Monday, September 18, 2017

ပုရွတ်ဆိတ် *-*-*-*-*-*- တိုးနှောင်မိုး

ပုရွတ်ဆိတ်
*-*-*-*-*-*-
တိုးနှောင်မိုး

ကော်ဖီခွက်
မှောက်သွားတာတစ်မိုင်လောက်ကအစ
သူသိတယ်။

ပိုပေါ့လား
ဂေါခ့်လား
ပိုးပေါ့ပါပဲသူဟာ
သေသူရဲ့သေသူပေါ့။
ပူးပေါင်းမှုကပိုက်စံနှစ်ဆ
ပိုက်စံနဲ့အင်အားရှေ့မှာ
အပေးအယူဆိုတာမရှိဘူး
မပူးပေါင်းခြင်းကပိုက်စံလေးဆ
အသက်ရှူတိုင်းပိုက်စံဝင်ဖို့ ဆိုတာမလွယ်ဘူး
ဝန်ဆောင်မှုဟာ
မီးခလုတ်ထဲကထွက်လာတယ်။
မိုင်ထောင်ချီခရီးကိုခဏစောင့်ခိုင်းလို့ မှမရတာ
ပန်းတွေအငိုက်မိသွားတယ်
ချိုသောအရိပ်များ
သူတို့ မက်မောကြလား။
မိနေတဲ့ထောင်ချောက်ဟာ
မမိသေးတဲ့ဆင်ကအစဘုန်းဘုန်းလဲနိုင်တယ်
ခု. . . .
သူတို့ ခရီးထွက်ကြပြီ။ ။

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...