Monday, September 18, 2017

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၅ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၅
💔💔💔💔💔 တီကျူး

အလွမ်းဟာ
ရိုင်းစိုင်း ပြင်းထန်​တဲ့ အရှိန်​ဟုန်​နဲ့
ကျယ်​ကျယ်​​လောင်​​လောင်​ ကဆုန်​စိုင်းလာခဲ့ပြန်​တယ်

ပြီး
မုန်​တိုင်းကင်းစင်​​နေတဲ့​ တေးသွားနဲ့
စမ်း​ချောင်းက​လေး တသွင်​သွင်​စီးဆင်း​နေသလို တငြိမ့်​ငြိမ့်
နှလုံးအိမ်​ထဲ အကြိမ်​ကြိမ်​အခါခါ မြည်​ဟီး​နေတဲ့ နာမ​တော်​ထံ
အဖန်​တလဲလဲ ​တောင်းပန်​ခြင်း​တွေလည်း ပဲ့တင်​ရဲ့။
မင်းရဲ့ခုံနံပါတ်​​ ဘေးက ကွက်​လပ်​က​လေးဟာ စိတ်​ထဲက ငါ့​နေရာပါပဲ
အခု​တော့လည်း မ​ထွေးနိုင်​ အမျို ခက်​လှတဲ့​ဝေဒနာနဲ့
သူတစ်​ပါးလက်​ထဲက ကိုယ့်​ရတနာကို နှ​မြောတသ ​ငေး ကြည့်​​ နေရ
ဆိုးလွန်းတဲ့ ဘဝကံကြမ္မာက ပါလာသမျှ
ခိုးပြီး​တော့ စိုးရိမ်​ရသလို ခိုးပြီး​တော့လွမ်းရ ခိုးပြီး မျက်​ရည်​ရပြန်​တယ်​။
ဒီကျိန်​စာ ဒီဝဋ်​​ကြွေးကို ဒီဘဝ ဒီခန္ဓာနဲ့ ဆပ်​နိုင်​​ဖို့
နောင်​ဖြစ်​​လေရာ ဘဝအဆက်​ဆက်​ အတူမခွဲ​ ပေါင်းဖက်​နိုင်​ကြဖို့
ပွင့်​ခဲ့ဖူး​သော ဘုရားအဆူဆူထံ
ပြုခဲ့ဘူး​သော ကုသိုလ်​အမျှနဲ့
ငါတို့ချစ်​ခြင်းအား ဆုပန်​လိုက်​ရပါတယ်​။ ။

တီကျူး
၎ ၉ ၂၀၁၇
symphony

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...