သမီးအတွက်နောက်ဆုံးကဗျာ
••••••••••••••••••••lတိုးနှောင်မိုးl
ပန်ပန်အိပ်နေတာငေးကြည့်ပြီး
ဘဝကိုရစ်ဘီးပေါ်ဆွဲတင်ကြည့်တယ်
ဖြူစင်လိုက်တဲ့ခလေးအပူကသူမသိပေမဲ့ပိုပိုလောင်
တိမ်တွေတောင်ရင်ခုန်ရအောင်သနားသတဲ့။
••••••••••••••••••••lတိုးနှောင်မိုးl
ပန်ပန်အိပ်နေတာငေးကြည့်ပြီး
ဘဝကိုရစ်ဘီးပေါ်ဆွဲတင်ကြည့်တယ်
ဖြူစင်လိုက်တဲ့ခလေးအပူကသူမသိပေမဲ့ပိုပိုလောင်
တိမ်တွေတောင်ရင်ခုန်ရအောင်သနားသတဲ့။
နိုင်ငံကူးသင်္ဘောလို
သမီးစိတ်ကူးတွေလွှင့်နေလိမ့်မယ်။
မိသားကိုမစုနိုင်တဲ့မိသားကွဲ
ဖေဖေတလှည့်
မေမေတလှည့်ချစ်ဖို့ 
မဲကလာကျ
မင်းစိတ်ဒဏ်ရာမင်းအမာရွက်
ငါတို့ မိဘအပြစ်
မေတ္တာအချစ်လေးတော်တင်ခန်းမှာ
ဘယ်သူမှနိုင်မသွားခဲ့ဘူး။
တစ်နေရာဆီဖေဖေ
တစ်နေရာဆီမေမေ
မနီးတဲ့ခရီး
ဤခရီးဝေးနေလေတော့
ရှရီပန်ထွာတိုးနှောင်မိုးရဲ့ကျောက်စာမှာ
မိဘမေတ္တာဆိုတာ ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင်မဖြစ်ခဲ့ပါဘူး။
ဝေးတော့လည်း
ဖျားနေမှာစိုးရိမ်တယ်
နီးတော့လည်း
ကိုယ်ပူမှာစိုးတယ်
သမီးရယ်
ဘာမှန်းမသိတာကိုပဲ
ဖေဖေတို့ လျောက်နေမိတယ်။
မြစ်ရေစီးသံနားထောင်သလို
ကမ်းပါးပြိုတာသိရမယ်
ဖေ့သူငယ်ချင်းတွေစကား
ဆင်ခြင်သုံးသပ်နာယူရမယ်
ချစ်သူ အချစ် သမီးပန်
အမြဲငြိမ်းချမ်းသာယာနိုင်ပါစေ။ ။
တိုးနှောင်မိုး
သမီးစိတ်ကူးတွေလွှင့်နေလိမ့်မယ်။
မိသားကိုမစုနိုင်တဲ့မိသားကွဲ
ဖေဖေတလှည့်
မေမေတလှည့်ချစ်ဖို့ 
မဲကလာကျ
မင်းစိတ်ဒဏ်ရာမင်းအမာရွက်
ငါတို့ မိဘအပြစ်
မေတ္တာအချစ်လေးတော်တင်ခန်းမှာ
ဘယ်သူမှနိုင်မသွားခဲ့ဘူး။
တစ်နေရာဆီဖေဖေ
တစ်နေရာဆီမေမေ
မနီးတဲ့ခရီး
ဤခရီးဝေးနေလေတော့
ရှရီပန်ထွာတိုးနှောင်မိုးရဲ့ကျောက်စာမှာ
မိဘမေတ္တာဆိုတာ ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင်မဖြစ်ခဲ့ပါဘူး။
ဝေးတော့လည်း
ဖျားနေမှာစိုးရိမ်တယ်
နီးတော့လည်း
ကိုယ်ပူမှာစိုးတယ်
သမီးရယ်
ဘာမှန်းမသိတာကိုပဲ
ဖေဖေတို့ လျောက်နေမိတယ်။
မြစ်ရေစီးသံနားထောင်သလို
ကမ်းပါးပြိုတာသိရမယ်
ဖေ့သူငယ်ချင်းတွေစကား
ဆင်ခြင်သုံးသပ်နာယူရမယ်
ချစ်သူ အချစ် သမီးပန်
အမြဲငြိမ်းချမ်းသာယာနိုင်ပါစေ။ ။
တိုးနှောင်မိုး
No comments:
Post a Comment