အသည်းကွဲ ဆင်ဖိုနီ နံပါတ် ၎
💔
💔
💔
💔
💔 တီကျူး
မခူးရက် မခြွေရက် အမြတ်တနိုး ငေးမောနေရ
ပန်းကလေး ကြွေကျသွားပုံ
မြင်ကွင်းထဲ အနှေးပြကွက်ဟာ ရှည်လျားလွန်းလှရဲ့
ဟိုး အဝေးက
လည်ချောင်းတစ်ခုထဲ တစ်ဆို့နေဆဲ အသံဟာ
နားစည်တစ်ခုဆီ အလိုလို ရောက်လာတယ်
ဒီလို နီးရက်နဲ့ ဝေးနေရတဲ့ ဝဋ်ကြွေးဟာ
ပြင်ရခက်တဲ့ အမှားတွေနဲ့
ငါတို့ရဲ့ စိတ်ခန္ဓာမှာ ကိုယ်စီ သီးလို့ ပွင့်လို့
ငါတို့ဟာ
အမှောင်ထဲ တိတ်တဆိတ် ကြေကွဲရ
ငါတို့ဟာ
အမှောင်ထဲ တိတ်တဆိတ် ငိုကြွေးရတယ်
ရှေ့မဆက်ဘူး နောက်မဆုတ်ဘူး
တစ်ဦးကိုတစ်ဦး ထွေးပွေ့နှစ်သိမ့်ဖို့ရာ
အမြိုက်တရားဟာ ငါ့ကို တဖြစ်ဖြစ်လောင်ရဲ့
ငါ့အသက်ကိုသာယူပါ
ငါ့ချစ်ခြင်းကိုပြန်ပေးခဲ့ပါ
ကြေကွဲတမ်းတနေရတဲ့ ဒီဘဝ အသက်တာ။ ။





မခူးရက် မခြွေရက် အမြတ်တနိုး ငေးမောနေရ
ပန်းကလေး ကြွေကျသွားပုံ
မြင်ကွင်းထဲ အနှေးပြကွက်ဟာ ရှည်လျားလွန်းလှရဲ့
ဟိုး အဝေးက
လည်ချောင်းတစ်ခုထဲ တစ်ဆို့နေဆဲ အသံဟာ
နားစည်တစ်ခုဆီ အလိုလို ရောက်လာတယ်
ဒီလို နီးရက်နဲ့ ဝေးနေရတဲ့ ဝဋ်ကြွေးဟာ
ပြင်ရခက်တဲ့ အမှားတွေနဲ့
ငါတို့ရဲ့ စိတ်ခန္ဓာမှာ ကိုယ်စီ သီးလို့ ပွင့်လို့
ငါတို့ဟာ
အမှောင်ထဲ တိတ်တဆိတ် ကြေကွဲရ
ငါတို့ဟာ
အမှောင်ထဲ တိတ်တဆိတ် ငိုကြွေးရတယ်
ရှေ့မဆက်ဘူး နောက်မဆုတ်ဘူး
တစ်ဦးကိုတစ်ဦး ထွေးပွေ့နှစ်သိမ့်ဖို့ရာ
အမြိုက်တရားဟာ ငါ့ကို တဖြစ်ဖြစ်လောင်ရဲ့
ငါ့အသက်ကိုသာယူပါ
ငါ့ချစ်ခြင်းကိုပြန်ပေးခဲ့ပါ
ကြေကွဲတမ်းတနေရတဲ့ ဒီဘဝ အသက်တာ။ ။
တီကျူး
3-9-2017
symphony
3-9-2017
symphony
No comments:
Post a Comment