ဝဋ်နာ ကံနာ

တီကျူး
ပြည်သူပေးတဲ့ဆုကိုလည်း လိုချင်တယ်
အညှီအဟောက်ကိုလည်း စားချင်တယ်
အရေးပေါ်ခေါ်ဆိုမှုဟာ သွေးစက်တစ်စက်ချင်း ကျနေသံနဲ့
တိတ်ဆိတ်မှုကို ခြောက်လှန့် လို့
ပျောက်ဆုံးနေတဲ့ မြို့ပျက်ကြီးထဲမှာ ကိုယ်ခြင်းစာတရားကိုဖြဲရှာရသလိုပဲ
အမိဝမ်းက ကျွတ်ကတည်းက ကမ္ဘာကြီးဟာ ဒုက္ခသည်စခန်းပဲ။
ငါ့အရိုးနဲ့ ထိုးထားတဲ့ စည်းရိုးမှာလည်း ခြတွေကကြီးထွားလို့
ကိုယ့်ဥထင်ပြီးဝပ်ခဲ့ရပေမယ့် ရေထဲဆင်းသွားမှ ရင်ကွဲရတဲ့အဖြစ်
ဒီဘဝ ဒီသံသရာကို ဒီကဗျာနဲ့ ချေချွတ်လိုက်ရပါတယ်။ ။
တီကျူး
25-8-2017

No comments:
Post a Comment