ပြ ည့် တန် ဆာ
ကျွန်မလား
ဘာတစ်ခုမှရောင်းချစရာအကြွင်းအကျန်မရှိတော့လို့
ခန္ဓာကိုယ် ချရောင်းလိုက်မိတာပါ ဂျွန်။
နေ့စဉ်ကြားနေရတဲ့
ညှီစို့စို့ယောက်ျားရနံ့တွေကိုမသတီပေမယ့်
အဲဒိအနံ့အသက်တွေက
တဲတဲလေးကျန်တော့တဲ့တဲလေးကိုလေလုံမိုးလုံဖြစ်စေခဲ့
အဲဒိအနံ့အသက်တွေကအမေ့ဆေးဖိုးဖြစ်စေခဲ့
အဲဒိအနံ့အသက်တွေကသားရဲ့ကျောင်းဝတ်စုံကိုသစ်စေခဲ့
အဲဒိအနံ့အသက်တွေက
ဆာလောင်နေတဲ့အစာအိမ်တွေကိုလောင်စာဖြစ်စေခဲ့တယ်လေ။
ရေချိုးပြီးစညနေခင်းထဲခြေချလိုက်တာနဲ့
နောက်ကျောစိုက်ဝင်လာမယ့်အကြည့်တွေကို
မသိကျွန်မဘယ်ရှိပါ့ရှင်
အမျိုးကောင်းသမီးဖြစ်ချင်ခဲ့သူကျွန်မ
အပျက်ပေမယ့်အရှက်တော့ရှိတာပေါ့ ဂျွန်
ဒါပေမယ့်
မှောင်နေတဲ့ဘဝတွေကိုကယ်တင်ဖို့
အမှောင်ကိုအရင်းပြုပြီး
ရွံရှာဖွယ်ခန္ဓာအိမ်ကြီးကိုရွက်လို့
အမှောင်ထက်ဆိုးသူအမှောင်ထုကြီးကို
အလိုမတူပဲ
နာတာရှည်ခေါင်းညိမ့်လက်ခံလိုက်ရပေါ့ ဂျွန်ရယ်။ ။
မြရာညို
၂၄ . မေ . ၂၀၁၅