Saturday, September 23, 2017

ဆက်​​ဝေါခါ 🕸🕸🕸 တီကျူး

ဆက်​​ဝေါခါ
🕸🕸🕸 တီကျူး

မြို့လည်​​ခေါင်​ ဂုံးတံတားကို အိမ်​လုပ်​ထားတာဆို​တော့
စီးပွားရှာရလည်း လွယ်​သ​ပေါ့
စူးစူးရဲရဲ မျက်​လုံးထဲကို စူးစူးရဲရဲ အကြည့်​​လေးတစ်​ချက်​ ပစ်​ထည့်​လိုက်​ရုံပါပဲ။

ဘဝ​ပေးအ​တွေ့အကြုံနဲ့
သ​င်္ကေတဟာ အလို​အလျောက်
ခေါင်းဆတ်​ပြမယ်
မပွင့်​တပွင့်​ပြုံးပြမယ်
လျို့ဝှက်​နက်​နဲတဲ့ ​လေသံနဲ့
စကားလုံး​တွေ အသံတိတ်​ပွင့်​ထွက်​သွားမယ်
ခေါင်းငြိမ့်​လိုက်​ရုံနဲ့ လက်​နက်​တပ်​ဆင်​ပြီးအဆင့်
အသုံး​တော်​ခံရန်​ အသင့်​ဖြစ်​​စေရမယ်​။

ရှေးကသမုတ်​ခဲ့သလို ပြည့်​တန်​ဆာပဲဖြစ်​ဖြစ်
အခု​ရေပန်းစား​သလို လိင်​လုပ်​သားပဲဖြစ်​ဖြစ်
သွေးသားဆိုတာက
ချက်​ချင်းယုတ်​​လျော့သွားတဲ့ကုန်​စည်​မျိုး မဟုတ်​​​လေတော့
အချိန်​ရှိတုန်း ​ပျော်​ချင်​တဲ့သူ​ရှာထားမှ
ဘဝ လိုဘ​လေးက ဖြည့်​လို့ရမယ်​။

ထူးပြီး ဇာတ်​နာပြစရာလည်းမလို
ထူးပြီး ရွံရှာစက်​စုပ်​ဖွယ်​ရာလည်းမလို
အဆင်​​ပြေရင်​ အဆင်​​ပြေသလို
အယုတ်​ အလှ အမြတ်​​ ရွေးချယ်​ရန်​အ​ကြောင်းအရာမလို
ကြုံရင်ကြုံသလို​ရောင်းရတာပဲ
ကျေနပ်​​နေသမျှ ပလက်​​ဖောင်းဆိုတာက​ ပျော်​ရွှင်​ဖွယ်​။ ။

တီကျူး
4:20 AM
23-9-2017
Sex Worker

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...