးမှာ
စာတစ်စောင်မှ မထားခဲ့ဘူး ။
သူ့နံရံမှာ
ဘာတစ်ခုမှ မရေးခဲ့ဘူး ။
သူ ဘယ်မှာလဲလို့ တစ်စုံတစ်ယောက်က မေးတဲ့အခါ
မနေ့ကလား တစ်နေ့ကလား
လွန်ခဲ့တဲ့ ရာစုတစ်ခုကလား
သုတ်တီးသုတ်ပျာ ဆံပင်စုတ်ဖွားနဲ့ တွေ့တာပဲလို့
တစ်စုံတစ်ယောက်က ဆိုချင်ဆိုမယ် ။
သူဟာ ဒီလိုပဲ ပျောက်ပျောက်သွားတတ်တယ် ။
အလွမ်းသင့်ရာ အသက်ပွင့်တတ်တယ်
အဝတ်တစ်ထည် ကိုယ်တစ်ခုဟာ
သူ့အနုပညာလား
သူစိမ်း အခန်းဆက်ဟာ
သူ့အသက်ရှုသံလား
ဒီနေ့မှာတော့ သူဟာ စာမလာ သတင်းမကြားပေါ့ ။ ။
#စိုင်းဝင်းမြင့်
၁၀ ၊ ၁ ၊ ၀၁ ။
ချယ်ရီ ၊ မတ် ၊ ၂၀၀၂ ။
#သူစိမ်း_၁၄
ခြင်ထောင်ကြိုး ဖြည်ချရင်း
လူတစ်ယောက် ဘယ်လို ဖြည်ချရမယ် ဆိုတာ
ရေကျတော့မယ် ဆိုတဲ့ အတွေးနဲ့
အိမ်တံစက်မြိတ်ရောက်အောင် တိုးလာတဲ့သွေးနဲ့ ။
နေ့လယ်နေ့ခင်း
ကိုယ့်အရိပ်ကိုပဲ ကိုယ် ပြန်နင်းမိတယ်
ငါ့ခြေထောက်တွေကလည်း
လျှောက်မယ် ဆိုတာချည်းပဲ ။
ဆံပင်တွေနဲ့ ရှို့လို့
တစ်မြို့လုံး ကူးစက်
မျက်ရည်လက်မှတ် ဘယ်လို ဖြတ်လိုက်ရမယ်
အသက်ဇီဝ ဘယ်နေရာက စလိုက်ရမယ် ။
ဘယ်လို
အဆက်အစပ် ရှိသလဲ ဆိုတော့
ဘဝတစ်ပါး နေကြာပန်းများနဲ့
တုန်ယင်မှုဟာ ငယ်နာမည် ။ ။
#စိုင်းဝင်းမြင့်
#သူစိမ်း_၁၅
နေ့တစ်နေ့ကို အဆုံးထိ မမြင်နိုင်တာက
မနက်ခင်း နှင်းတွေ
အသက်ရှင်ခြင်းကိုသာ ငါ ဖွဲ့ဆိုသင့်တယ်
ငါ အသက်မရှိဘူး ။
ကားမှတ်တိုင်မှာ
ငါ အကြာကြီး ရပ်တယ်
ယောင်တိယောင်န
ဘယ်ကို သွားရမယ် မသိဘူး ။
ငါ တစ်ယောက်တည်း
လက်ဖက်ရည်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင် ထိုင်တယ်
ငါ မသောက်တဲ့ စီးကရက် အငွေ့တွေကိုပဲ ရတယ်
တစ်နေ့လုံး
အစိတ်စိတ် အမြွာမြွာ
မြို့ရဲ့ လမ်းတွေကို ငါ လျှောက်တယ်
ငါ ဘယ်မှမရောက်ဘူး ။
ငါ့ကို မြင်တော့
ငါ့သူငယ်ချင်းတွေက
ငါ ပျော်ရွှင်တယ်လို့ ထင်တယ် ။
ငါ့မှာ ကြွေစရာ သစ်ရွက်တွေ မရှိတော့ဘူး ။
ငါ စာအုပ်တွေအကြောင်း ပြောတယ်
ငါ သီချင်းတွေအကြောင်း ပြောတယ်
ငါ့ရဲ့စိတ္တဇကိုတော့
ငါ ဘယ်သူ့မှ မပြဘူး ။
ခေတ်တစ်ခေတ်ဟာ ရွေ့လျားနေတယ်
တစ်နေ့ပြီးတော့ နောက်တစ်နေ့
ဘဝက တစ်ခုတည်း
ငါ့အဖေက ငါ့ကို လူမှုရေးအကြောင်း တွေးဖို့ပြောတယ်
ငါ တွေးကြည့်တယ်
ငါ တွေးကြည့်တော့ ငါ မရှိတော့ဘူး ။ ။
#စိုင်းဝင်းမြင့်
#ဂီတ
တစ်ညနေခင်းလုံး
လွမ်းဆွတ် ငေးဆွတ်မှ
ဖျတ်ခနဲ အရိပ်ကလေး
ဒင်းက ပေးတယ်
ငါ့စိတ်ကို ဖောက်ထုတ်ပစ်လိုက်တဲ့ ပြတင်းပေါက်လေ
တစ်ဖက်မှာ
တရိပ်ရိပ် မိုးသားများ
တစ်ဖက်မှာ
အစိပ်စိပ် အမြွာမြွာ အနမ်းများ
အသံပေးခဲ့တာ မဟုတ်ဘူး
သွေးသံတရဲရဲ ချစ်သူနှစ်ဦး
ညတစ်ညရဲ့ အစမှာ တစ်ဘဝစီ
ပြိုင်တူကျွမ်းမိပုံကိုက
အသံထွက်နေတာ ။ ။
#စိုင်းဝင်းမြင့်
#ဂီတ_၂
ဟိုဘက်ကမ်း ဒီဘက်ကမ်း
ကိုယ့်အလွမ်းနဲ့ တံတားထိုးထားတယ် ။
ဓာတ်ပုံထဲက အင်္ကျီလက်တစ်စ
တဖျပ်ဖျပ်ခါ
ဖြတ်ပျံသွားတဲ့ ငှက်တစ်ကောင်မှာ
မင်း လောင်ကျွမ်းမှု အတောင်ပံ တပ်လိုက် ။
အမည်ပေးမထား
၃၆၅ ရက် အသေ
ပင်လယ်အငွေ့အသက်
နာရီစက် တမြည့်မြည့် လှိုက်စား
ရွှေဖြစ်သွားအောင် အလှမ်းဝေး နေတာလား
မျက်နှာပေါ် မလွတ်တမ်း ဖြတ်ထိုးနေတဲ့ နေရောင်နဲ့
ငါ လာခဲ့တော့မယ် ။ ။
#စိုင်းဝင်းမြင့်
စတိုင်သစ် ၊ မတ် ၊ ၂၀၀၁ ။
#ဂီတ_၃
ဒီလို ညနေခင်းမှာ
မင်း နာမည်လေး သိခဲ့သူ ဆိုရင်လည်း
သြော် . . . ဘယ်သူရယ်လို့
ငါလေ ရွတ်ဆိုမိဦးမယ်
သစ်တစ်ပင်မှာ
ချစ်ခြင်းကို ထွင်းမိဦးမယ် ။
ဒီလို ညနေခင်းမှာ
မင်းသာ အဝေးပြေး တွေးတတ်မယ် ဆိုရင်ပေါ့
ငါဟာ တမြည့်မြည့် အောက်မေ့ခြင်း စွန်တစ်ကောင်
မင်း ဆောင်ထားတဲ့ ဓားမှာ စွဲလောင်လို့
မင်းတို့ မြို့လေးမှာလည်း
ကိုယ့်အကြောင်း ဖွင့်ပြောမယ် ဆိုတဲ့ တိမ်တစ်စ . . .
လူတိုင်း အလွတ်ရကြမှာပဲ ။
#စိုင်းဝင်းမြင့်
#ဂီတ_၎
‘ ရေမကူးတတ်သူဟာ
ကျောက်တုံးပေါ့ . . . ’
သူ့အသံနဲ့ ရေချိုးဆိပ် တံတားလေး
သက်တံ ညွှတ်ကွေးလို့ ။
မြစ်ထဲ
ကျဲကျနေတဲ့ နေရောင်က
တလက်လက် ကူးခတ်
ကမ်းစပ်ကုက္ကိုလ်ပင်နဲ့ ကိုယ့်အရိပ်မှာ
ရင်ထဲ
ထိတ်ထိတ်ပျာပျာ ။
အသားခုတ်တဲ့ နေရာကို
စွန်က သိတယ်
အဝေးက ငါးမန်း ရောက်ရှိလာတာ
မေတ္တာတရား သွေးစို့နေလို့ပေါ့ ။
ခန္ဓာကိုယ်ကို အပျက်ရှုတော့လည်း
ငုဝါပန်းလေးတွေပဲ ပွင့်တယ်
မနက်လင်းရင် ကိုယ်တို့ သတင်းက
တစ်ရပ်ကွက်လုံး ပျံ့နေတော့မှာပဲ ။
ဘာကြောင့်
အရှိန်နဲ့ ပြင်းပြနေသလဲ ဆိုတော့
မျက်ရည်မှာ အဖြေ မရှိဘူး ။
ချွတ်ထားရတဲ့ ဖိနပ်လေးသာ
တွန့်လိမ် ကော့ပျံ နေပေါ့ကွယ် ။
#စိုင်းဝင်းမြင့်
ချယ်ရီ ၊ သြဂုတ် ၊ ၂၀၀၁ ။
#ဂီတ_၅
မမြင်ရတဲ့ တစ်ယောက်က
သွေးကြောထဲ ရောက်တယ် ။
မြင်ရတဲ့ တစ်ယောက်က
ငါ့သွေးနဲ့ ဝေးရာ ရောက်တယ် ။
စိတ်နဲ့ ထိခတ်သမျှ ရွှေ ဖြစ်ပြီး
ရွှေနဲ့ ထိခတ်မယ့် လက်က ပြတ်နေတယ် ။
ငါ့ခန္ဓာကိုယ်က ပဲ့ထွက်သွားတဲ့ အလွမ်းက
ငါ့ကို အလင်းပြန်တယ်
မင်း ခန္ဓာကိုယ်က ပဲ့ထွက်လာတဲ့ အနမ်းက
ငါ့ကို တွင်းနက်လွန်းတယ် ။
အသံမှုန် အသံစ ပြာကျတိတ်ဆိတ်
မင်း စကြာဝဠာ အိပ်စက်ခဲ့ပေမဲ့
ငါ့သွေး မတိတ်ခဲ့ဘူး ။
ငါ့စိတ်ကို ငါ မွှေးခဲ့တယ် ။
ဒီမှာ
လက်က လက်ကို ဆက်မရတော့ဘူး ။
စိတ်က စိတ်ကို ကုမရတော့ဘူး ။ ။
#စိုင်းဝင်းမြင့်
ချယ်ရီ ၊ ဒီဇင်ဘာ ၊ ၂၀၀၁ ။
#ဂီတ_၆
အဖြေ မရှိခြင်းက
အိမ်တံစက်မြိတ်မှာ ထိုးကျနေတဲ့ ရေတံခွန် ။
ဒီတစ်နေ့တော့ဖြင့်
အကုန်လွှတ်ချထားလိုက် ။
ချစ်ခြင်းမေတ္တာ ဆိုတာ
အချက်အလက်ကို လိုချင်တာ မဟုတ်ဘူး
အရေးအသားကို လိုချင်တာ ။
အဖြူစွန်းတာလည်း စွန်းပေတာပဲ
နှလုံးသားကလည်း သေစကား သိပ်ပြောတာပဲ ။ ။
#စိုင်းဝင်းမြင့်
#ဂီတ_၇
ကိုယ်က လင်းနေရင်
မင်းက အမှောင်ကျလို့ . . .
မမြင်ရတဲ့ တစ်ဖက်ကိုပဲ
ငါ တွေးမိတယ် ။
ချစ်ခြင်းမေတ္တာ ဆိုတာ
လျှပ်ကူးတဲ့ အလွှာ
တစ်ယောက်တည်း စကားပြောမိလို့လား
ရူးသွပ်ခြင်းရဲ့ လက္ခဏာ
သစ်ပင်ဝါးပင်လေးတွေတောင်မှ
လှုပ်ခတ် အသက်ဝင်ချင်တော့တာပဲ ။ ။
#စိုင်းဝင်းမြင့်
#ဂီတ_၈
အိပ်တန်းပြန် ငှက်တစ်အုပ်က
ကိုယ့်အသက်ကို နှုတ်ယူတော့မယ် ။
ရုတ်ခြည်းပဲ ကျန်ခဲ့ရသူ ကိုယ့်မှာ
ဝင်နေတဲ့ နေကို ကျောပေးလိုက်ရ ။
ချည်ချော် တစ်စလို
ထစ်အခဲ့တဲ့ ချစ်ခြင်းမေတ္တာ
ထမီခါ ဖုန်ခါ ထွက်ခွာသွားတဲ့
တစ်ခါတုန်းက သူမ မျက်နှာ ။
ကိုယ့်မှာ
စိတ်တစ်စ ဘဝတစ်စ
လွှတ်ချမိတဲ့ အလွမ်းက
ဖျပ်ဖျပ်လူး
လွှတ်တင်မိတဲ့ စွန်က
လေမိ
မြစ်ထဲမှာလည်း
လှေနဲ့ ရေနဲ့ ငြိနေမယ် ။
အချစ်ရယ် . . .
ကိုယ့်အသံကိုမှ
ကိုယ် ပြန်မစမ်းနိုင်တော့
ကိုယ့်စိတ် မြေမခအောင်
ကိုယ့်ခြေနဲ့ တော့တော့ပေးနေရပေါ့ကွယ် ။ ။
#စိုင်းဝင်းမြင့်
#အဆွေးများ
မီးခိုးတွေ ထိုးတက်လာပြီဆိုရင်
နှလုံးသားရှိရာ မြို့ရွာကပဲ ။
ကွယ်လွန်ခြင်း သတင်းဟာ
တယ်လီဖုန်း ဘယ်လောက်စုတ်စုတ်
လှမ်းဆက်လိုက်တာနဲ့ တန်းဝင်တော့တာပဲ ။
ရင်ထဲ
အကွက်ဆင်ထားတဲ့ မိုးသားတွေ
ကမ်းက ခွာတာနဲ့
နစ်မြုပ်သွားမယ့် ရွက်လှေ ။
သံတုံးသံခဲတွေ မသုံးစွဲချင်ဘူး
လင်းနို့အတောင်ပံတွေ ကမ္ဘာကြီးထဲ ပြန်မလာဘူး
နေရောင်ခြည် ဓားပေါက်သမားတစ်ယောက်
မှောက်ဖဲတွေ ဆွဲလှန်ပစ်လိုက်တယ် ။ ။
#စိုင်းဝင်းမြင့်
၃ ၊ ၉ ၊ ၂၀၀၂ ။
#ဖြစ်ဖဲ
တကယ်ကောင်းတဲ့ ကဗျာ
တစ်ကြောင်းတည်းနဲ့ ပြီးခဲ့တယ်
' မောင်ချောနွယ် ' ။ ။
#စိုင်းဝင်းမြင့်
၂၉ ၊ ၆ ၊ ၂၀၀၃ ။
#နားနားပြီးပြော
ဘာမှန်းမသိတဲ့ အရာတွေနဲ့
ဘယ်မှမရောက်တဲ့ လမ်းတွေနဲ့
ကျွန်တော် ယူထားတဲ့ ယာဉ်ကြောက
ဘယ်တော့မှ မမောဘူး ။
ဘယ်တော့မှ မကျေဘူးဆိုတဲ့ အကြွေးကို
မသေမချင်း ဆပ်လို့
ဘယ်တော့မှ မသေဘူးဆိုတဲ့ ကဗျာကို
အညံ့ခံ ရေးလို့
အိမ်ပြန်ခဲ့တယ် ဆိုတာလည်း
အရာရာ အားလုံးနဲ့ လွဲလို့ ။
တစ်ခုနဲ့တစ်ခု
ရှေ့ဆက်ဖို့ ဆက်သွယ်ထားတာလည်း
တေ့ဆက်
မီးနီက အနုတ်လက္ခဏာကို သုညအထိ ပြတယ်
လမ်းမှာ တွေ့တာဆိုတော့
ခေါင်းထဲ မရောက်ဘူး ။
ပြန်လမ်းမရှိတဲ့ နေရောင်မှာ
တို့နှစ်ယောက် ဝေးကွာနေတာလည်း ငွေကြေးတစ်ခုတည်း
ဒီအကြောင်းကို စကားစမိတော့
ကောင်မလေးက ' အဲဒါဘယ်နှနှစ်ရှိပြီလဲ '
ကျွန်တော်က ' အရင်ဘဝက အဆက်တွေ ' ။ ။
#စိုင်းဝင်းမြင့်
၂၆ ၊ ၆ ၊ ၂၀၀၃ ။
#နားနားပြီးပြော_၂
ရေ ဝယ်ဖြည့်ရတယ်
မီး ဝယ်သုံးရတယ်
အသေးအဖွဲလေးတွေက အစ
တစ်စချင်း တစ်ခုချင်း
အသေးစိတ် တွက်ချက်ရတယ်
အသုံးတည့်မလား မတည့်လား
တစ်ခါတည်း စဉ်းစား
ဘုရားပန်းက အစ
ကြာကြာခံဖို့
ဘတ်စ်ကားခရီးစဉ်က အစ
မမြန်ပေမဲ့ သက်သာ
ပြန်လို့လည်း မရ
ပြေးလို့လည်း မရတဲ့ ကမ္ဘာ
ဖြည်းဖြည်းလျှောက်ရင် ဝေးဝေးရောက်မယ်
စကားများများကိုလည်း
မနက်ဖြန်မှ ပြောမယ် ။ ။
#စိုင်းဝင်းမြင့်
#တခြားသော
မနက်ခင်းက
ခိုတွေနဲ့ ညွတ်အိလေးလံ
ကုသိုလ်ကံရဲ့ အသံမှာ
အသက်ဇီဝကို ရန်ရှာမိတယ် ။
တို့နှစ်ယောက် တင်ဆက်ခဲ့တဲ့
သရုပ်ဖော်ဂီတ တစ်ခုလေ
‘ လျှပ်စီးတလက်လက်
ထီးလေးတစ်ချောင်းနဲ့ အသက်ကို မျှဆောင်းခဲ့ ’
ဒီမနက်မှာတော့
ဘယ်တစ်ဖက် ညာတစ်ဖက်
သားကြောပြတ်လေရဲ့ ။
ပြက္ခဒိန်ဟာ
သက်တမ်းကုန်ဆုံးခဲ့ပေမယ့်
ငါလေ
မင်း မျက်နှာလေး မဖြုတ်ချထားရက်နဲ့
နံရံမှာ ဒီအတိုင်း ထားရတယ် ။
ငါ့အစားအသောက်မှာ
မင်း ရိုက်နှိပ်ခဲ့တဲ့ ရက်စွဲလည်း
လွန်ခဲ့
ငါ့အသက်ဓာတ်မှာ
မင်း အတိုးသတ်ရမယ့် အနမ်းလည်း
လွန်ခဲ့
မင်း အခွံ မင်း ပြန်နွှာကြည့်ရင်
တုန်လှုပ်ချောက်ခြားမှုကို တွေ့ရမယ် ။
ငါ တစ်ယောက်တည်း
ဘယ်လို ကုန်ဆုံးရမှန်း မသိတဲ့ နေ့တွေလည်း
ဘယ်လို ကုန်ဆုံးခဲ့မှန်း မသိတော့ဘူး ။
ငါ တစ်ယောက်တည်း
ဘယ်လို ကုန်ဆုံးရမှန်း မသိတဲ့ ညတွေလည်း
ဘယ်လို ကုန်ဆုံးခဲ့မှန်း မသိတော့ဘူး ။
ငါ့နားဝေးတဲ့ တစ်နယ်တစ်ကျေးမှာ
ဘယ်လို တေးတွေ မင်း ဆိုနေသလဲ
ငါ့မျက်လုံးကန်းတဲ့ တစ်ဖက်ကမ်းမှာ
ဘယ်လို လမ်းတွေ မင်း ဖောက်နေသလဲ ။
အဝေးပြေးကား မထွက်ခွာခင်
တစ်ရွက်ကျန် လက်မှတ်လေးမှာမှ
ကိုယ့်အသက်ကို ကိုယ် ဖြတ်မိခဲ့လေခြင်း
မင်း . . .
မင်း ဘာလို့ မငြင်းခဲ့တာလဲကွာ ။
အခုတော့
ဖျပ်ဖျပ်လူး ရင်းထ
ဘယ်လို တရားဓမ္မနဲ့မှ ဖြေမရပေါ့ ။
ကမ္ဘာ့ဝင်ရိုးစွန်း နှစ်ဖက်
ရင်ချင်းဆက် ခေတ်ကြီးမှာမှ
တစ်ယောက်ကို တစ်ယောက်
ရုပ် မမြင်ရ
အသံ မကြားရ
အသံကုန် အော်ခဲ့သမျှ
အသံ ကုန်ခဲ့ရ ။
ငါတို့ ညီညွတ်ခဲ့တဲ့ ဂစ်တာခြောက်ကြိုး
ငါတို့ ဘဝကို ဘယ်သူ ရိုက်ချိုးတာလဲ
မင်းလည်း ကြိုးလျော့ခဲ့ပြီ
ငါလည်း လက်ကွက်မေ့ခဲ့ပြီ ။
ငါ့အေးစက် သွေးပျက်မှုနဲ့
တုန်လှုပ်ပျံ့လွင့် နှင်းလေ
အမှောင်ထဲ တစ်ဝက်ကျ
နေရောင်ထဲ တစ်ဝက် လောင်ကျွမ်းနေတော့တယ် ။
#စိုင်းဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ၊ ဇွန် ၊ ၂၀၀၁ ။
#တခြားသော_၂
သူ ဖမ်းနေတဲ့ သော့ချက်ထဲမှာ
တစ်မနက်ခင်းလုံး ကိုယ့်အပျက် ။
လမ်းတစ်ဝက်
ဖျောက်ဖျက်ခဲ့တယ် ဆိုပေမဲ့
ကိုယ့်အရင် ရောက်နှင့်ပေါ့ ။
‘ ပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ . . .
ကိုယ့်သေမင်းလို တွေ့ရ ’
ရောက်ရာအရပ်က မနက်ခင်းမှာ
မင်းလည်း ဒီလိုရေးမယ် ။
တစ်ယောက်သွား မြက်လမ်းသွယ်လေး
မျက်ရည်စို
အတွေးထဲ ဘယ်လို ဆင်းရမယ်
လေယာဉ်ပျံတစ်စီး
မင်းလည်း လက်တစ်ဖက် ထုတ်ထားရော့မယ်
သွေးအေးလေးလံ နံရံနှင်းထဲ
ဘယ်တော့မှ ထွင်းမဖောက်နိုင်ခဲ့
ချစ်ခြင်း ။ ။
#စိုင်းဝင်းမြင့်
#တခြားသော_၃
တိတ်ဆိတ်ခြင်းဟာ
မင်း ရေးသားခဲ့တဲ့ အကြောင်းအရာပဲ
နံရံမှာ
ကြမ်းခင်းမှာ
လက်သည်းရာတွေနဲ့ ။
ငါ မပျော်ရွှင်ဘူး ဆိုတာ
ငါ သွေးမအေးဘူး ဆိုတာ
လက်ဖက်ရည်ဆိုင်တွေမှာ ကြည့်
မြို့ရဲ့ လမ်းတွေမှာ ကြည့်
ငါ့ရဲ့ အစိတ်စိတ် အမြွာမြွာကို
အရာရာ အားလုံးမှာ တွေ့ရမယ်
အရာရာ အားလုံးမှာ ငါ တွေ့ခဲ့တယ်
မမြဲခြင်း ။
နေ့လယ်နေ့ခင်း
အရိပ်တစ်ခုခုအောက်မှာ ရောက်နေစေချင်တယ်
ငါ့ရဲ့ ဆုတောင်းခြင်းမှာ
ပန်းတွေ ပွင့်တယ် ။
မေးခွန်းကို နားမလည်တော့
ငါ ဘယ်လို အဖြေပေးရမယ် မသိဘူး
မင်း ချပြတဲ့ အတွေးအခေါ်တွေက
အလေးအပင် သိပ်များတယ် ။
ပျော်ရွှင်ခြင်း ဆိုတာ
စက္ကူပေါ်မှာ ရေးဆွဲထားတဲ့ ရှုခင်းပဲ
ငါ့အဓိပ္ပာယ်ထက် ပိုကျယ်ပြန့်နေတော့
လမ်းသွားရင်း ငေးကြည့်ခဲ့ရတယ် ။
စိတ်ကူးစိတ်သန်း ဆိုတာ
ငါ့အတွက်တော့ မဖြတ်သန်းရ နယ်မြေ
ငါ့မှာ ကြွေစရာ သစ်ရွက်တွေ မရှိတော့ရင်
ငါ အသက်ရှိတယ် ဆိုတာကို
ဘယ်လို သက်သေပြရမလဲ ။
ငါ ထိမိစမ်းမိသမျှဟာ စီးဆင်းနေတော့
ငါ ဘယ်လိုမှ ပေါ့ဆလို့ မရဘူး
ဘယ်အရာဟာ ကြာကြာခံမလဲ
ငါ ပြုလုပ်မယ် ။
နေရောင်ခြည်ဟာ
သစ်ရွက်တွေကြားက လျှောကျနေတယ်
ငါ့စိတ်တွေ တအားပျံ့လွင့်တာပဲ
ငါ့အိမ်ရှေ့က သစ်ပင်မှာ
ဓားထစ်ရာတွေနဲ့ ။
ဟိုဘက်သံလမ်း ဒီဘက်သံလမ်း
ငါ့အလွမ်း လက်မှတ်နှစ်စောင် ဖြတ်ထားတယ်
သတင်းရုပ်ရှင်မှာ
ဘယ်ရထား အရင်ဝင်လာမလဲ ။
အခန်းအပြင်ဘက်မှာ
ခြေသံတရှပ်ရှပ် မကြားရဘူးလား
စားပွဲပေါ် တင်ထားတဲ့ ပန်းအိုး
တစ်စုံတစ်ယောက်က ဝင်တိုက်မိသလို
ကျမကွဲဘူးလား
နံရံမှာ
ကြမ်းခင်းမှာ
အရိပ်ဟာ မချောက်ချားဘူးလား ။
အခု
နှင်းတွေ အရမ်းကျနေတယ်
အဝေးပြေး ကားတွေ ရပ်ထားရတယ်
မမြင်ရခြင်း ကြိုးတစ်စ
ငါ လှမ်းဆွဲလိုက်တယ် ။ ။
#စိုင်းဝင်းမြင့်
#တခြားသော_၎
လွမ်းဆွတ်ခြင်းဟာ
မနက် မိုးလင်းတာနဲ့ အံ့သြရစမြဲ
မော့ကြည့်လိုက်
ဒီတစ်ခါ ပိတောက်ပန်း ပွင့်တယ် ။
ပိတောက် ပွင့်ခြင်းဟာ
ငါ့အိမ်ရှေ့က သစ်တစ်ပင်တည်းမှာလား
စက်ဘီးလေး တစ်စီးနဲ့
တစ်မြို့လုံး လှည့်ပတ်ကြည့်တယ်
တစ်မြို့လုံး ပိတောက်ပန်းတွေ ပွင့်တယ် ။
ဒီဇာတ်လမ်းကို
ငါ ဒီနေရာက စမယ်
မင်းလည်း ရောက်တဲ့နေရာက စတော့
ငါ့ရင်ထဲက ခုံပြာတန်းလေးမှာ
အခုထိ ဓားခုတ်ရာ ရှိတယ် ။
တစ်နွေလုံး ကြွေကျနေတဲ့ သစ်ရွက်တွေ
တစ်ရွက်မှ မလွတ်စေရဘူး ။
မမြဲခြင်းကို
အဆုံးထိရောက်အောင် ရှုမယ် ။
ငါ့ဆီ
မီးသတ်ကား အစီးတစ်ရာ
အမြန်လွှတ်လိုက် ။
လက်သန်းလေးမှာ
မတော်တဆ ဓားရှတာတောင်မှ
ငါက
တစ်သက်လုံး ဖွဲ့လို့မဆုံးတော့ဘူး
ဒဏ်ရာ ။
သေရေးရှင်ရေး
နှစ်တစ်နှစ်ဟာ ဖြတ်ပြေးသွားတော့လည်း
တို့နှစ်ယောက်က အဝေးပြေး အနီးဆုံး
တို့နှစ်ယောက် သေဆုံးသွားတော့လည်း ဇာတ်လမ်းမဆုံး ။ ။
#စိုင်းဝင်းမြင့်
၂၉ ၊ ၃ ၊ ၂၀၀၂ ။
#ခေတ်ပေါ်ကဗျာသို့အမှတ်ရချက်များ
ကမ္ဘာမှာ
အာဇာနည်နေ့ ရောက်လာတယ်
တော်လှန်ရေးနေ့ ရောက်လာတယ်
ကမ္ဘာမှာ
မိခင်များနေ့
ကမ္ဘာ့ကဗျာနေ့
မောင်ချောနွယ်နေ့ ရောက်လာတယ်
ဟောသည်
လသွားယာဉ်တွေ ခေတ်မှာ
ကျွန်တော်တို့ ရင်ခုန်သံများနဲ့ ကဗျာဟာ
ခြောက်ဖက်သံကြား ဖြစ်ရမယ်တဲ့
ဖြောင့်ထားသော အချက်အလက်
မြန်မာ့စာပေမှာ ခေတ်ပေါ်ကဗျာ ခြေချလို့
လကမ္ဘာမှာ ခြေရာထင်လို့
ဒိုင်နိုဆော စောခဲ့တယ် ။
ဗလ မရှိပေမဲ့ ‘ ဇ ’ ရှိခဲ့တယ်
မောင်ချောနွယ် ရပ်ကွက်ကို ရောက်ရင်ပြောပါ
ဖေဖေနဲ့ မေမေတို့ မင်္ဂလာ ဧည့်ခံပွဲဆိုလား
ဝတ်ကောင်းစားလှနဲ့ ထွက်သွားလေရဲ့ ။
ခင်ဗျား မေးတာလည်း မဟုတ်ဘူး
ကျွန်တော် ဖြေတာလည်း မဟုတ်ဘူး
ဒီကြားထဲ တစ်ခု
မောင်ချောနွယ်သာ ကမ္ဘာကြီး ကျယ်တယ်လို့ မယူဆခဲ့ရင်
ခေတ်ပေါ်ကဗျာကို တွေ့ခဲ့မှာ မဟုတ်ဘူး ။
သူ ရောက်လာတယ်
ဂွည်ထည်နဲ့ မလုံလောက်ဘူး ထင်လို့
အမေ့သားအိမ်ကနေ ကမ္ဘာ့သားအိမ်ကြီးထဲ
တစ်လောကလုံး ကျုပ် လုပ်စာ ထိုင်စားနေကြတာချည်းပဲ
ခါးထောက်မောက်မာလို့ ။
လမ်းတူရင် လူချင်းတွေ့မှာပါ
အခုတော့ တအိုင်အိုင်နဲ့ကွာ
ခြေတစ်ဖက် ဟိုဘက် ထိုးရမလို
ဒီဘက် လှည့်ရမလို ဖြစ်နေတာ ။
ပြည်တွင်းဖြစ် နိုင်ငံခြားအရက်
လောကဓံတရားထက်ပြင်းတဲ့ မချစ်ရဲ့ အရက်
တစ်ကမ္ဘာလုံး မူးအောင် သူ ချက်ခဲ့တယ် ။
မဂ္ဂဇင်းမှာ ကျွန်တော့်ကဗျာတွေ အများကြီးပါတော့
ဗုံးကြဲတိုင်း ဘင်လာဒင်ကို မိတာ မဟုတ်ဘူး
ငေါက်ငမ်းခဲ့တာ လွမ်းစရာ
ဝင်းမြင့်က အကြည်ဓာတ်ကလေး ရနေပြီ
မိုးဝေးက ရေနံအစမ်းတွင်းတစ်တွင်း
မင်းက ဒန်အိုးဒန်ခွက်တွေ လုပ်ချင်တယ်
အတည်ပြောတာ ချောပလီ ။
အပျော်ပန်းတွေ တဝေဝေနဲ့
တို့တစ်တွေ နေကြရအောင် . . . တဲ့
ပထမ မြို့တော်မှာ သက်တံရေးဆွဲလို့
ငါ့ကိုပစ်ထား စိမ်းကားကြတယ်ပေါ့လေ
ဟေ့ကောင် . . . ခက်ထန်
မင်းတို့ သစ်တောလမ်း
ဗုံးလာကြဲပစ်မယ် ။
သစ်သားဘတ်စ်ကားအိုကြီးပေါ်
မာယာကော့ဖ်စကီးနဲ့အတူ တွယ်စီးတော့
ဒီတစ်ခါ
‘ ကိုချော ’ လို့ ခေါ်ရင်
လမ်းတစ်ဝက် ခုန်ဆင်းမယ်
‘ ဦးချော ’ လို့ ခေါ် ။
ယောင်္ကျားချင်း ချစ်တဲ့အချစ်
အဲဒီ ဗိုင်းရပ်စ်ပိုးကို အရင်တွေ့ခဲ့တာ
ကန်စွန်းပလိန်းတော့ မမှာပါနဲ့ကွာ
စိတ်နာလွန်းလို့
ကဗျာကို ကြောက်ကြောက်လန့်လန့်နဲ့
စွန့်စွန့်စားစားနဲ့ စွန်းစွန်းထင်းထင်း ရေးခဲ့ ချစ်ခဲ့
အပင်ပေါ်မှာ သူ့အလိုလို မှည့်နေတဲ့
ပင်မှည့်တေး
ဘိလပ်ရည်လို တန်းစီထုတ်လို့ မရဘူး ။
ကဗျာဆရာကဖေး တစ္ဆေကဖေး
အတိတ်အကြောင်း များများရေးပြီး
ကိုယ့်အကြောင်း နည်းနည်းတွေးလို့
သစ်တော်သီး အခွံတွေ ဘယ်ပစ်လိုက်သလဲ ချာတိတ် . . . ဆိုတော့
ကျွန်တော် စားပစ်လိုက်ပြီ ခင်ဗျ . . . ပေါ့
မီးသွေး ရပြီ
မီးရဲ့ သွေး
မီးကို သွေး
လမ်းသွားရင်း ကဗျာကြည့် ကြည့်မြင် ။
ကျွန်ုပ်ချစ်သော ကဗျာပရိတ်သတ်များ
ဤကဗျာအား ကူးယူဖော်ပြ ရွတ်ဆိုနိုင်ပါကြောင်း
မောင်ချောနွယ် ဆိုသော တန်ဖိုး၌
ရွာသွန်းသော မိုးမှာ
ပိုးမွှားများ ကင်းစင်ပါစေသတည်း ။
အရက်ဖြူကို ယဉ်ကျေးမှုမြှင့်သောက်လို့
စီစီဖတ်ရဲ့ ကျောက်တုံးကြီးကို
နေ့စဉ် နေ့စဉ် တွန်းတွန်းတင်လို့
ပင်လယ်လေ ရှုသူတဲ့
အရိပ်ခြွေ သစ်ပင်တဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေတဲ့
အသစ်အဆန်းနဲ့ ရွှင်လန်းလို့ ။
အခု
တောင်ကုန်းအမှတ် ၂၀၀၂
ကမ္ဘာလုံးဝန်းကြီးကိုတောင်မှ
တစ်တွဲတည်းနဲ့ အပြီးတင်မယ့် ရထား
ရထားပေါ်မှာ
တိုင်းကျော်ပြည်ကျော် ဆတ်သွား
မစ္စတာကြိမ်းပကားနဲ့ ဂျုံးနီ
အခုဆို တစ်နေ့ကို အချက်သုံးဆယ် ပိုရိုက်ခံရရှာသူ
ပေတိုး
ရထားကတော့ မသာရထားပဲ ။
ရထားပေါ်မှာ
ထမင်းအသိုးများကိုသာ မျှော်လင့်သော
မျှော်လင့်ခြင်း ထမင်းသိုးများ
ဒီဒုက္ခလေးကို ငါ့ကိုမျှပါ
ရထားပေါ်မှာ
မအောင်မြင်တဲ့ မောင်လူထွား
ယာကွပ်
မစ္စတာ ဒဗလျူကလက်
မမတင် ကျောင်းထွက်တွေ
မြို့သစ်မိုးကို ဖြတ်လို့
ကိုက်လမ်းအတိုင်း သွားလို့
ရထားကတော့ မသာရထားပဲ ။
ရထားပေါ်မှာ
ဘဝကို ပွဲတော်လို့ တွေးခေါ်သူနဲ့ အိမ်ငေးသူ
ရထားပေါ်မှာ
ဖျံဖမ်းသမား
ဖျံတွေရဲ့ အသွားအလာကို စောင့်ကြည့်လို့
ရထားဟာ ဂေါ်ကီရပ်ကွက်ကို ဖြတ်လို့
ရထားပေါ်မှာ
ရင်ကို ခွဲပြပေမဲ့
ဘာမဆို လွဲခဲ့ရသူ
သစ္စာပန်းများနဲ့ မေလ
အချစ်အကြောင်း ပြောတဲ့ညမှာ
မစဉ်းစားခြင်း သေတ္တာကို ဖွင့်လို့
မရှိတဲ့စာကို စီလို့
ရထားပေါ်မှာ
ကြယ်ပြာကလေးနဲ့ ထမင်းစားပြီးတဲ့နောက်
မောင်ချောနွယ် အတုကလေ
မျက်လှည့်ဆရာရဲ့ ဘင်ကိုမှ ဝယ်မယ်တဲ့
ရထားပေါ်မှာ
မစ္စတာလန်ဒန်
မစ္စတာတိုနီဘလဲ
လွှဲချက်မြန်တဲ့ နာရီချိန်သီးတွေနဲ့
သံတုံးသံခဲတွေကို ဆွတ်ဆွတ်နေတဲ့
မစ္စတာချာလီ ။
ဥာဏ်ကြောင့် ဒုက္ခရောက်ရတဲ့ ခရီးစဉ်
ထွန်းကားတဲ့ မြို့ကြီးတစ်မြို့
ခင်ဗျားဟာ နတ်တို့ခိုးဝှက်ခြင်းခံရတဲ့ ကဗျာပဲ
ကဗျာဆရာ ကွယ်လွန်တဲ့အခါ
ကဗျာနဲ့ သရဏဂုံ တင်ရပါတယ် ။ ။
#စိုင်းဝင်းမြင့်
၁၉ ၊ ၇ ၊ ၂၀၀၆ ။
#ကဗျာ
ကျွန်တော်က ပြုံးလိုက်တယ်
ဒါကို အမေက မြင်တော့
‘ ငါ့သား ၊ ရူးသွားပြီ . . . ’ တဲ့
အပေါင်းအသင်းတွေက
‘ ဟာ . . . ဒီကောင်တော့
သွားပြီ . . . ’ တဲ့
ကျန်တဲ့လူတွေကလည်း
ဒီအတိုင်းပါပဲ ။
ညီမလေးရေ . . .
မင်းကရောကွယ် ။ ။
#စိုင်းဝင်းမြင့်
၁၉၉၃ ။
#ဗန်းစကား
လျှပ်စစ်က
အမှားမခံဘူး ။
နံရံက နေ့စွဲ
လေးငါးရွက်လောက် ဆုတ်ဖြဲလိုက်တယ် ။
စိတ္တဇတွေ
အနတ္တတွေ
ငါ ပျင်းရိတာနဲ့ ငါ အမောမခံနိုင်တာနဲ့
၂၄ နာရီ အရေးပေါ်တွေ ။
နေရောင်ခြည်နဲ့ သွားနေတာလား
နျူကလီးယားနဲ့ ချက်နေတာလား
အာရုံတစ်ခုခုမှာ ရပ်လိုက်ချင်ရဲ့
လမ်းကို အချိန်ပိုပေးထားသူတစ်ယောက် ။ ။
#စိုင်းဝင်းမြင့်
#နေကြာပန်း
အသက်ရှင်စဉ်
တစ်ကားတစ်ချပ်မျှ ၊ မရောင်းရခဲ့တဲ့ ပန်းချီဟာ
ငါ ဖြစ်ခဲ့လေသလား ။
ရွှေချရမယ့် လက်နဲ့
ဖြတ်ပစ်ရမယ့် လက်
ချစ်ခြင်းတစ်ခုမှာ တစ်ဖက်တည်း
အစားအသောက်ကို စုတ်တံနဲ့ မွှေပစ်လိုက်တယ် ။
ယခုဘဝရဲ့ တခြားသော အဓိပ္ပာယ်
ငါလည်း
မလွယ်တာကို ဝယ်ယူမိတယ် ။ ။
#စိုင်းဝင်းမြင့်
#ဆံသဆရာ
ခင်ဗျားမှာ အရေးတကြီး အခြားအရေးတကြီးတွေ ရှိနေရင်
ခေါင်းချည်းပဲ ထားခဲ့
ခင်ဗျား ခန္ဓာကိုယ်နဲ့ ခင်ဗျား
သွားချင်ရာ သွားလို့ရတယ်
ခင်ဗျား ဆံပင်ကို အကောင်းဆုံးဖြစ်အောင်
ကျွန်တော်တို့ ညှပ်ထားလိုက်မယ်
ကျွန်တော့်လက်ကို ငွေစက္ကူ တစ်ရွက်လို လှမ်းဆွဲပြီး
ကျွန်တော့်ကို ခုံပေါ်ပစ်တင်လို့
ကျွန်တော့်ကိုယ်ပေါ် ညစ်ထေးအဝတ်ဖြူဖြူ လွှမ်းခြုံလိုက်တယ်
ပြီးတော့ ကျွန်တော့်ကို တည့်တည့်မတ်မတ်နေဖို့
စိတ်မရှည်တဲ့အသံ
ခင်ဗျားခေါင်း ငဲ့စောင်းနေရင် ခင်ဗျား ဆံပင်ပဲ မကောင်းမှာ
ဆံသဆရာဟာ သူ့ဘက်က ခုခံလို့
ဆုံလည်ကုလားထိုင်ဟာ သူ့စိတ်ထဲကအတိုင်း
ဆံသဆရာရဲ့ လက်တွေဟာ
ကျွန်တော်တို့ စိတ်ကူးထဲက ဆံပင်ပုံနဲ့ဝေးရာ
ဒါကိုပဲ ကျွန်တော်တို့ မျက်နှာနဲ့ အလိုက်ဖက်ဆုံးလို့ ပြောသေး
ဆံသဆရာဟာ ညှပ်လက်စ ဆံပင်ကို ခဏရပ်
သူ့ကိုယ်သူ အကြောတွေ ဖြေလျှော့တယ်
ကျွန်တော့်ကို သူ ထားခဲ့တဲ့အတိုင်း နေခဲ့ဖို့
ဆိုင်ထဲဝင်ရောက်လာတဲ့ သူ့မိတ်ဆွေတစ်ယောက်နဲ့
လက်ဖက်ရည်ဆိုင် သွားထိုင်ဖို့ ။ ။
#စိုင်းဝင်းမြင့်
ဟန်သစ် ၊ နိုဝင်ဘာ ၊ ၂၀၀၃ ။
#အခုပြောမယ်
ဒီတစ်နေ့လည်း ခင်ဗျားကို တွေ့ရပြန်တော့
နှစ်များစွာ ကုန်လွန်ခဲ့တာ ဟုတ်မှဟုတ်ရဲ့လား
ကိုယ့်ကိုယ်ကိုယ် အလုပ်ရှိတယ်ထင်လို့
အပြင်ထွက်လာပြန်ပြီ ထင်တယ် ။
ခင်ဗျား ထွင်းထုနေတာ လူဆိုတဲ့ ပန်းပု
စကားကို အကုန်ပြောတယ်
သက်ရှိသက်မဲ့ ဘယ်လိုခွဲလဲ
ဘယ်အစိတ်အပိုင်းဟာ ခင်ဗျားလဲ
အသွေး အသား အရိုး
ချိတ်ဆက်ထားတယ် စုပုံထားတယ်
လောင်ကျွမ်း စီးဆင်းနေတယ် ။
လက်ဖက်ရည်ဆိုင်က စောင့်ကြည့်နေတော့လည်း
ရုပ်တုဟာ ချထားခံရတဲ့ နေရာမှာ
လမ်းချိုးလမ်းကွေ့ကွေ့ ဝင်ရောက်ပျောက်ကွယ်သွားတော့လည်း
ရုပ်တုဟာ ချထားခံရတဲ့ နေရာမှာ
ကမ္ဘာအကြောင်းလား ကဗျာသမားလား
ဒုက္ခနဲ့လှလှ တွေ့နေပြီလား
ဘယ်လိုရွှေ့ရွှေ့ မရွေ့ ။
ခပ်လှမ်းလှမ်းက ပြေးကြည့်တယ်
အဆိုးဘက်က မိုးသားတိမ်တိုက်တွေ
အပျက်ဘက်က အပျင်းပြေ
လဲကျနေတဲ့အတိုင်း ကျိုးပဲ့နေတဲ့အတိုင်း
ငုံ့ကြည့်တယ် မော့ကြည့်တယ်
လက်ဖြန့်ကြည့်တယ် ထောင့်ဖြတ်ကြည့်တယ်
အလင်းတန်း လေဟာနယ်
၂၄ နာရီ ကွေ့ကောက်လို့
ဆယ့်နှစ်လရာသီ ဖူးပွင့်လို့ ။ ။
#စိုင်းဝင်းမြင့်
၂၀၀၃ ။
#လူငယ်ရှိတယ်ကဗျာအကြောင်းရောက်သွားတယ်ဆိုကြပါစို့_၁၀
လူတစ်ယောက် လျော့သွားတာကို
ခေတ်တစ်ခေတ်နဲ့ အစားထိုး ။ ၁၀ ၊ ၉ ၊ ၀၈ ။
ငလျင်ကြောထဲမှာ ခုနစ်လွှာ ၊ နေ့စဉ် ဆင်းတက်နေရတာပဲဖြစ်ဖြစ် ၊ မုန်တိုင်းထဲမှာ ကုန်တင်ကုန်ချ သင်္ဘောကြီးတွေ ဝင်ရောက်ထွက်ခွာနေတာ ၊ အငွေ့တလူလူ ရေခဲတင်ကားကြီးတွေ ဖြတ်အသွား ဆင်မင်းလမ်းတစ်လျှောက် ကိုယ်လည်း အေးသွားတာ ကမ္ဘာ့အစိတ်အပိုင်း ရန်ကုန်လမ်း နှစ်လမ်း တစ်နည်းအားဖြင့် ရှုခင်းနှစ်ခု နောက်ထပ် ထပ်ပြောရရင် သွေးကြောနှစ်ခု ဖြုတ်ယူသွားတာ ကမ္ဘာ့အရင်းအမြစ် လည်နေတော့ ခြေရာကောက်မိတော့ မြစ်ကူးချောင်းခြား ၃၃ လမ်းကို အဝေးက ကားကွက်ချထားတာ အစဉ်သဖြင့် အဆင့်ဆင့် ပန်းပွင့် နောက်ကွယ် / လောက်ဖွယ် ဘယ်သူရောက်မှာလဲ ရန်ကုန်ဟာ မော့မော့ကြည့်ရတယ် အပေါ်ယံရှပ် အခုလဲကျ အမြစ်ပြတော့ သစ်ပင်ကြီးကြီး မြင့်မြင့် အမြစ်မဝေး ရေခဲတောင်နဲ့ ပြောင်းပြန် ရန်ကုန်သား / လား ။
၈ ၊ ၉ ၊ ၀၈ ။
လက်နှစ်ဖက်ဟာ ဗလာမဖြစ်သေးဘဲနဲ့ ဘာကိုထပ်ယူလို့ ရမှာလဲ ။
ဒီတော့ သာမန် လူ့ဘဝနဲ့
စိတ်ကူးချိုချဉ်ဖြစ်ဖြစ်
လက်သီးချိုချိုလေးဖြစ်ဖြစ် ။ ၆ ၊ ၉ ၊ ၀၈ ။
အိမ်ထွက်စော အောင်ဇော်ဆီဝင် လက်ဖက်ရည်သောက်
အိမ်အပြန် မြစ်ထဲရောက်မှ ကိုစိုင်းစိုင်း ဖုန်းဆက်
‘ ကျွန်တော် အခုမှ မြို့ထဲရောက်လို့ ’ ဆိုလား ။ ၃ ၊ ၉ ၊ ၀၈ ။
ကိုမိုးဝေးဆီဝင် ၊ မမမြင့် ရောက်လာ ‘ ဟိုဘက်ကမ်းက လူတွေ ဖမ်းနေတယ်နော် ’ ကိုချောပုံဖမ်း ၊ ကဗျာထဲမှာပဲလေ ကိုချောက အဲဒီထဲ ဆင်းမကြည့်ဘူး ၊ လူဆန်း မင်းလမ်းရှေ့ဆက်တိုးရင် ၂၀ နဲ့ ဘယ်လောက်ဆိုလား လူဆန်းက ၆၀ နဲ့ ဘယ်လောက် အဲသလောက်ပဲပေါ့ တစ်ညနေ လူဆန်းက အတင်းတား ဘီယာတိုက် သောက်မှ ၃၀၀၀ ၊ မပေးရင်လည်းနေ မောင်နှမလို သားအမိလို သောက်ချင်ယောင်ဆောင်ရ ( နောက်ဆုံးတော့ . . . ) မနက်ဖြန် ကိုချော ၆ နှစ်ပြည့်အတွက် သတိရရင် လာကြပေါ့တဲ့ ။ ညနေ ကိုစိုးနိုင်ဆီရောက် သူ အခု ဘာတွေဆွဲနေလဲ ။ တစ်ရက်ကလေးများ တိုးပြီး ပျော်မလားလို့ ။ ၂ ၊ ၉ ၊ ၀၈ ။
#စိုင်းဝင်းမြင့်
#သစ်ရွက်ကြွေ
အခုလောက်ဆိုရင်
မင်း ဆံပင် ဘယ်လောက်ရှိပြီ ။
အခုလောက်ဆိုရင်
မင်း အရပ် ဘယ်လောက်ရှိပြီ ။
ငါ့မှာ
ပြင်မရတဲ့ အမှားတစ်ခုနဲ့
အဖျားကူးခဲ့ နေ့လေးတစ်နေ့နဲ့ ။
အလွမ်းအဆွေးဟာ
မင်း ဘဝအတွက် မတိုးတော့တဲ့ ဆေးလား ။
လမ်းကလေးဟာ
ငါ့ဘဝအတွက် မဆုံးတော့တဲ့ အတွေးလား ။
သြော် . . .
မင်း ထားခဲ့တဲ့ တရားဓမ္မပေါ့
တခြားတစ်ယောက်နဲ့ အိုမင်းသွားရလေတယ် ။ ။
#စိုင်းဝင်းမြင့်
#ခုတ်ရာ
အဲဒီနှစ်တွေက
ငါတို့ မတက်ဖူးတဲ့ သစ်ပင်
မရှိခဲ့ဘူး ။
အချစ်အကြောင်း ပြောရေးဆိုခွင့် ရှိသောအရွယ်
မြင်ရတဲ့ စေတီကိုပဲ ဖူးမယ်
မြို့လေးမှာ
ငါတို့ တိုက်ခတ်ခဲ့ တဟူးဟူး ။
အခင်းဖြစ်ပွားရာ
ငါတို့ ဘယ်လို ရောက်ရှိခဲ့သလဲ
လမ်းဓာတ်တိုင်က
မီးခတ်အားယူလို့ ။
ဘယ်သူ ငိုထားသလဲဆိုတော့
စံပယ်ပွင့်တွေ အဖွေးသာ
ငါပဲ ဖြစ်မယ် ။
သတ္တဝါတစ်ခု ကံတစ်ခုပေါ့
သူ့လို
ပခုံးပေါ်က လျှော့ချခဲ့တယ်
ငါလည်း
မေတ္တာထားမိရင် ဘာကိုမှ မမြင်တော့ဘူးကွယ် ။ ။
#စိုင်းဝင်းမြင့်
Idea ၊ နိုဝင်ဘာ ၊ ၂၀၀၁ ။
#မျက်ရည်
ငါ့မျက်လုံးနဲ့ အဆုံးသတ်လို့ မရအောင်
ရှုမျှော်ခင်းက ရှည်လျားပြန့်ကားတယ် ။
ငါ့ဘဝလေးနဲ့ သယ်ဆောင်သွားလို့ မရအောင်
ချစ်ခြင်းမေတ္တာက လေးလံကြီးမားတယ် ။
ငါ မက်နေတဲ့ အိပ်မက်ကလည်း
ငါ့ရဲ့ညနဲ့ မဆုံတော့ဘူး ။
ငါ ရွေးချယ်ခဲ့တဲ့ ဝဋ်ကြွေးတွေကလည်း
ငါ့ရဲ့နေ့နဲ့ ပေးချေလို့ မကျေတော့ဘူး ။
အချစ်ရေ . . .
ငါတို့ အတူနေမယ် ဆိုတဲ့ အိမ်လေးဟာလေ
ဒီဘဝနဲ့ မရောက်ရှိနိုင်တော့အောင်
ဝေးကွာလွန်းလှချည်ရဲ့ကွယ် ။ ။
#စိုင်းဝင်းမြင့်
ရုပ်ရှင်တေးကဗျာ ၊ အောက်တိုဘာ ၊ ၁၉၉၉ ။
#ကြေးစည်
အပတ်ပေါင်းများစွာ ချာလပတ် လည်သွားအောင်
တည့်တည့်မတ်မတ်ကြီး ထုနှက်ခံလိုက်ရ
အမျှင်မပြတ်တဲ့ မွေးရာပါ ငိုသံရှည်ရှည်က
မကောင်းဆိုးဝါးတွေကို မြူးကြွစေတယ်နဲ့ တူပ
အနိစ္စဂီတ မဆုံးခင် ။ ။
#စိုင်းဝင်းမြင့်
ရယ်စရာ ၊ သြဂုတ် ၊ ၂၀၀၀ ။
#စက်ရုပ်
ငါ ဆွဲချလိုက်တဲ့ စက်ထဲက
ငါ့ဘဝနဲ့တူတဲ့ စက်ပစ္စည်းတစ်ခု
ထွက်
ကျ
လာ
ငါ့မှာ တစ်ခါ ဆာလောင်ရပြန်တယ် ။
ဝမ်းမီးအားနဲ့ ပူပြင်းတဲ့ သံထည်ပေါ်
ဒေါက်ခနဲ ဒေါက်ခနဲ တစက်စက်ချွေး
ငါ့အိပ်မက်လို ရှဲခနဲ အငွေ့ပျံ
ဆားပွင့်ကလေး အဖြစ်သာ ကျန်ရစ်တယ် ။
မျက်နှာချင်းဆိုင်က သူငယ်ချင်းကိုလည်း
တစ်နေ့ခင်းလုံး နေလို့မှ
စကားတစ်ခွန်း မပြောဖြစ်
ငါလည်း အရေအတွက်ကောင်ပဲ ဖြစ်ခဲ့တယ် ။
ငါ့အသွေးအသားနဲ့ သံသရာစက်
ငါ ရပ်မရခဲ့ပေါ့ ရမ္မက်တစ်ကမ္ဘာ ။ ။
#စိုင်းဝင်းမြင့်
မိုးဂျာနယ် ၊ စက်တင်ဘာ ၊ ၂၀၀၀ ။
#တနင်္ဂနွေ
တနင်္ဂနွေ
ဝေလိုက်တဲ့ဖဲချပ် လန်ကျသွားတယ် ။
ဒရွတ်ဆွဲခေါ်လိုက်တဲ့ အဝေးသံမှာ
ခြေတစ်ဖက် လက်တစ်ဖက် ချိတ်မိရုံ
အသက်ချိတ်မိ
ငါ့စိတ်ထဲ သွေးတိုးညွှတ်ကျ ဝဋ်ဒုက္ခက
ငါ့ပခုံး ဆုပ်ကိုင်လှုပ်ယမ်း
အလွမ်း လက်စသတ်လိုက်တယ် ။
တစ်မနက် တစ်ဇာတ်လမ်း ဖွင့်လိုက်တာနဲ့
ခွက်ထိုးခံရတဲ့ မေတ္တာတရားက
တစ်စွန်းတစ်စမျှ ကျမလာဘူးလား
တနင်္ဂနွေဟာ
တုန်လှုပ်ပျံ့လွင့် နေတော့တယ် ။ ။
#စိုင်းဝင်းမြင့်
ဟန်သစ် ၊ ဒီဇင်ဘာ ၊ ၂၀၀၀ ။
#တစ်ဖက်ကမ်း
မြစ်ရေကြီးခြင်း သတိပေး တားမြစ်ချက်
သတိရနေလို့ မဖြစ်ဘူး
ဒီမနက်
ဟိုဘက်ကမ်းကူးမှ ဖြစ်မယ်
လှိုင်းကြီး လှေအောက် ဆိုတာ
ကျွန်တော်တို့ ပြောခဲ့တာပေါ့ ။
မိုးသက်မုန်တိုင်း လှိုင်းထနေသတဲ့လား
ဒီည
မပြန်လို့ မဖြစ်ဘူး
အမေနဲ့ ကလေးတွေက စောင့်နေမှာ
ညစာစားဖို့ စောင့်နေတဲ့ ညတစ်ညက စောင့်နေမှာ ။
ကျွန်တော်တို့ ဒီလိုပဲ ဖြတ်သန်းခဲ့တာပါ
တစ်ည ၊ တစ်ဘဝ မဟုတ်ပါဘူး ။
တစ်ဘဝပြီး တစ်ဘဝ ဖြတ်သန်းခဲ့တာ
တစ်ဘဝပြီး တစ်ဘဝ ဖြတ်သန်းရဦးမှာ ။ ။
#စိုင်းဝင်းမြင့်
နွယ်နီ ၊ မတ် ၊ ၂၀၀၁ ။
#သင်နဲ့ထပ်တူ
ဘာကြောင့် လေးလံနေရတာလဲ
ပန်းသီးတစ်လုံးကို
တဂွမ်းဂွမ်း ကိုက်စားရမယ့်အရွယ် ။
တစ်မနက်ခင်းလုံး တွန့်လိမ်ပျော့ဖပ်
ကိုယ့်အကြောင်းကိုယ် တင်ဆက်လိုက်ပါလား
အဓိပ္ပာယ် တစ်ခုခု ပေါက်ကျလာလိမ့်မယ် ။
ဒုတိယ ကမ္ဘာစစ် ချစ်ခြင်းမေတ္တာ
မင်း အဘိုးတောင်မှ အသက်ဇီဝကို မရိုးသေး
မင်း အတွေးအခေါ် နည်းနည်းပြင်လိုက်
ထိခိုက်ရှနာ ရွှေဖြစ်လာမယ် ။
ဘာကိုမှ မယုံကြည်တော့လို့
ဘာကုန်မှ မကူးချင်တော့ဘူးလား
ဖြတ်သွားဖြတ်လာ လူ့အဖြစ်ကလည်း
မင်း သရုပ်ကို ဖော်နေတော့တာပဲ ။ ။
#စိုင်းဝင်းမြင့်
ချယ်ရီ ၊ မေ ၊ ၂၀၀၁ ။
#တုန်ယင်မှုဟာနေရောင်ခြည်
ဒီမြေကို ခြေချမိတော့
ရနံ့ဟောင်းကို ပြန်ရတယ် ။
အရင် စားပွဲထိုးတွေ မရှိတော့တာ တစ်ခုပဲ
အရင်လို လက်ဖက်ရည် အရသာမှာ
အရင်လို ဆေးလိပ်မီးခိုးများ
ယင်ကောင်များ ။
အသံသေတ္တာမှာ
လောင်ကျွမ်းနေတဲ့ သီချင်းကလည်း
ငါ ကူးစက်ခဲ့ဖူးတယ် ဆိုပေမဲ့
ငါ့သွေးထဲ တေးသွား အတက်အဆင်း မဟုတ်တော့ဘူး ။
အခု မြင်နေရတဲ့ ဘောလုံးကွင်းဟာ
အရင်တုန်းက မြေဆွေးအမှိုက်ပုံ
ငါ့ရဲ့ ကလေးဘဝဟာ အသက်ဝင်လို့
ငါ့မြို့နာမည်နဲ့ မြေဆွေးပုံပေါ်က
ငါ့မြို့လေးကို ငါ အပေါ်စီးက ကြည့်ခဲ့ဖူးတယ် ။
အရင်တုန်းက ငါ့မြို့လေးမှာ
ငါ အနွေးဓာတ် မရတဲ့လူ မရှိဘူး
အခု ငါ မသိတဲ့လူတွေ ကျယ်ပြန့်လာတယ်
ငါ ဖမ်းမမိတဲ့ စိတ်ကူးတွေ ပြေးလွှားနေတယ်
ရှုခင်းကို ဆွဲဆန့်လိုက်တော့
ငါ မရောက်တဲ့ အဆောက်အဦတွေ မြင့်တက်လာ ။
အရာရာကို ငါ့ဘက်က လိုက်လျောခဲ့တယ်
ငါ့မှာ ငါ့ဘက်က သွားရမယ် ဆိုတဲ့ အသားတံဆိပ် ပါလာလို့
ဘဝတစ်ပါးအထိ သွားခဲ့တယ်
မြို့အပြင်သို့ နေရာင်ခြည်သို့ ။
ငါ ရပ်နေတဲ့ လမ်းနာမည်ကို ငါ မသိတော့
ငါ လျှောက်နေတာ ဘယ်မှမရောက်ဘူး
အဲဒီတုန်းက ငါ့အကိုင်းအခက်ဟာ
လမ်းနဲ့မလွတ်လို့ အခုတ်ခံရတာ ။
လောကဟာ မထူးဆန်းတော့ဘူးလား
အမြဲတမ်း ရယ်နေတတ်တဲ့ ငါ့အစ်ကိုတစ်ယောက်ဆို
အခုထိ ရယ်နေတုန်း
လောကဟာ မထူးဆန်းဘူး ဆိုတဲ့
ငါ့ငယ်သူငယ်ချင်း ကျော်လင်းထွန်းဆိုလည်း
လမ်းဘေး လက်ဖက်ရည်စားပွဲမှာ
အခုထိ ဓားစိုက်ထားတုန်း ။ ။
#စိုင်းဝင်းမြင့်
၂၀၀၂
#မြို့တွင်းပြောအဝေးပြော
တစ်တွဲတည်းနေ ဝဋ်ဒုက္ခများ
အခန်းတံခါးနဲ့ လှေကား
အမြဲတမ်း သော့ခတ်ထားတယ် ။
နံရံမှာ တစ်ရောင်တည်း စိတ်လေစိတ်လွင့်
လမ်းက အသံမှုန် အသံစ လွင့်
တစ်ယောက်ယောက်ကို အသင့်ပြင်ထားတဲ့
တွဲလောင်းကျ လူခေါ် ခေါင်းလောင်းကြိုးများ
မျက်နှာချင်းဆိုင် အခန်းတွဲများမှာလည်း
ကိုယ့်အတွေးအခေါ်လို လမ်းမမျှော်များ
အခေါင်းထဲ အလောင်းမရှိသလို
အမြဲတမ်း အဝတ်အထည်များ ။ ။
#စိုင်းဝင်းမြင့်
#အကိုင်းတစ်ခုတည်းတစ်မြို့စီလွဲလို့
မမြင်ရတော့
ဘာမှ မတွေးခေါ်ဘူး
ဘယ်အရာမဆို ထိစမ်းဖို့
ငါ့လက်တွေ ။
လမ်းဆိုတာ သွားဖို့
ဂီတကို ရပ်တန့်လိုက်ရင်
အသက်ဇီဝ ပြတ်တောက်သွားမယ် ။
ညို့တတ်လာတဲ့ မိုးသားတွေကို
ကိုယ့်ဘက်ပါအောင် ညှို့ယူနေရတာ
ဒီတစ်ခါလည်း
သွေးပျက်ဖွယ်ရာ ခွဲခွာရတယ်
အိမ်အပြန် အမြန်ယာဉ်က
အခုထွက်မယ် ဆိုတာချည်းပဲ ။
တစ်ချက်ခြစ် တစ်ချက်တောက်
နံရံကို အဆက်မပြတ် ထွင်းဖောက်နေတယ်
သေခြင်းမှာ မင်း ချိန်းတယ်ဆိုလည်း
‘ ပြာ ’ ဆိုတာ
ဘယ်တော့မှ မစွဲလောင်တော့ဘူး
ရေတံခွန်လို ကြယ်တံခွန်လို
တူနှစ်ကိုယ်တွေ့တုန်း အပျော်မှာ အပြုံးထည့်လိုက် ။
ဟိုဘက် စာမျက်နှာမှာ တစ်ခုခု ရေးနိုင်လိမ့်မယ်
ငါ့လက်ဟာ တုန်ယင်နေတုန်းပဲ ။ ။
#စိုင်းဝင်းမြင့်
၁၄ ၊ ၁၀ ၊ ၂၀၀၂ ။
#နားစွင့်လိုက်တော့သစ်ရွက်တွေကိုလေတိုးတဲ့အသံ
ကျောက်ဆောင်ကို ပင်လယ်လှိုင်းက ရိုက်ခွဲနေတာ
ဘဝကို တစ်ယောက်တည်း မတွေးခေါ်နဲ့
အချစ်နဲ့ လွဲရင် ကမ္ဘာနဲ့ လွဲမယ် ။
ဝေးကွာခြင်းက တစ်နေကုန်ရွာပြီး
တစ်ညလုံး မတိတ်တဲ့
မိုး
တို့နှစ်ယောက်ကြားမှာ
ဖိနပ်တစ်ရန် ကုန်သွားပြီ ။
အိပ်တန်းပြန် ငှက်ကလေးက အဝေးသင်
သစ်ရိပ်ဟာ နံရံမှာ တွေးထင်နေဆဲ
ငါ မင်းဆီမှာ ယဉ်ကျေးခဲ့ပြီ ဆိုတော့
ငါ့သွေးလို ငါ့လက် မမြန်တော့ဘူး ။
မင်း မျက်ဝန်းက
မိုးလေဝသ သတင်းတွေက ထုတ်လွှင့်လို့
မင်း နှုတ်ခမ်းက
ယာဉ်ကြောများ အဆက်မပြတ်
လမ်းမဟုတ်တဲ့ နေရာက
ငါ ဖြတ်ကူးခဲ့တယ် ။
တစ်စကနေတစ်စ ကူးစက်
လေတိုးရာ ရှေ့ဆက်နေတဲ့ ဆီမီးတန်းလေးကလည်း
မြေနီလမ်းလေးအတိုင်း
လှိုင်းထလို့ ။
မြို့အပြင်
တိုးဝင်နေတဲ့ နှင်းတွေ
လက်တစ်ဖက် ထိုးထည့်လိုက်ရင်
လက်တစ်ဖက် ပျောက်ကွယ်လို့
ရောက်ရာအရပ်က နွယ်မြက်သစ်ပင်ဟာ
သံဆူးကြိုးမှာ တွယ်တက်လို့ ။ ။
#စိုင်းဝင်းမြင့်
#လူနာ
အထက်မှာ မျက်နှာကြက်
အောက်မှာ ထွေးခံ ။
ဝင်သက်ထဲမှာ
ဝေ့ဝဲနေတဲ့ ရောဂါပိုး
ထွက်သက်ထဲမှာ
ဝေ့ဝဲနေတဲ့ ဆေးနံ့ ။
လူတစ်ယောက်ဟာ
ဝေဒနာတစ်မျိုး
အခု ထိုးနေတဲ့ ဆေးက
အသက်ကယ်ဆေး ။
လူနာက လူနာကို ခွဲစိတ်တယ်
လူနာက လူနာကို ဆေးတိုက်တယ် ။
ဝေဒနာတွေ အုံကြွနေတဲ့
၃၁ ဘုံ ဆေးရုံကြီးပေါ့
နာနေတဲ့ လူတစ်ယောက်ကို
နာနေတဲ့ လူတစ်ယောက်က
စောင့်တယ် ။ ။
#စိုင်းဝင်းမြင့်
#သွေးသားဖြေဖျောက်ရုံဖြင့်မပြေပျောက်နိုင်သော
‘ ရှင်နဲ့ ကျွန်မ
ဘာအကန့်မှ မရှိဘူး ’
( နှင်းဆီဆူးဟာ နှင်းဆီပင်ကို
အသက်ဝင်စေရဲ့ )
တည်းခိုခန်း အထွက်မှာ
ကျွန်တော့်ကို ငေါက်ငမ်း မောင်းထုတ်တယ် ။
‘ ဘဝရဲ့နောက်ကွယ် ရှင် မမြင်ပါဘူး ’
‘ ဘာလုပ်ရမှာလဲ ရုပ်ရှင် ’
‘ ရှင့်မှာ အခန်းရှိလား ’
‘ ကျွန်မ မရောက်ဖူးတဲ့ အမှောင် မရှိဘူး ’
‘ ကျွန်မမှာ ခန္ဓာပဲရှိတော့ ခန္ဓာပဲ ရင်းရတယ် ’ ။
ကျွန်တော်ဟာ ခေတ်မစားသေးတဲ့
စိတ်ကူးယဉ် ပြုပြင်ရေးသမား ။
တစ်နေ့ခင်းလုံး ငါ မင်းကိုရှာတယ်
ဘတ်စ်ကားဂိတ်မှာ
ရုပ်ရှင်ရုံအောက်မှာ
ငါ မင်းကိုရှာရင်း
ငါ မင်းကို မတွေ့ပါစေနဲ့ ဆုတောင်းတယ် ။
စတွေ့တုန်းက ယဉ်ဝင်းခိုင်
နောက်တစ်ခါတွေ့တော့ မီးယ်
၂၀၀၃ မှာ
မင်း နာမည် ဘယ်လောက်
မင်း ငရဲခန်း ဘယ်လောက် ။ ။
စိုင်းဝင်းမြင့်
#စင်္ကြံလမ်း
စိတ်ကူးတော့ အရိပ်ထင်တယ်
ထိစမ်းမိတော့ လန့်အော်တယ်
မြေပြင်ပေါ်က ဆွဲတင်လိုက်သလို
ဝါးရုံဖျားက ဆွဲချလိုက်တယ်
ညောင်ရွက်လို့လည်း ပြောတယ်
လဲမှို့ဆိုပြီး အသွင်ပြောင်းတယ်
ဆန့်သောလက် မကွေးခင်
ဝေးသော အကြောင်းတွေ ။ ။
#စိုင်းဝင်းမြင့်
‌#နိရောဓကဗျာ
ဒဏ်ရာထက် ပိုလှပတဲ့ ဆေးမင်ကြောင်
မရှိဘူး ။
ငါ့သွေးထဲ
ငါ အမြဲ ရောက်နေတယ်
ငါ့အရိုးထဲ
ငါ အမြဲ ရောက်နေတယ်
ငါ့နှလုံးသားနဲ့ ဝေးရာကိုတော့
ငါ အမြဲ သွားနေတယ် ။
ကမ္ဘာကြီးပေါ်မှာ
သေသူနဲ့ ရှင်သူ တစ်ခုတင်တည်း
အနုပညာ ဆိုတာ
သံသရာအထိ အလံပါမယ် ။ ။
#စိုင်းဝင်းမြင့်
#တစ်ယောက်တည်းစကား
မမြင်ရတာတွေ အာရုံမှာ မထင်နဲ့
တခြားအသံတွေ မကြားစေနဲ့
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်အောင်ထား
လူအုပ်ထဲ ဖြတ်လျှောက်
တစ်ယောက်တည်း မနေနဲ့
စိတ်ကို မနည်းထိန်းထား
ဘာရောဂါမှ မဖြစ်ရင် သောက်တဲ့ဆေး
အခု သောက်ရမယ် ။ ။
စိုင်းဝင်းမြင့်
##
စိုင်းဝင်းမြင့်pageမှကူးယူသည်။

ငါနေထိုင်တဲ့တိုင်းပြည် ၂-ရင်ရိုး

ငါနေထိုင်တဲ့တိုင်းပြည် ၂
။။။။။။။။။။။။။။။။။။။။။။။။။။။။၊။
ပြစ်မှုကျူးလွန်တာလည်းသိ
တရားခံလည်းမိ
ထောင်မချရဲတဲ့တိုင်းပြည်မှာ ငါနေထိုင်တယ်၊

စစ်သားကြီးပါပဲ
ခြေထောက်တစ်ဖက် ပြတ်သွားတော့
သူတောင်းစားလို အကြည့်ခံရတဲ့တိုင်းပြည်မှာ ငါနေထိုင်တယ်၊
တစ်ဦးတစ်ယောက်ကို ကာကွယ်ဖို့
တစ်ဦးတစ်ယောက်ကို နင်းချေဖို့
နှစ်ဦးနှစ်ယောက်အတွက်
အခြေခံဥပဒေရှိတဲ့တိုင်းပြည်မှာ ငါနေထိုင်တယ်၊
အနာလည်းသိ
ဆေးလည်းရှိ
ဆေးကုမခံတဲ့လူမမာလို
ရောဂါအမြစ်မပြတ်တဲ့တိုင်းပြည်မှာ ငါနေထိုင်တယ်၊
ရှူးတိုက်တိုင်း ကိုက်တဲ့ခွေးတွေလို
ရန်သူလား မိတ်ဆွေလား မခွဲခြား
အကောင်းလား အဆိုးလား မခွဲခြား
အသိဥာဏ်နုံနဲု့သူတွေရှိတဲ့တိုင်းပြည်မှာ ငါနေထိုင်တယ်၊
ကိုယ်က စားပိုးနင့်အောင်စား
မကုန်တော့တဲ့စားကြွင်းစားကျန်တွေကို
စေတနာရှင်မျက်နှာပေးနဲ့
အရပ်လှည့်ဝေတဲ့စောက်ချိုးမျိုးရှိတဲ့တိုင်းပြည်မှာ ငါနေထိုင်တယ်၊
အိတ်ထဲက ဖားတွေလို
ငါတို့မှာ အထိတ်ထိတ်အလန့်လန့်
ငါတို့ဆုပ်ကိုင်ထားတဲ့အခွင့်အရေးဟာ
ဘယ်အချိန်လွတ်ကျသွားမလဲ အထိတ်ထိတ်အလန့်လန့်
ဘယ်လောက်ပဲပြေးပြေး
ငါတို့ဟာ ခါးမှာ ကြိုးချည်ခံထားရတဲ့ခွေးပဲ။
ရင်ရိုး

အချစ်-လူဘုန်း

"အချစ်​"
---------
မှား ပိတ်​မိတဲ့ မီးခလုတ်​ကို
ပြန်​ မဖွင့်​တတ်​​တော့ဘူး။
အ​မှောင်​မှာ
အ​ရောင်​​တွေ မြင်​​နေရတယ်​။
မြေပြင်​မှာ
ကြယ်​စင်​​တွေ မြင်​​နေရတယ်​။
ကြက်​ကန်းဟာ
ဆန်​အိုးကို တိုးတိုက်​မိပါပြီ။ ။
လူဘုန်း

ခွပ်ဒေါင်း ဝါဒ-မြတ်ထက်

ခွပ်ဒေါင်း ဝါဒ
----------------------------------------
ခွပ်ဒေါင်းဟာ
အာဏာမငတ်သလို
သာရာကို မကပ်ဘူး။

မွတ်ငတ်မှုထက်
လွတ်လပ်မှုကို
အထွဋ်အမြတ်ပြုတယ်။
သေရည်နဲ့မျှား
ရွှေခြည်နဲ့တားပေမယ့်
အခြေမတည်တဲ့ တရားကိုတော့ လက်မခံ။
မှန်တာပြောလို့
သံသရာကြောမှာ
အဖန်တရာ မျောလည်း မမှု။
အမြိုက်တရားမနီး
တိုက်ကားမစီးမို့
မိုက်အားကြီးလို့ ပြောချင်ပြော။
ချွေးမသုတ်ဘူးဆိုတဲ့
တေးတပုဒ် ကြူးနေတာ
သွေးစုပ်ဘီလူးကို သုတ်သင်ဖို့ ။
ငါတို့မျှော်မှန်း
ပန်းတိုင်အရောက်
မရပ်မနားလျှောက်မယ်
နောက်ကျတဲ့ခြေထောက်
သစ္စာဖောက်။
မြတ်ထက်
၃ ၆ ၁၉၈၉
(မြတ်ထက်(ခ)ဆရာဒေါက်တာအောင်ကျော်ဦးဟာဗမာပြည်လွတ်မြောက်ရေးနဲ့ဒီမိုကရေစီရေးအတွက်၁၈၉၁၉၈၈နောက်ပိုင်းအိန္ဒိယနယ်စပ်ဘက်သို့တောခိုကာတော်လှန်ရေးသမားဘဝကိုဖြတ်သန်းရင်းရေးစပ်ဖြစ်ခဲ့သောကဗျာများမှ-)
(''မဇ္ဈိမခရီးသည်၏ တောလမ်း''ကဗျာစာအုပ်မှ။)

"နိုင်​ငံ​တော်​သီချင်း"-တီကျူး

"နိုင်​ငံ​တော်​သီချင်း"

ခေါင်းစဉ်​တစ်​ခုတည်း​အောက်​မှာ ကဗျာလုပ်​ရတာပျင်းလာတိုင်း
ခေါင်းစဉ်​အများကြီးနဲ့
စာသားတစ်​​ကြောင်းချင်​လာတယ်​။

အခုအခါ
စက်​​သေနတ်​ထဲ တဖြတ်​ဖြတ်​ပွင့်​​နေတဲ့ကျည်​ဆံ​လေးလို
စိတ်​ဟာ တဆတ်​ဆတ်​ (ဇတ်​ဇတ်​)
ရပ်​မရတဲ့ရထား​ပေါ်မှာ ​မြောပါလို့
အခု
ခင်​ဗျားဟာ ဟစ်​တလာဖြစ်​လာတယ်
ခင်​ဗျားဟာ မီးစတစ်​ဖက်​ ​ရေမှုတ်​တစ်​ဖက်​နဲ့
လက်​မည်းကြီးလည်းဖြစ်​လာတယ်
ခင်​ဗျားဟာ လူစည်​ကားရာအရပ်​မှာ
နားထင်​ထဲဖြတ်​စီးသွားတဲ့
ကျည်​ဆံတစ်​​တောင့်​လည်းဖြစ်​လာတယ်
ခင်​ဗျားဟာ ​ကျောခိုင်းခံထားရတဲ့ ဥပ​ဒေ ဘုတ်​အုပ်​ကြီးလည်းဖြစ်​လာတယ်​။
အဲသလိုမျိုး
နိုင်​ငံတစ်​ခုတည်း​အောက်​မှာ ပြည်​သူလုပ်​တမ်း​ဆော့ကစားရတာပျင်းစရာဆို​တော့
အခုတိုင်းပြည်​အများကြီးနဲ့ ကမ္ဘာသားချင်​လာပြန်​တယ်​။
ငါတို့မှာက
အနာဂတ်​ ​ပျောက်​​နေတဲ့ ဘဝ​တွေနဲ့
ဟန်​​ဆောင်​ပန်​​ဆောင်​ သိမ်းဆည်း ဖျက်​စီးပြတဲ့
မှုးယစ်​​ဆေး​တွေနဲ့
ငါတို့မှာက
မိုင်းနင်းမိတဲ့ ​ခြေ​ထောက်​​လေးတစ်​ဖက်​နဲ့
မိဘမဲ့ က​လေးသူငယ်​​တွေနဲ့
ငါတို့မှာက
မျက်​စိပိတ်​ နားပိတ်​ ပါးစပ်​ပိတ်
မျိုးဆက်​ ပိတ်​ သတ်​ထားတဲ့ ပညာ​ရေးစနစ်​​တွေနဲ့
ငါတို့မှာက
တာဝန်​ခံ တာဝန်​ယူမှုမရှိတဲ့ ကျန်းမာ​ရေးစနစ်​​တွေနဲ့
ငါတို့မှာက
အိမ်​​ခြေယာမဲ့ ယိုင်​နဲ့​နေတဲ့
စီးပွား​ရေးအလုပ်​လက်​မဲ့​တွေနဲ့
ငါတို့ဟာ ဘက်​​ပေါင်းစုံ ခြိမ်း​ခြောက်​မှု​တွေနဲ့
လူသားစစ်​စစ်​ကမ္ဘာမှာ
နေ့စဉ်​​နေ့တိုင်း​ ကျောက်​သံပတ္တမြား​တွေပွင့်​ပြ​နေရတာပါကွယ်​။
တီကျူး
1-8-2017

သြဂတ်စ် ရေဒီယို-သင်းရည်လွင်

သြဂတ်စ် ရေဒီယို
_______________________________
သင်းရည်လွင်
သည်လိုဖွင့်ရမယ်လို့ ပြောသံကြားတယ်
လမ်းပေါ် အသံတွေအတုံးအရုံးပြိုလဲနေတဲ့ အခါ
အမေ ကဘုရားစင်ရှေ့ ဆုတောင်း လို့ 
သူတို့ ဈေးကပြန်လာတော့
နောက်ဖေး လမ်းကြားကို အပိုင်သိမ်းလိုက်ပြီ
ဟိုတစ်ယောက် ကောက်ပင်ရိတ်လှီး သလိုပဲ
အဝတ်တစ်ထည် ကိုယ်တစ်ခု ကို
စိုးရိမ်စိတ်နဲ့  လျှော်ဖွတ်နေရတဲ့ ချွေးတွေ
ကြောက်စိတ် ပျောက်ဖူးတာ
ဒါ ပထမဆုံး အချစ်သီချင်း ပဲ
သိလား အချစ် ရေ
နောက်ဆုံး ပြခန်းတော့ မဟုတ်ပါဘူး
ခလုပ်ကို သေချာပြန်ပိတ်ပြီး
မြို့ ကလေးကို မီးမှိတ်လိုက်ပါ တယ်
ဘယ်တော့မှ ပြန်မရလိုက်ပါဘူး ။ ။

________________________________________________
1..8..2017
4.. 56 am

တောမှတ်စု -သင်းရည်လွင်

တောမှတ်စု
---------------------------------------------------------------------------သင်းရည်လွင်
တောအုပ်ထဲ ဝံပုလွေတွေများလာပြီ
ယုန်ကလေး အိပ်မက်မကောင်းဘူး
မုန်လာဥ တွေ သည်းသည်းမဲမဲ တူးနေရုံ
တစ်ထစ်ချ ဆုံးဖြတ်လိုက်တဲ့ ပုံပဲ
မှော်ဆရာ က
ဆေးမြစ် ကို ဖိုထဲထည့်တယ်
ဥုံဖွ တွေ အစွမ်းထက်နေတုန်းမို့ လား
တောဟာ
သဘာဝယန္တရား ကိုလက်လျှော့လိုက်ပေါ့
ခေတ်တစ်ခု လုံး
သူ့ အပေါ်ပုံကျလာလိုက်တာ
ဥတုသုံးပါးလုံး လွဲချော်ခဲ့တယ် ။ ။

ေ ျမ ႀကီ း ေ ပၚ မွ ာ - ေ မ ာ င္ ေ ခ် ာ နွ ယ်

ေ ျမ ႀကီ း ေ ပၚ မွ ာ
*****************
ေ မ ာ င္ ေ ခ် ာ နွ ယ်
******************
အာရုံအလျဉ်ထဲ
စွဲလမ်းမှုသီအိုရီတွေ ရောက်ရောက်လာ
သစ်သစ်သွားကြ l
တစ်ယောက်တစ်မျိုးစီ မှားခဲ့ကြတယ်တဲ့
သံသရာကို ချစ်တယ်တဲ့
ရွှေသားသံယောဇဉ်လေးကို မြတ်နိုးတယ်တဲ့
အချိန်တန်ရင်တော့
ကိုယ့်ဇာတိဆီကို ပြန်ကြရတာပဲတဲ့
အေး ……
ငါ့ဇာတိဟာ အလွမ်းဖြစ်တယ် ။
ပြဇာတ်ဆန်ဆန် အရောင် အရိပ်တွေ
ငါ အလွန်မုန်း
မြုံးမိတဲ့ ငါး အသက်ရှင်စဉ်မှာ
ဘာတွေ တွေးခေါ်နေမိမလဲ
ငါ သိချင်မိ
ငါ ကိုယ်တိုင် မြုံးမှာမိမှပဲ
လွတ်လမ်းကိုသာ လိုချင်ခဲ့မိ
အရင်လို ဘဝ ဆိုးထဲကိုပဲ
လွတ်ချင်ရဲ့
ဒါ ဘဝရဲ့ အဘိဓမ္မာပဲ
သေချာရဲ့
အိပ်မက်ဆန်ဆန်တွေ လာရောင်းဝယ်မနေနဲ့
စက္ကူလေယာဉ်ကလေးကို လက်ထဲက လွှတ်လိုက်ပြီ ။

မြစ်ဆိပ်-မောင်အောင်ပွင့်

မြစ်ဆိပ်
=======
နွားတွေက
သူ့ခြေရာပေါ်နင်း
သူက
နွားခြေရာတွေပေါ်နင်းနဲ့
အဲ့ဒီနေ့ခင်းက
ဖုန်တထောင်းထောင်းထဲ
မြစ်ဆိပ်ကိုဆင်းသွားလိုက်ကြတာ
လူကဦးဆောင်တာလား
နွားတွေကဦးဆောင်တာလား။

နှင်တံကိုထောက်မှီလို့
နောက်ရို့ ရပ်ကျန်ခဲ့တဲ့
လမ်းပေါ်ကသူ့ရုပ်ပုံ
မှုန်ဝါးရာကလင်းလာတော့
အိုမင်းပုံမြန်ဆန်လိုက်တာ။
ခဏနေတော့
သူလည်း
နွားတွေလို
ရေဆင်းသောက်တော့တာပါပဲ။ ။
မောင်အောင်ပွင့်

အသည်းစွဲကဗျာဆရာ-၅-အောင်ချိမ့်

အသည်းစွဲကဗျာဆရာ-၅
=================
သူတို့အနုပညာက
ငွေတွေရပြီး
ငါတို့အနုပညာက
ငွေတွေ မရဘူး။

ဒါကြောင့်မို့ ငါဟာ ဒေဝဒတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ မာရ်နတ်ဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ ဦးကျောက်လုံးဖြစ်ခဲ့ရ
ဒါကြောင့်မို့ ငါဟာ အမေ့ အထင်လွဲ ခံခဲ့ရ။
ဆိုင်းဘုတ်တိုင်းက
အငြင်းပယ်ခံခဲ့ရ။
ဘုရားက အနုပညာကို
တားမြစ်တော်မူပါတယ်။
ငါ့မှာ
ဘုရား တားမြစ်တဲ့အရာကို
ငွေမရ ရွှေမရ
ချစ်ခဲ့ရ။ ။
အောင်ချိမ့်

ငါးရိုးနင်တဲ့ ငွေလမင်း-မောင်အောင်ပွင့်

ငါးရိုးနင်တဲ့ ငွေလမင်း
===============
ဆာကလည်း ဆာလောင်
မြို့လယ်ခေါင်ကြီး
လရောင်တောင်မရှိ။
ကောင်းကင်မော့ကြည့်မှ
ဟော့ဟို တိုက်အမိုးပေါ်မှာ
ထိုးထိုးထောင် အပြိုင်အဆိုင်
TVတိုင်တွေရှုပ်ယှက်ခက်
လမျက်နှာအရိုးနင်ပုံ
မြင်ယုံနဲ့မော
တောပဲပြန်ချင်ပါတော့တယ်...။ ။
မောင်အောင်ပွင့်
(25.4.89)

ယုဇန(၂)-မိုဃ်း​ဇော်

ယုဇန(၂)
----------------------------------------------------------------------
မိုဃ်း​ဇော်
အ​ကောင်းမြင်​တဲ့လူ​တွေက
ဒီ​နေရာ​လေးကိုသာယာလိုက်​တာလို့​ပြောပြီး
အဆိုးမြင်​တဲ့လူ​တွေက
ဒီ​နေရာဟာ​ဝေးလံ​ခေါင်းပါးလိုက်​တာလို့
အ​ပြောခံ​နေရတဲ့ ယုဇန။

အရာရှိ​ဟောင်းက​တော်​တစ်​​ယောက်​က
အခ​ကြေး​ငွေနဲ့တယ်​လီဖုန်း​ခေါ်​ပေး
အငြိမ်းစားသ​ဘောင်္သားတစ်​​ယောက်​က
အောင်​ဘာ​လေထီလက်​မှတ်​က​လေး​တွေ​ရောင်း
ပင်​စင်​စားလက်​​ထောက်​ညွှန်​ကြား​ရေးမှူးတစ်​​ယောက်​က
အ​ပေါစားအလှကုန်​က​လေး​တွေ
လမ်း​ဘေးခင်း
မိုဟာမက်​ယူနွတ်​က​တောင်
ဘောဂ​ဗေဒပညာပြန်​လည်​သင်​ကြားရမယ့်​ယုဇန။
နေပြည်​​တော်​သွားမယ်
နေပြည်​​တော်​သွားမယ်​လို့
တဖွဖွရွတ်​ဆိုရင်း
သံ​သေတ္တာတစ်​လုံးကို​လှေကားရင်းမှာချ
လက်​​တွေ့ကျ
ဘယ်​ကိုမှမသွားဖြစ်​တဲ့လင်​မယားလည်း​နေထိုင်
မယားငယ်​ကလင်​ငယ်​ပြန်​ထားလို့
လင်​ကြီးကမယားကြီးရဲ့အကူအညီယူပြီး
မယားငယ်​ကို
တိုက်​ခန်း​ပေါ်က​မောင်းချ လိုက်​တဲ့
ဇာတ်​လမ်းလည်းရှိခဲ့ဖူး။
ခြင်းထဲကကြက်​​တွေလို
ငါတို့မဟုတ်​ဘူး။
ငါတို့ဟာခွန်​အားနဲ့ကြွက်​သားနဲ့
အချ စ်​နဲ့အိပ်​မက်​နဲ့
တကယ့်​လူသား​တွေ။
ဒီတစ်​ခါခရစ္စမတ်​ကျ ရင်
တောင်​​ပေါ်သား​တွေရဲ့ဓမ္မ​တေးသံစဉ်​ကို
ငါ ပြန်​လည်​နား​ထောင်​ချ င်​တယ်​ယုဇန​ရေ။
လူ့ဘဝမှာ
ယုဇနဆီ
ဒုတိယအကြိမ်​ ငါပြန်​​ရောက်​ခဲ့ပြီ။
သရဖူမဂ္ဂဇင်း၊မတ်​၊၂၀၁၂။

ရယ်စရာမကောင်းတဲ့ချာလီ-ရိုးထင်

``ရယ်​စရာမ​ကောင်းတဲ့ ချာလီ ´´
(၁ )
ချာလီ့ရဲ့အခန်းထဲမှာ ဝိုင်​ခွက်​​တွေ ပြည့်​​နေတာပဲ
ခရမ်းချဉ်​သီးအရွယ်​မီးလုံး​လေးက
နံရံ​ပေါ် ၊ မျက်​နှာကျက်​​ပေါ်၊ကြမ်းပြင်​​ပေါ်
အကုန်​မ​ပေါ်ရုံ​ကောင်​မ​လေးက
ဆံပင်​​တွေ ဖြီးလိမ်းခြယ်​သ​နေ...။

(၂)
လေလည်းမတိုက်​ဘူး
မိုးသံမကြားရဘူး
ချာလီ့ရဲ့စာရွက်​​တွေက အ​သေ
စီးကရက်​​ငွေ့တစ်​​မြေ့​မြေ့ကြားမှာ
ကြည့်​စမ်း
ယင်​​ကောင်​​တွေ​သေဆုံး​နေလိုက်​ပုံက
လှ​သွေးကြွယ်​ကြွယ်​...။
(၃)
တယ်​လီးဖုန်းကြိုးကြီးက တဒီးဒီးနဲ့ထခုန်
ခြင်​​တွေ တဝုန်းဝုန်းနဲ့ ယိမ်းထိုး​နေကျ
ချာလီရယ်​ ​ကောင်​မ​လေးရယ်​ အခန်းရယ်​။
(၄)
ချာလီ့လက်​​တွေ ဝိုင်​ခွက်​​ပေါ်​ရောက်​သွားတယ်
ကောင်​မ​လေးရဲ့နှုတ်​ခမ်းမှာ စီးကရက်​တစ်​လိပ်​က ကပိုကယိုနဲ့
တစ်​ခန်းလုံးတိတ်​ဆိတ်​​နေတာ
ကိုယ့်​ကိုကိုယ်​ သဂြို လ်​ပစ်​ရမဲ့
သုသာန်​ကြီးလို...။
(၅)
``ချာလီ...မင်းဝိုင်​ကို​သောက်​မှာလား
ငါ့ကို​သောက်​မှာလား ´´
ကောင်​မ​လေးရဲ့ရင်​​ခေါင်းသံစကားကြီးကို
ချာလီ​သွေးအပျက်​ပျက်​ဖြစ်​သွား...
ကတုန်​ကယင်​ ကဗျာကယာဖြစ်​သွား
အခန်းထဲက မီးလုံးကတစ်​ယမ်းယမ်းနဲ့...။
(၆)
ချာလီမတ်​မတ်​ရပ်​လိုက်
မေး​ကြောကြီးထ​ထောင်​လာ​အောင်​ သွား​တွေတကျိကျိ
``ငါ့ သမီး​လေး ​မျှော်​​နေ​တော့မယ်​ ရှယ်​လီ ငါသွား​တော့မယ်​ ´´
ဝိုင်​ခွက်​ကို တင်းတင်းဆုပ်​ပြီး​ပြောလိုက်​တဲ့
ရိုးသားသံကြီးမှာ
ရှယ်​လီ့်ရယ်​သံက တိတ်​တိတ်​ဆိတ်​ဆိတ်​။
(၇)
ဘာ​တွေလိုအပ်​ခဲ့လဲ
ဘာ​တွေထပ်​လိုအပ်​ဦးမှာလဲ
အနမ်း​တွေ ရုန်းကြွလာလည်း
သမီး​လေးရဲ့ပါးပြင်​​ဖွေး​ဖွေး ​မွှေးမယ်
ငါသွားပြီ ရှယ်​လီ...။
ရိုးထင်

အခင်းဖြစ်ပွားရာနေရာ- အောင်ခိုင်မြတ်

အခင်းဖြစ်​ပွားရာ​နေရာ
||||||||||||||| အောင်ခိုင်မြတ် ||||||||||||
တစ်​​ယောက်​ကရထားလက်​မှတ်​ရဖို့တန်းစီ
တစ်​​ယောက်​က​ဘောလုံးပွဲလက်​မှတ်​ရဖို့တန်းစီ
တစ်​​ယောက်​ကအ​သေခံဗုံးခွဲဖို့တန်းစီ

ရေ​တောင်​​သောက်​စရာမရှိသူဟာ​ရေကြီးလို့
လေ​တောင်​ရှူစရာမရှိသူဟာမုန်​တိုင်းမိလို့
တစ်​​ယောက်​ကအရင်းရှင်
တစ်​​ယောက်​ကအာဏာရှင်
တစ်​​ယောက်​က​မြေပိုင်​ရှင်
ငါတို့ကမ​သေမရှင်
အခင်းဖြစ်​ပွားရာ​နေရာမှာ
လူသတ်​သမားဟာနန်း​တော်​​ဆောက်​ထားတယ်
ဂျော်​နီလမ်း​လျှောက်​အ​သောက်​မပျက်​ဘူး
ခရီးသွားဧည့်​သည်​​တွေလည်းဝင်​ထွက်​လို့
ဒေသခံ​တွေလည်းအလွမ်းအ​ဆွေးမပျက်
အဖိုးကစစ်​​ပြေး အ​ဖေကပြည်​​ပြေး
သားကအိမ်​​ပြေး
မြေးကဘယ်​​ပြေးရမလဲ
အခင်းဖြစ်​ပွားရာ​နေရာမှာ
အကုန်​အ​လောင်း​တွေချည်းပဲ
အခင်းဖြစ်​ပွားရာ​နေရာမှာ
ခင်​ဗျားပုံကို​ပြောင်းပြန်​ချိတ်​ထားတယ်
||||||||||

စိတ်အချဉ်ပေါက်နေတဲ့ အသံဗလံ

စိတ်အချဉ်ပေါက်နေတဲ့ အသံဗလံ
=====================
ပြည့်တန်ဆာမတယောက်ရဲ့ပုံတူ
ဆေးဆိုးပန်းရိုက် ရိုက်ထားတဲ့အင်္ကျီဝတ်ပြီးလမ်းသလားတော့
ရဲကငါ့ကိုရှိုးတယ်
အထက်တန်းကျကျ
ရပ်ကွက်ထဲငါကိုင်တုပ်တော့
ရပ်ကွက်အုပ်ချုပ်ရေးမှုးက
နောက်နောင်အလားတူဖြစ်ရပ်မဖြစ်စေဖို့
ခံဝန်ကတိလက်မှတ်ထိုးခိုင်းတယ်
ငါ့ဘက်ကအာမခံက
ဖာခေါင်းတယောက်၊အရက်သမားတယောက်
ငါလမ်းလျှောက်ရင်း ခွေးကိုက်ခံရတော့
ခွေးဟာ ပိုင်ရှင်မဲ့
ငါက ခွေးကိုရိုက်သတ်တော့ ခွေးပိုင်ရှင်က
ရပ်ကွက်ရုံးထပ်တိုင်တယ်
ခေတ်ပြောင်းသွားပြီ စနစ်ပြောင်းသွားပြီတဲ့
အုပ်ရေးမှူးမလာခင် သူ့တပည့် ရုံးပြာတာလေးက
ငါ့ကိုလက်ချာရိုက်တယ်
ငါကလည်းငါပဲ
မီးပျက်လည်း ဆဲ
မီတာခတိုးကောက်လည်း ဆဲ
ဘတ်စ်ကားတွေကြပ်တော့လည်း ဆဲ
ကုန်ဈေးနှုန်းကြီးတော့လည်း ဆဲ
တရားသောသပိတ်ဖြိုခွဲခံရတော့လည်း ဆဲ
မတရားသောသပိတ်ထမှုကိုမဖြိုခွင်းလို့လည်း ဆဲ
အစိုးရမကောင်းဘူးလို့ ငါထပ်ဆဲတော့
ငါ့ကို ဖားတွေက
ဆိတ်လစိရိုက်သံလိုတဖက်ဖက်ပြန်ဆဲကြတယ်
ငါကလည်းငါပဲ
ငါးကျည်းအစူးခံထားရတဲ့လက်ချောင်းဆိုတာ
သေးနဲ့ပန်းမှအဆိပ်ပြေမယ်ထင်ထားတာကိုး...။ ။
လွတ်လပ်မိုး
(10.aug.17)

ငှက်-တီကျူး

ငှက်
🕊🕊🕊🕊
ညင်​သာနုညက်​တဲ့
တောင်​ပံခတ်​သံသဲ့သဲ့ကို
ချစ်​ခြင်း​မေတ္တာနဲ့ခတ်​ခဲ့တယ်
ကမ္ဘာကုန်​ကျယ်​သ​ရွေ့။

တီကျူး
14-8-2017
( 13 နှစ်​ပြည့်​ လွမ်းဆွတ်​ခြင်း )

ဇလုပ်တိုက်ခြင်း-တီကျူး

ဇလုပ်​တိုက်​ခြင်း
🛠🛠🛠🛠🛠
သွေးတက်​​အောင်​လုပ်​​နေပုံက
တစ်​​နေ့ တစ်​​ကြောင်းရ တစ်​​ရွှေးရ ​ရွှေဥတစ်​လုံးရ ကဗျာ
ဒီလိုပဲ
ရောင်းမလားအစ်​ကို​ရှေ့လည်းဖြတ်​​လျှောက်​ရတယ်
သွားမလားအစ်​ကို​ရှေ့လည်းဖြတ်​​လျှောက်​ရတယ်
လူ​လေးတို့ရယ်​ အစ်​ကိုကြီးအစ်​မကြီးတို့ရယ်​လည်းဖြတ်​​လျှောက်​ရတယ်
မြို့ပြဟာ ကိ​လေသာ​ညှော်​နံ့တဖွားဖွားနဲ့
မော်​ဒယ်​မ​လေးရဲ့ရင်​အုံသားကိုမြည်းစမ်းကြည့်​ရသလို
ဝိပဿ နာ ခရီးလမ်းကိုလည်း စီးဖြန်းကြည့်​ရတယ်
အစည်းအရုံးဆိုပြီး မစည်းလုံးတာမျိုးချည်း​ကျန်​ခဲ့တဲ့ ခေတ်​ကာလမှာ
ရိုးရာစစ်​စစ်​ဆိုတာက ​ပျောက်​ဆုံးသွားတဲ့ငါ့နိုင်​ငံ​တော်​ပါပဲကွဲ့
ဇလုပ်​တိုက်​ဖြဲပြီးရှာမှ ထမင်းစား​ကျောက်​​လောက်​နဲ့​ကျေနပ်​ရတဲ့ဘဝဆို​တော့
ဒီဖက်​ခွက်​စားကြီးခမြာ
တစ်​ဘဝလုံး​မှောက်​ခဲ့ရ​ပေါ့ အနုပညာသံသရာ။

တီကျူး
15-8-2017

အရသာမဲ့သော နေ့စွဲများ- တိုးနှောင်မိုး

အရသာမဲ့သောနေ့ စွဲများ@တိုး​နှောင်​မိုး
စိတ်ညစ်တာအမှန်ပဲ
သက်သောင့်သက်သာ နေမရဘူး
ပူလောင်နေတယ်
အစားမစားဘဲ အိပ်မက်ဆိုးက မအိပ်ဘဲမက်နေတော့
ငုတ်တုပ်​တစ္ဆေအခြောက်ခံနေရတယ်။
ရွှေနဲ့ဆက်ထားတဲ့သာယာမှုကိုပိုမြတ်နိုးလာတယ်။
ရွှေဆိုတာကျနော့်ရင်ထဲက ကျင်ယူမိတဲ့နှလုံးသားစစ်စစ်မေတ္တာ ရွှေပါ။
သမီးလေးကို ငေးနေရင်းမျက်လုံးတွေပြာဝေလာတယ်။
မိဘက မိဘပီသချင်တယ်ဆိုရင် သားသမီးအရွယ်ရောက်တဲ့အထိ အသက်ရှင်ပေးခြင်းတစ်ခုဆိုတာ အကြောင်းအထွေတစ်ခုပဲ။
သမီးကို အထွေထွေဗဟုသုတပေးပြီး၊
ခုသမီးလေး#ရှရီပန်ထွာတိုးနှောင်မိုးအတွက် "ကိုယ်ပိုင်ပန်းခြံ"
ချစ်သောကျမစံပယ်​ခင်းပေါ်ကဖေဖေ၊ အက်ဆေးစာအုပ်လေးမသေခင် လုပ်မယ်
ပြည်အေး/နေသစ်/လရောင်မူးမူး ပြီးမှအဲ့စာအုပ်လေးလုပ်မယ်။
သေမယ့်​အတူတူ အရက် ဆက်မသောက်တော့ဘူးသမီးနဲ့သမီးအမေဆု စိတ်ချမ်းသာစေချင်လို့။
င်္ပြိးတော့ မေမေဒေါ်သန်းမြ အမေဒ်ါခင်​ညိုတို့ လည်းအနေအးစိတ်အေးစေချင်တယ်။
ညတွေထဲ လွမ်းလိုက်တာနှင်းတွေအား တောင်းပန်ပါတယ်။
တကယ်ချစ်မြတ်နိုးမိသောနှင်းနှင်းရည်အတွက် ကံမပေးသော ချစ်မေတ္တာကိုတောင်းပန်အပ်ပါတယ်။
ပါရမီဖြည့်ဖက် ဆုလှိုင်ထက်အားလည်း ဒီဘဝကနေနောင်သံသရာမှာ အနုပညာကမ္ဘာသာသာယာယာနဲ့ပန်းပင်လေးတွေကိုရေလောင်းချင်ပါသေးတယ်။
အကူညီတောင်းတာ ဓားပြတိုက်နေတာကြနေတာပဲလို့ ထင်နေတဲ့သွေးရင်းညီကို သူငယ်ချင်းချင်းဆိုတာတွေလည်းသိခဲ့ပါပြီ။
အားလုံးကိုကျေးဇူးတင်တယ်
ချစ်မေတ္တာကအခေါက်ထူတယ်။
ကျနော့်ပျားတွေ ကျနော့်ခန္ဓာကိုယ်ထဲကပန်းခင်းမှာ ဝတ်ရည်စုပ်နေတယ်။
တစ်ယောက်တည်းနေချင်တယ်
သူငယ်ချင်းတွေနဲ့စကားပြောချင်တယ်။
ညကဖွဲ့သီသစ်ဖုန်းဆက်တယ်
သူကလာမယ်တဲ့။ လာစေချင်ပေမယ့်​သူ့အလုပ်ကိုနားလည်တော့ ငြင်းလိုက်တယ်မလာပါနဲ့လို့ ။
လူငတ်တာလည်းရောဂါ။
ခုထိကျနေတဲ့အသံတွေပြန်မရသေးဘူး။
တော်တီလာဖလက်ရပ်ကွက်မှာ ငါဟာကောင်ကြီးဂျိုးပါပဲ။
သမီးလေး ရှရီပန်ထွာတိုးနှောင်မိုး
ငါ့ ညီမလေးနှင်းပေးတဲ့နာမည်
ဆောင်းဝင့်ပန်လေးပဲ သနားတယ်။
ကျနော့်ပြာတွေကိုကြိုးကျစ်မယ်။
နေ့တိုင်းကဗျာမဆန်တော့ပါဘူး
ကျနော် ​ကဗျာစုန်နေပါတယ်။
အားပေးသူတွေကျေးဇူးတင်တယ် ။
အခုပုတီးကုန်းမှာတစ်ယောက်တည်း
ဖောက်ထားတဲ့သွေးကိုကြည့်ပြီးခြုံးပွဲချငိုနေပါတယ်။
လောကကိုဟားတိုက်ပြီးတော့။

တိုးနှောင်မိုး
6.4.2017

ဗဟိုချက်-တီကျူး

"ဗဟိုချက်​"
💘💘💘💘တီကျူး
ခု​နေအခါမ​တော့
ကိုယ်​တို့နှစ်​ဦးဟာ ပတ္တာမမြဲတဲ့ တံခါးပဲ။
ဆွဲ ခါ ရမ်း​နေတဲ့ ​လေနီကြမ်း​တွေကို တွန်းကန်​ဖို့
သမီး​လေးက တံခါးချက်​​ကလေး​ပေါ့။
မုန်​တိုင်းထဲ မိသားစု​တွေ ကွဲမထွက်​ရ​အောင်
တစ်​​ယောက်​လက်​ကို တစ်​​ယောက်
မေတ္တာတရားနဲ့ တင်းတင်းဆွဲချည်​လို့
မှောင်​မိုက်​ထဲ ပြိုးပျက်​သွားတဲ့လျှပ်​စီး​လို
အား​ပေးအပြုံးကိုယ်​စီ​နဲ့ လင်းလက်​လို့
စိတ်​မပျက်​ အားမ​လျော့
ဇွဲသန်​သန်​နဲ့ပွင့်​​နေတဲ့ ပန်းက​လေး
အနာဂတ်​မှာ​ ပြေးလွှား​ပျော်​ရွှင်​စေဖို့
ဒီ မုန်​တိုင်းကို ဖြတ်​​ကျော်​ကြရမယ်​။
တီကျူး
12-7-2017
#(ချစ်​သမီး ရှရီ သို့)

ပြည့်တန်ဆာ - မြရာညို

ပြည့်တန်ဆာ
|||||||||||
မြရာညို
ကျွန်မလား
ဘာတစ်ခုမှ ချရောင်းစရာအကြွင်းအကျန်မရှိတော့လို့
ခန္ဓာကိုချရောင်းလိုက်မိတာပါ
ဂျွန် ။

နေ့စဉ်ကြားနေရတဲ့
ညှီစို့စို့ယောက်ျားရနံ့တွေကို မသတီပေမယ့်
အဲဒီအနံ့အသက်တွေက
တည်းတည်းလေးကျန်တော့တဲ့ တဲကလေးကို
လေလုံမိုးလုံဖြစ်စေခဲ့
အဲဒီအနံ့အသက်တွေက အမေ့ဆေးဖိုးဖြစ်စေခဲ့
အဲဒီအနံ့အသက်တွေက ကျောင်းဝတ်စုံတွေသစ်စေခဲ့
အဲဒီအနံ့အသက်တွေက
ဆာလောင်နေတဲ့အစာအိမ်တွေကို လောင်စာဖြစ်စေခဲ့ ။
ရေချိုးပြီးစညနေခင်းထဲ ခြေချလိုက်တာနဲ့
နောက်ကျောစိုက်ဝင်လာမယ့် အကြည့်တွေကို
မသိကျွန်မ ဘယ်ရှိပ့ါရှင်
အမျိုးကောင်းသမီးဖြစ်ချင်ခဲ့သူ ကျွန်မ
အပျက်ပေမယ့်အရှက်တော့ရှိတာပေါ့ ဂျွန်
ဒါပေမယ့်
မှောင်နေတဲ့ဘဝတွေကို ကယ်တင်ဖို့
အမှောင်ကိုအရင်းပြု ပြီး
ရွံရှာဖွယ်ခန္ဓာအိမ်ကြီးကို ရွက်လို့
အမှောင်ထက်ဆိုးသူ အမှောင်ထုကြီးကို
အလိုမတူဘဲ
နာတာရှည်ခေါင်းညိမ့် လက်ခံလိုက်ရပေါ့
ဂျွန်ရယ် ။ ။
|||||||||
ကီကီ
======
ကီကီဟာ ဘုရားသခင်သုတ်သွေးနဲ့မွေးဖွားလာတဲ့
ဘိုဟီးမီးယန်းကိုယ်ဟန်ပြမယ် လူသားမလေး
ကီကီ့ ဆံပင်တွေဟာ
အစိမ်းနုရောင် ဆူးရစ်နွယ်ပင်နုနုများ
ကီကီ့ ရင်သားတွေဟာ
အညံ့စားဂျုံနဲ့လုပ်ထားတဲ့ ပေါင်မုန့်ကြမ်း
ကီကီ့ တင်သားတွေဟာ
လိပ်ခုံးကဖေးတခု
ကီကီ့ နှုတ်ခမ်းတွေဟာ
ဝိုင်နီအဆီတွေနဲ့ ပျစ်ခဲစေးထန်
ကီကီ့ ခန္ဓာကိုယ်ဟာ
မွန်ပါနော့စ်
ကီကီ...
သူမကိုယ်တိုင် ဆူရီရယ်လစ်ပန်းချီကားတချပ်
သူမကိုယ်တိုင် ဆူရီရယ်လစ်ဓာတ်ပုံတပုံ
သူမကိုယ်တိုင် ပါရီမြို့ကြီးပါပဲ...။ ။
လွတ်လပ်မိုး
(18.8.17)
သိန်းစွန်ငှက် အပြန်လမ်း
ပိုင်စိုးဝေ
*************************
၂၁ ၊ ၃ ၊ ၈၆
နောက်ဆုံးအခေါက်ပါပဲ
ကျွန်တော် ရွာကိုပြန်လာခဲ့ပါတယ်အမေ ။
ရွာဆိုတာ ………
တမာ ထနောင်း
ရှားစောင်း ပြဿဒ်
သန်း ဒဟတ်ပင်တွေနဲ့ ၊
မိုးနှံချုံပုတ် ၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက
တဲကလေးတစ်လုံးပါ ။
အဲဒီတဲကလေးထဲ
အမေ လဲလျောင်းနေပေါ့။
အမေ …. ကျွန်တော်ရောက်လာပြီ အမေ ။
အမေ …. ကျွန်တော့်ကို ထပြီးနှုတ်ဆက်ပါဦး အမေ ။
အမေ့ ခြေအစုံကို ပွေ့ဖက်
အသံမထွက်ဘဲ ကျွန်တော် ငိုတယ် ။
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ … … … … ။
ကျွန်တော့်ကို စကားမပြောချင်လို့
အမေ့သွားတွေ တင်းတင်းစေ့ထားသလား
ကျွန်တော့်ကို မမြင်ချင်လို့
အမေ့မျက်လုံးတွေ မှိတ်ထားသလား
ထကြည့်ပါဦး
စကားပြောပါဦး အမေရယ် ။
ဟော .. အမေ …..
အမေ့ကို သူတို့
ဟိုးမှာ မန်ကျည်းပင်တွေ စိမ်းစိမ်းညို့ညို့နဲ့
ဇရပ်အိုအို
ကျောက်တုံးနီညိုညိုတွေ စီထားတဲ့
သင်္ချိုင်းဆိုတဲ့နေရာကို
ပို့ကြတော့မလို့တဲ့။
လှည်းဘီးကို ပြင်ဆင်ပြီးကြပေါ့
အမေ့အလောင်းကို
ခေါင်းထဲထည့်ကြပေါ့
ကြေးစည်ကို
ရိုက်နှက်ကြပေါ့ ။
ကျွန်တော်
မငိုပါဘူး အမေ
ငိုလို့ မရတော့ဘူး အမေ
အမေ့မြေး ကလေးလေးတွေ
ကျွန်တော့်တူနဲ့ တူမလေးတွေ
သူတို့ ငိုပါစေ ။
အမေ့သား သူတို့ရဲ့အဖေ
ကျွန်တော့် အကိုကြီး
အမေ့သမီး သူတို့ရဲ့အမေ
ကျွန်တော့်အစ်မ ၊
သူတို့မောင်နှမ
အမေ့အရင် စောစောစီးစီး
ဟောသည်လောကကြီးထဲက
ထွက်ခွာသွားကြတော့
မိတဆိုး ဖတဆိုး
ဟောသည်ကလေးလေးတွေ
အမေ့အတွက် သူတို့ငိုပါစေ ။
အမေ့ အတွက်
သူတို့မျက်ရည်တွေဟာ
ထိုက်တန်ပါတယ် အမေ ။
ကျွန်တော်ကတော့
နွေဦးရက်တွေ အကြောင်း
သီချင်းမဆိုနိုင်တဲ့
ဥသြငှက်တစ်ကောင်ရဲ့ ကြေကွဲမှုလို
ယာခင်းထဲက အမေ့ဘဝကို
အဝေးကပဲ
တမ်းတပူဆွေးခဲ့သူပါ အမေ ။
” အမေ ……နေကောင်းပါစေ။
အမေ့အား ထာဝရလုပ်ကျွေးပြုစုနိုင်သည့်ကိုယ်
ဖြစ်ရပါလို၏ ”
ည အိပ်ရာဝင် ၊ ရင်ထဲလှုပ်ခတ်
ပဲ့တင်ထပ်ခဲ့တဲ့
ခွန်အားမဲ့ဆုတောင်းသံများကြား
ရှည်လျှားလွန်းတဲ့ ညတွေသာ
ခန္ဓာကိုယ်ပေါ်
တိတ်ဆိတ်စွာ ကြေပြုန်းခဲ့ရ ။
မနေ့ကတော့
” အမေ့ဆုံးပြီ ၊ အမြန်လာ ” တဲ့ ။
ကုသိုလ်ကြမ္မာ ၊ နုံချာလို့လား
ဆုတောင်းများ
မပြည့်ဝခဲ့ဘူး အမေ ။
အမေကမွေးပေမယ့်
အမေကို လုပ်မကျွေးနိုင်ခဲ့တဲ့
ဟောသည် ခန္ဓာကိုယ်ကြီးဟာ
ဘာအသုံးကျတော့မှာလဲ ။
အဲသည်လို နောင်တ တရားတွေက
နှလုံးသားကို ကုတ်ခြစ်
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်မိပေါ့။
ကျွန်တော်
မငိုရဲတော့ပါဘူး အမေ
ငိုဖို့ရာ ရှက်လှပါတယ် အမေ
အမေနဲ့ အတူ
အမေ့ကို ခြေဆုပ်လက်နယ်ပြုခဲ့တဲ့
ဟောသည် ကလေးလေးတွေ
သူတို့ ငိုပါစေ
ကြေးစည်ကို သူတို့ ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။
ဟော …….
နီညိုညိုကျောက်တုံးတွေကြားက
ရထားတစ်စင်းဟာ
အဝေးကို ထွက်သွားပြီ ။
ဟိုး …. လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်
သည်ရွာက လူငယ်
ကျေးတောသားတစ်ယောက်
သည်ရွာကိုပြန်ရောက်မလာ
ရထားဟာ သူ့ကို
အဝေးသို့ ခေါ်ဆောင်သွားခဲ့ ။
သူနဲ့ သူစီးသွားတဲ့ ရထားအကြောင်း
လူတွေမေ့ကြပေါ့ ။
ပြောဆိုအမှတ်ရသူ
တစ်စုံတစ်ယောက်မျှ မရှိတော့ ။
အဲသည်လူငယ်ဟာ
အခု
အမေ့အလောင်း အမေ့ခေါင်းကို
ဖက်ဖက်ပြီး ငိုနေတဲ့
ကျွန်တော်ပဲပေါ့ အမေ ….. ။
ဟောသည်ယာခင်းတွေကြား
အမေ နေ့တိုင်းလှုပ်ရှားခဲ့တာ
ကျွန်တော် မမြင်နိုင်ခဲ့ဘူး ။
အမေ့သမီး
ကျွန်တော့်အစ်မရဲ့ ယောက်ျားက
ထန်းရည်သမား ၊ ထန်းရည်ချိုး ။
အမေ့သား
ကျွန်တော့် အကိုကြီးရဲ့ မိန်းမက
မီးယပ်ကျိုး၊ မျက်စိတစ်ဖက်ကွယ် ။
သူတို့ တစ်တွေနဲ့ ကျန်ရစ်ခဲ့တဲ့
အမေ့မြေး ကလေးတွေနဲ့အတူ
ထန်းလျက်ကျို ၊ ထင်းခွေရေခပ်
ငတ်မသေဖို့
အမေရုန်းကန်ခဲ့တဲ့နေ့တွေမှာ
ကျွန်တော်ဟာ
ဟို အဝေးမှာပေါ့ ။
ဟို တစ်နှစ်က
တစ်ရွာလုံး မီးလောင်ပြာကျ
အဲသည်ကတည်းက အမေဟာ
ရွာထဲကိုပြန်မရောက်
အိမ်ပြန်မဆာက်နိုင်
ထန်းပင်အောက်က ထန်းတဲမှာ
အမေ အနေကြာခဲ့ပါတယ် ။
အမေရေ ……..
အမေရေ ……..
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့ ။
ဟိုး အနောက်တောင်တောတန်းက
ထန်းပင်ရိပ်ဖျားမှာ
နေလုံးဟာ တဖြည်းဖြည်းညိုခဲ့ပေါ့ ။
တောင်သူဓလေ့
ယာမီးငွေ့တွေ လွင့်တက်လာပေါ့။
ဟိုတောင်ကမူကမ်းပါးမှာ
မြက်စားနေတဲ့ နွားမတွေက
အမေ့ကို နှုတ်ဆက်နေကြသလား ။
သိန်းစွန်ငှက်အပြန်လမ်းမှာ
ကျီးကန်းတွေ ကသုတ်ကရက်နဲ့
ရွာဘက်ဆီ ပျံပြေးကြပေါ့ ။
နေညိုချိန် အိမ်အပြန်လမ်းမှာ
တောတန်းလျှိုမြောင်
ဟို အနောက်တောင်ထဲ
မှောင်မည်းမည်းက
ကျွန်တော့်ဘဝကို မဝါးမျိုမီ
ကလေးဘဝအရွယ်
ငယ်ငယ်တုန်းကလေ
တောင်ရိပ်တောင်ကြား
သစ်ပင်ဖျားမှာ
မားမားရပ်နေ တစ္ဆေတွေလား ။
အမေရေ
တစ္ဆေဆို ကျွန်တော်ကြောက်လှချည့် ။
တစ်ညသား
ပျူစောထီးဆိုလား ရဲဘော်ဖြူဆိုလား
တံခါးကို တအားခေါက်
နွားကောက်စမ်း မြန်မြန်လုပ်
သေနတ်တွေ ထုတ်ချိန်ပြီး
အခိုင်အခံ့ လှည်းတစ်စင်း
နွားပြာညို တစ်ရှဉ်းနဲ့အတူ
” လှည်းမောင်းပို့ ဆိုပြီး ”
အဖေ့ကို ခေါ်သွား
ရွာအနောက်ဘက်တောအုပ်ကြားက
သေနတ်သံတစ်ချက်ကြားလိုက်ရ။
အဖေရေ ……
အဖေရေ …….
ကျွန်တော်တို့ မိသားစု ဘဝ
ရာဇဝင်ကို ဖြတ်သန်းရတဲ့ညပေါ့ ။
လွတ်လပ်ရေးပြီးခါစ
သူခိုးဓားပြတွေ
တန်ခိုးပြလို့ကောင်းဆဲ
ခေတ်ကြီးထဲ လူဖြစ်ခဲ့ရတဲ့
ကျွန်တော်
အမေ့ရဲ့ကျောပေါ်မှာ
သေနတ်သံတွေကြား
ပြေးလွှားပုန်းအောင်း
ရွာတောင်စောင်း နဘူးချုံထဲ
ညတိုင်းပဲ အိပ်ခဲ့ရတယ်
ဟုတ်လား အမေ ။
စစ်စနက်မီး အကြွင်းအကျန်တွေနဲ့
ခေတ်အပျက်ကြီးကို တွန်းလှန်ရင်း
အမေရယ် တစ်ခြားအမေတွေရယ်
အမေတွေ အားလုံး
ကလေးတွေကို ပုခုံးပေါ်တင်ပြီး
ပြေးကြလွှားကြ ၊ ပုန်းကြအောင်းကြနဲ့
တစ်ချို့သားသေ ၊ တစ်ချို့လင်ဆုံး
စစ်ဆိုတာကြီးကို
မုန်းခဲ့တယ် မဟုတ်လား အမေ ။
အဖေမရှိတဲ့နောက်
အမေရယ် အကိုကြီးရယ် ၊ အစ်မရယ်
ကျွန်တော်ရယ်လေ
လောက ကမ်းပါးမှာ
စမ်းတဝါဝါး လျှောက်ခဲ့ကြပေါ့ ။
အရွယ်ရောက်ကာစ အစ်ကိုကြီး
ထန်းလှီးသင်ရပေါ့ ။
အစ်ကိုကြီးဟာ
သာသနာ့ဘောင်မှာ အရိုးထုတ်
ဘုန်းကြီးလုပ်ဖို့ စိတ်ကူးရှိပေမယ့်
ကျွန်တော်တို့အတွက်
ယုံကြည်ချက်တွေ စွန့်ခဲ့ရပြီပေါ့ ။
ကျွန်တော်ကတော့
သျှောင်တစ်စောင်းနဲ့ ဘုန်းကြီးကျောင်သား
ပြီးတော့ ပြည်တော်သာကျောင်းရောက်
ကျောင်းဆင်းချိန်မှာ
သိုး ဆိတ် နွားကျောင်း ။
ကျွန်တော် တို့ တစ်တွေ
ဟို သပြေပင်တောင်စောင်းဆီက
လက်ပြဟစ်အော်
သီချင်းတကြော်ကြော်နဲ့
ခွေးခေါ် ပတတ်တူး
ဟင်းရွက်ခူး ယုန်ရှာ
တောင်ယာလုပ်သူ ထင်းခုတ်သူတွေ
ထန်းလျက်ကျိုသူ ထန်းတက်သူတွေ
နေကပူလောင်
ကုန်းခေါင်ခေါင်မှာ
ဟိုးအနောက်တောင်မှာ
မှိုင်းပြာပြာ မြူခိုးတွေနဲ့
ပုပ္ပါးဆိုတဲ့တောင်တော်မြတ်ကြီးဆီ
မျှော်ကြည့်ငေးမော
စိမ်းလန်းတဲ့ယာတောတွေကြား ။
အစ်ကိုကြီးက ထန်းလှီး
ကျွန်တော်က ထန်းရည်အိုးသယ်
အမေရယ် အစ်မရယ်က
ထန်းလျက်ကျို ရက်ကန်းခတ် ထင်းခွေ
တစ်ခါတစ်လေ မြေပဲကောက်
တစ်ခါတစ်လေ ဝါစိုက်
တောအလိုက်လုပ်ငန်းစုံပေါ့ ။
” မြို့ရွာနိဂုံး ၊ ပျက်ပြုန်းစေအောင်
ဓားပြကြီးကြီး မိုက်သီးအခေါင်
မီးနှင့် မြိုက်လို့ ၊ တိုက်ခိုက် ပူလောင်
ဝ သ လ ၊ မှတ်ကြ သူယုတ်ကောင် ”
” ခလောက်လေးရယ်တဲ့ ဒိုးဒိုးဒေါင်
ပျိုတို့ မောင် ယာမလုပ်တယ်
ဝါးခုတ်တဲ့တောင် ”
အဲသည်လို အစ်ကိုကြီး တတ်တဲ့
ကဗျာတွေ ၊ သံပေါက်တွေ
ကျွန်တော့်မှာ အမွေရခဲ့ပေါ့ ။
” နေညိုချိန်တိမ်တောက် ပျိုကြောက်တဲ့သည်အချိန်
ဆီးမီးကွယ်မှန်အိမ်နဲ့ …….. ”
အဲသည်လို
ကျေးလက်ဘဝ သီချင်းကဗျာတွေ
ရင်ထဲ မှာ အမြစ်တွယ်ခဲ့ရပေါ့ ။
အမေရေ …….
ကြေးစည်ကိုရိုက်နှက်နေကြပေါ့
လှည်းဘီးကို သူတို့တွန်းကြပေါ့ ။
အမေခေါင်းချခဲ့တဲ့
တဲကလေးဟာ
အမေ့ ရွာနဲ့ အလှမ်းဝေးပေမယ့်
သည်တောသည်တောင်ကြား
အမေ့ကို
တစ်ယောက်တည်း မထားရက်ပါဘူး အမေ ။
အမေ့ အမေ ကျွန်တော့် အဘွား
ကျွန်တော်အဘွားရဲ့ အမေ့ အမေ စတဲ့
ဆွေမျိုးတော်စပ်သူရော မတော်သူပါ
တစ်ရွာလုံးနောက်ဆုံး စုဝေးရာ
ဟောဟို ဇရပ်အိုအိုရဲ့
သုဿာန်ဆိုတဲ့ နေရာရောက်အောင်
အမေ့ကို
ကျွန်တော်တို့ ပို့မှာပေါ့ ။
လမ်းက ကြမ်းလိုက်တာအမေ
တောင်ကမူကျတ်တီးကြား
နှစ်တွေများစွာ ရေတိုက်စားမှုနဲ့
ပျက်လုလု လှည်းလမ်းပေါ်မှာ
အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်
ဖြည်းဖြည်း … ဖြည်းဖြည်း ……..
ဆူးကိုင်းတွေဘေးဖယ်
မျက်နှာကို ခြစ်မိကြဦးမယ်။
ဟိုသုဿာန်ကိုရောက်တဲ့ခါ
ဘုန်းကြီးတွေက
သရဏဂုံကို ရွတ်ဖတ်
ကျွန်တော့် လက်နဲ့ ရေစက်သွန်းချ အမျှဝေ
အမေ ကောင်းရာသုဂတိလားပါစေလို့
ကျွန်တော် အမျှဝေမယ်
ကျွန်တော့် ကိုယ်ပေါ်မှာ
ဖုန်တွေပေကပ်
ညစ်ပတ်နေမလားပဲ။
မန္တလေးက မိတ္ထီလာ
မလှိုင် ပန်းအိုင်တစ်လမ်းလုံး
ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ
ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားပဲ။
ဟိုသုဿာန်ကိုရောက်လို့
ရေစက်သွန်းချ အမျှဝေတဲ့အခါ
ငယ်ဆရာ ဘုန်းတော်ကြီး
ကျွန်တော့်ကိုကြည့်ပြီး
အံ့သြနေလိမ့်မယ် ။
ညရောက်တဲ့ အခါ
ဦးလေးဘယ်နေ့ ပြန်မှာလဲ
တစ်နှစ်တစ်ခါ ပြန်လာပါနော်
ကျွန်တော် ကျောင်းဆက်နေချင်တယ်
ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး ။
ဟောဒီအငယ်မ
မနှစ်က နှစ်တန်းကျတယ်
ငါ့မောင်ရယ်
ဟောဒီကျန်နေတဲ့
မျက်စိတစ်ဘက်ကလည်း
ဆရာဝန်က ခွဲရမယ်တဲ့
အစ်မလည်း ကြောက်တတ်လို့
ဆေးရုံကို
နောက်ထပ် မရောက်တော့ပါဘူး
စတဲ့ … စတဲ့ စကားလုံးတွေကြား
ကျွန်တော် ဘာများ
တာဝန်ယူနိုင်မလဲ
မင်းတို့ အတွက် ၊ ငါ့အတွက်
အနှစ်သုံးဆယ်လုံးလုံး
ဦးလေးစဉ်းစားနေတုန်းပဲ
ဦးလေးဟာ
စဉ်းစားနေတုန်းပါပဲကွယ် ။
တစ်စုံတစ်ရာ
ကတိတွေပေးထားပစ်ခဲ့ပြီး
နံနက်ခင်းတစ်ခုမှာ
ငှက်တစ်ကောင်လို ပျံပြေးသွားမယ်။
ဟိုတစ်ခါက
အမေ့ကို ထားပစ်ခဲ့သလိုမျိုး
” ဟောသည်ကမ္ဘာမြေကြီးရဲ့
နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
ကျွန်တော်ကဗျာဆရာ လုပ်ရမယ်
ကဗျာ ဆရာလုပ်မှ ဖြစ်မယ် အမေ ”
အဲသလိုဆိုပြီး
အမေ့ကို ထားပစ်ခဲ့တုန်းက
ယာခင်းနံဘေး
တောလမ်းလေးပေါ်မှာ
မြက်ရိုင်းပင်တွေ ကိုတိုးဖြတ်
တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
ကျန်ရစ်ခဲ့တယ် ။
ယာခင်းတွေ နောက်မှာချန်
တောတန်းတွေ ကျန်ရစ်ခဲ့တယ်။
ကျောက်စရစ်ကုန်းခေါင်
တလင်းပြောင်မှာ
ယုန်ထောင် ပတတ်တူး ချိုးတည်
ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ် ။
လိမ်လိမ်မာမာနေဖို့
စကားလုံးတို့တုန်ခါ
အမေ့မျက်နှာပေါ်က
မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။
သူငယ်ချင်းတွေ
လက်ပြနေဆဲ ၊ ဥသြဆွဲပေါ့ ။
တရှဲရှဲမြည်လျက် ရထားထွက်ခွာ
တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
တောကျီးကန်းတစ်ကောင်
အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။
မြို့ပြဘဝရဲ့
ခံစားမှုမြစ် ၊ ရသသစ်ထဲမှာ
ပလက်ဖောင်းတစ်လျှောက်
ဓာတ်တိုင်မီးတိုင်တွေ အောက်
တစ်ယောက်ကို တစ်ယောက်
ဖြတ်လျှောက်ကျော်သွားရင်း
သူစိမ်းဆန်တဲ့ လူတွေကြားမှာ
ဟို … အနောက်တောင်ဆီကို ရော်ရမ်း
တောလမ်းကလေးကို
လွမ်းခဲ့ရပေါ့ အမေ။
နေညိုချိန်အိမ်အပြန်
လမ်းဘေးတိုက်ကြား ဓာတ်တိုင်နားမှာ
မားမားရပ်နေ တစ္ဆေတွေလား
အမေရေ
တစ္ဆေကို ကျွန်တော်ကြောက်လှချည့်
ယောင်ရမ်း ရွတ်ဆိုမိသော်လည်း
ရဲရဲတင်းတင်း
ဖြတ်သန်းရပြီ အမေ ။
လူမှုဗေဒ ဝေါဟာရနဲ့
ရသသစ်တွေက
နှလုံးသားကို တအားကုတ်ခြစ်
ပွတ်သပ်ပြီး ဖြေသော်လည်း
ယားယံမြဲပါ အမေ ။
ဆည်းဆာရီထဲ
တိုးရှဲဖြတ်သန်း
ကိုယ့်လမ်းကို သွားခဲ့ရ
စကားငြင်းဆန်
ကားဟွန်းသံတွေကြား
နှလုံးသားတိတ်ဆိတ် မသိစိတ်မှာ
ရောဂါထူပြောခဲ့ပေါ့ အမေ ။
အမေ့ထံ ကျွန်တော် ပြန်မလာနိုင်တော့ဘူး ။
ငါ့မြေးလေးတွေ
အမေ မြင်ချင်လှပြီဆို ။
ဟော …
အကြီးလေးက မသုမာတဲ့
ပိန်ပိန်သွယ်သွယ် နဖူးကျယ်ကျယ်နဲ့
သိပ်ချစ်စရာကောင်းတယ် အမေ
အငယ်လေးက မငုဝါတဲ့
အစားပုတ်ပုတ် ၊ ဝတုတ်တုတ်ကလေး
နောက်တစ်ယောက်က
သားကြီးမောင်ဖိုးကာ
ဆော့တဲ့နေရာမှာ မျောက်ရှုံးပါပဲ ။
ငယ်ငယ်လေးကတည်းက
မျောက်ကလေးလိုပဲ
ကြီးလာရင်မျောက်နဲ့တူမလားပဲ ။
သူတို့မောင်နှမတစ်တွေ
ဦးလေးတွေ အဒေါ်တွေနဲ့တွေ့ဖို့
ကျွန်တော်လာချင်ပါရဲ့
ဒါပေမယ့် … အမေ ။
ဟော ……
ကျွန်တော်တို့ အားလုံးအတွက်
အရွယ်မရောက်ခင်
ထန်းလှီးသင်ခဲ့ရတဲ့ အကိုကြီး
ထန်းပင်ပေါ်က ဇောက်ထိုးကျ
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား
ကျွန်တော့် အစ်မ
အမေ့ သမီး ပိန်တာရိုးလေး
သားသမီးခုနှစ်ယောက်မွေးတော့
ဆင်းရဲမှုဒဏ် မခံနိုင်လို့ထင်ရဲ့
အနိစ္စရောက်ခဲ့ရပြီ မဟုတ်လား အမေ ။
အမေ သည်တောသည်တောင်ထဲမှာ
အမေသားသမီးတွေနဲ့
အနေဝေး ၊ အသေဝေးခဲ့ကြရသော်လည်း
အမေ တစ်ယောက်တည်းမဟုတ်လား
အမေ့မြေးတစ်အုပ်နဲ့
ထန်းလျက်ကျို ထင်းခွေ ၊ ရေခပ်
ကျွန်တော် တစ်ပြားတစ်ချပ်မှ
မထောက်ပံ့နိုင်ပေမယ့် ၊ ငတ်မသေခဲ့ဘူး
အမေသေရတာ
ငတ်လို့ မဟုတ်ဖူး အမေ ။
မနေ့က
အမေဆုံးကြောင်း ၊ ကြေးနန်းရတော့
ခရီးသွားဖို့ ဇနီးမယားနဲ့ တိုင်ပင်
ပြင်ရဆင်ရ ငွေရှာရနဲ့ပေါ့ ။
ညရောက်တော့လည်း ရင်ထဲမအေး
ပူဆွေးနေဆဲမှာ
ကလေးတွေက တီဗီသွားကြည့်ကြသတဲ့
သြော် .. မင်းတို့ အဖွားသေတဲ့ရက်
မင်းတို့အတွက်
ဘာမှ မခံစားရပါလားနော် ။
ငယ်သေးတဲ့ ကလေးလေးတွေပဲ
ဆိုတာက တစ်ကဏ္ဍပေါ့
မြို့ပြမှာနေတဲ့ ၊ အမေ့မြေးကလေးတွေ
အမေနဲ့ တအားဝေးခဲ့ပါလားဆိုတဲ့
အတွေးတွေက
တကယ့်ကိုပါပဲ
ဘဝဆိုတာကိုလည်း
မကျေမနပ်ဖြစ်ရပြန်ပေါ့ အမေ ။
ခံစားရပြီပေါ့
ကျွန်တော်ခံစားရပြီပေါ့ အမေ ။
ကျွန်တော်ဟာ
အဲဘတ်ကမူးမှ မဟုတ်ဘဲ ။
ကျွန်တော်ဟာ
မာဆိုးမှ မဟုတ်ဘဲ ။
အခက်အခဲတွေ ရှိပေမယ့်
ကျွန်တော်ဟာ
ဗုဒ္ဓဘာသာ မြန်မာယဉ်ကျေးမှုထဲက
လူတစ်ယောက် အဖြစ်နဲ့ပဲ
အသက်ရှင်နေဆဲပါ အမေ ။
အမေရေ …..
အမေရေ …… အမေရေ ……
ကြေးစည်ကို ရိုက်နှက်ကြပေါ့
လှည်းဘီးကို သူတို့ တွန်းကြပေါ့
အမေ့ခေါင်းဟာ
လှည်းပေါ်မှာ ယိမ်းထိုးလို့
ရှားစောင်းပြဿာဒ်ပင်ပေါ်က
ဒေါ့ရင်းဆိုတဲ့ အကောင်တွေ
တကျည်ကျည်မြည်လို့
အမေ့မြေးကလေးလေးတွေ
အမေ့ရဲ့ ဆွေမျိုးသားချင်းကလေးတွေ
အမေကကို ခင်မင်တဲ့သူတွေ
မရဏတေးကို ရွတ်ဆိုငိုကြွေးလို့ ။
အမေ့ခေါင်းပေါ်
ညောင်ရွက်တွေကြွေကျ
ဒါဟာ သင်္ခါရတရားပေပဲလို့
ဆိုချင်သလား မသိပေဘူး အမေ ။
ကုန်တန်ချိန်အပြည့်နဲ့ ကားတစ်စီး
အဝေးပြေးလမ်းမကြီးပေါ်
ဖြတ်မောင်းသွားနေရဲ့
ထန်းပင်မြင့်မြင့်ကြီးတွေပေါ်က
ရွက်ယောင်းခြောက်တွေ
တရှဲရှဲမြည်လို့ …………… ။
ပိုင်စိုးဝေ
ဧပြီ ၂၃၊ ၂၀၀၉
( အစိမ်းရောင်မြစ်သို့ တမ်းချင်း ကဗျာစာအုပ်မှ )

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...