အသည်းကွဲ ဆင်ဖိုနီ နံပါတ် ၁
💔
💔
💔
💔
💔 တီကျူး
ဒီနေ့ပွင့်နေတဲ့ ဂီတမှာ
ငါတို့ရဲ့အလွမ်းတွေဟာ
နာတာရှည်ရောဂါသည်ရဲ့
ငြီးတွားသံလိုပ။





ဒီနေ့ပွင့်နေတဲ့ ဂီတမှာ
ငါတို့ရဲ့အလွမ်းတွေဟာ
နာတာရှည်ရောဂါသည်ရဲ့
ငြီးတွားသံလိုပ။
ထားခဲ့သောသစ္စာ ပျက်ခဲ့သောကတိတွေဟာ
စိတ်ကို တဖြစ်ဖြစ်မြည် လောင်မြိုက်နေရဲ့။
ရာဇဝင်ထဲ မွေ့လွန်းနဲ့ နန္ဒာရဲ့
စိုးထိတ်ဖွယ် ဇာတ်လမ်းအသွယ်သွယ်လို
အပွင့်လင်းဆုံးသော အနိုင်းဆမဲ့ချစ်ခြင်းအား
လှောင်ခြိုင့်ထဲ ထည့် ပိတ် ထားခဲ့ရပေါ့။
ပြကွက်ရဲ့နောက်ကွယ်မှာ
ဝှက်ထားတဲ့ နာကျင်ကြေကွဲမှုကို
သေသပ်အောင် ငါတို့ ဘယ်လိုဖုံးဖိထားရမလဲ
ဘယ်ဘဝက ဘယ်ကျိန်စာနဲ့ ငါတို့နဖူးကိုမှ လာစာရသတုန်းကွယ်
အရာရာဟာနောက်ကျခဲ့ပါတယ်။ ။
တီကျူး
1-9-2017
symphony
စိတ်ကို တဖြစ်ဖြစ်မြည် လောင်မြိုက်နေရဲ့။
ရာဇဝင်ထဲ မွေ့လွန်းနဲ့ နန္ဒာရဲ့
စိုးထိတ်ဖွယ် ဇာတ်လမ်းအသွယ်သွယ်လို
အပွင့်လင်းဆုံးသော အနိုင်းဆမဲ့ချစ်ခြင်းအား
လှောင်ခြိုင့်ထဲ ထည့် ပိတ် ထားခဲ့ရပေါ့။
ပြကွက်ရဲ့နောက်ကွယ်မှာ
ဝှက်ထားတဲ့ နာကျင်ကြေကွဲမှုကို
သေသပ်အောင် ငါတို့ ဘယ်လိုဖုံးဖိထားရမလဲ
ဘယ်ဘဝက ဘယ်ကျိန်စာနဲ့ ငါတို့နဖူးကိုမှ လာစာရသတုန်းကွယ်
အရာရာဟာနောက်ကျခဲ့ပါတယ်။ ။
တီကျူး
1-9-2017
symphony
No comments:
Post a Comment