အိမ်မက်တိုင်းပြည်
မောင်ကြူးရင့်
တိမ်တွေက
သိပ်လှတာပဲမေမေ
သားတိမ်မြင်းစီးချင်တယ်
မောင်ကြူးရင့်
တိမ်တွေက
သိပ်လှတာပဲမေမေ
သားတိမ်မြင်းစီးချင်တယ်
ရောင်စုံသက်တံက
သိပ်လှတာပဲမေမေ
သားသက်တံ တံတားပေါ်
ပြေးကစားချင်တယ်
နဂါးငွေ့တန်းက
သိပ်လှတာပဲမေမေ
သားနဂါးငွေ့တန်းပေါ်
လမ်းလျှောက်ချင်တယ်
ကြယ်ကလေးတွေက
သိပ်လှတာပဲမေမေ
သားကြယ်ကလေးတွေနဲ့
တူတူပုန်းတမ်းကစားချင်တယ်
လမင်းကြီးက
သိပ်လှတာပဲမေမေ
သားလရောင်ခြည်တန်းစီးပြီး
အိမ်ပြန်လာပြီမေမေ
နေ့ရောက်လို့
လရောင်ခြည်တန်းပျောက်သွားတဲ့
အခါ
ကောင်းကင်ကို
လရောင်ခြည်တန်းစီးပြီး
သားမသွားနိုင်တော့ဘူးမေမေ
သားကိုမနှိုးပါနဲ့ဦးမေမေ။ ။
မောင်ကြူးရင့်
၁၃့  ၉့  ၂၀၁၇
သိပ်လှတာပဲမေမေ
သားသက်တံ တံတားပေါ်
ပြေးကစားချင်တယ်
နဂါးငွေ့တန်းက
သိပ်လှတာပဲမေမေ
သားနဂါးငွေ့တန်းပေါ်
လမ်းလျှောက်ချင်တယ်
ကြယ်ကလေးတွေက
သိပ်လှတာပဲမေမေ
သားကြယ်ကလေးတွေနဲ့
တူတူပုန်းတမ်းကစားချင်တယ်
လမင်းကြီးက
သိပ်လှတာပဲမေမေ
သားလရောင်ခြည်တန်းစီးပြီး
အိမ်ပြန်လာပြီမေမေ
နေ့ရောက်လို့
လရောင်ခြည်တန်းပျောက်သွားတဲ့
အခါ
ကောင်းကင်ကို
လရောင်ခြည်တန်းစီးပြီး
သားမသွားနိုင်တော့ဘူးမေမေ
သားကိုမနှိုးပါနဲ့ဦးမေမေ။ ။
မောင်ကြူးရင့်
၁၃့  ၉့  ၂၀၁၇
No comments:
Post a Comment