Monday, September 18, 2017

လူနာမ​လေး ခင်​ခင်​စီ --------------- လူဘုန်း

လူနာမ​လေး ခင်​ခင်​စီ
---------------
လူဘုန်း

လူနာနံပါတ်​ ၃၇
၃၇မင်း နတ်​​​တွေကို စိတ်​မဝင်​စားအား
မလိုအပ်​ဘဲ သူမဘရာဇီယာဆိုက်​ ၃၇ဖြစ်​​လာတာကိုပဲ
စိတ်​ဝင်​စားသူ။

အသက်​က ၁၇နှစ်
ထမီ​တောင်​ ခိုင်​​အောင်​မဝတ်​နိုင်​​သေးတဲ့
မိန်းမသားနုနု​လေး
မိန်းမထမီနား ခိုစား​နေသူ လင်​အရက်​သမားအား
အသည်းနှလုံးထဲ အပြည့်​ထည့်​ထားသူ။
ခြေလက်​များ ​ဖျော့​တော့လို့
သွေးထဲမှာ သံဓာတ်​လို​နေသူ
မျက်​ဝန်းများ နွမ်းလျလို့
သွေးထဲမှာ ​မေတ္တာဓာတ်​ လို​နေသူ
မ​ကောင်းမှု ဘာတစ်​ခုမှ မကျူးလွန်​ဖူးတာ​တောင်
မ​ကောင်းတဲ့ကြမ္မာဆိုး​တွေပဲ ​လောက က လက်​​ဆောင်​​ပေးလွန်းလို့
လောကပါလနတ်​မင်းများအား
ပါးချည်း ဖြတ်​ရိုက်​ချင်​​နေသူ။
ပိုက်​ဆံမရှိခြင်းဟာလည်း
ရောဂါဆိုးကြီးတစ်​ခုပါပဲ ဆရာရယ်
ရင်​သားက အကြိတ်​အခဲကြီးထက်
ရင်​ထဲက အကြိတ်​အခဲကြီးက ပိုနာကျင်​​နေရသူ။
ကမ္ဘာ​လောကကြီးအ​ကြောင်း​တော့ 
ပြောကိုမ​ပြောချင်​သူ၊
သူမ ဖြန့်​ကျက်​​တွေး​ခေါ်ပစ်​လိုက်​မယ်​ဆို
သူမထမီကွင်း​လောက်​မှ
အနံမကြီးတဲ့ ​ကမ္ဘာလောကကြီး။
ခင်​ခင်​စီဟာ
ဘဝမှာ
လိုတာထက်​ ပိုပြီး ရယ်​သွမ်း​နေရလွန်းလို့
ဘဝမှာ
လိုတာထက်​ ​လျှော့ပြီး ငိုယိုဖို့ ကြိုးစား​နေရသူ၊
လူနာမ​လေး ။ ။

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...