အသည်းကွဲ ဆင်ဖိုနီ နံပါတ် ၈
💔💔💔💔💔 တီကျူး
ချစ်ခြင်းကိုသာ အပြစ်ဆိုကြရင်ဖြင့်
ကိုယ့်ကိုသာ
လက်ပြန်ကြိုးတုပ်လို့ သုသာန်ထုတ်
ကိုယ့်ဂုတ်ပေါ် ဓားတင်ခုတ်မယ်ဆိုလည်း ခုတ်လိုက်ပါတော့ကွယ်။
ဒါမှမဟုတ် - - -
ကိုယ့်လည်ပင်းမှာစာချိတ်ဆွဲ ကိုယ့်မျက်နှာမှာ ပရဲဆွဲလို့
မဲဇာပို့မယ်ဆိုလည်း ပို့လိုက်ကြပါတော့
ဘယ်လိုကံအမှုနဲ့များ
ဒီလို
နှလုံးကြေကွဲနေတဲ့ ခန္ဓာဘဝကို ပေးအပ်ခဲ့ရသလဲကွယ်
သူတည်းတစ်ယောက်မှာ ကောင်းမကောင်းမသေချာ
အားကောင်းမောင်းသန် အညွှန့်တလူလူလေးတွေခမြာ
ညိုး နွမ်း သွားရရှာပေါ့
နာကျင်ခံခက်တဲ့အသံနဲ့
ငါ့တစ်ဘဝလုံးကို ပြာနှမ်းသွားအောင်
တန်ဆာဆင်ထားခဲ့ရတော့တယ်။
တီကျူး
10-9-2017
4:16 am
symphony
(ရွေမန်းတင်မောင် လက်ဝဲသုန္ဒ အမတ်အား ခံစားသီဖွဲ့သည်)

No comments:
Post a Comment