Monday, September 18, 2017

စည်း 🚧🚧 တီကျူး

စည်း
🚧🚧 တီကျူး

အသိဥာဏ်​မဲ့​တွေ လမ်း​ပေါ်တက်​လာ
နယ်​​မြေလု ကျူး​ကျော်​ လူ့အခွင့်​အ​ရေးကို
အားတိုင်းယားတိုင်း​အော်​ကြ
ပွဲလှန့်​ပြီး ဖျာခင်းကြဖို့
အချင်းချင်း မျက်​ဖြူ ဆိုက်​ကြဖို့
အလစ်​အငိုက်​ ​ခြောင်း​မြောင်းမှုက​နေ ​ရှေ့မဆက်
တစ်​ဦးတစ်​​ယောက်​ရဲ့ အခက်​ဟာ
တစ်​ဦးတစ်​​ယောက်​အတွက်​ အချက်​ဆိုမှတော့
အေးအတူ ပူမမျှနိုင်​ ​ထွေးမယူ ကူမပြနိုင်
ခြံစည်းရိုးကို ခွထိုင်​တာလည်း​ကြောက်​ရ
ခြတက်​​တာလည်း ကြောက်​ရ
ကိုယ့်​​ပေါင်​​ပေါ်ကျမှ မီးတတ်​သူ​တွေအတွက်
အ​နေသာကြီးပါ​တွေက အသာ​နေပြီး
စည်းရိုးကို လချီးမိုးရွာကြတယ်​။

ခွေးပါးစပ်​က နတ်​စကားထွက်​တဲ့​ခေတ်​ဆို​တော့
ချိုမိုင်​မိုင်​ က​လေး​လေးရဲ့ ​ခေါင်းထဲက
ဖြတ်​ထွက်​သွားတဲ့ကျည်​ဆံဟာ
ဆင်​ခြင်​တုံတရားကို သတ်​ဖြတ်​သွားခဲ့​ပေါ့အကြိမ်​ကြိမ်​။ ။
တီကျူး
၇ ၉ ၂၀၁၇

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...