"နိုင်ငံတော်သီချင်း"
❄
❄
❄
❄
❄
ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ကဗျာလုပ်ရတာပျင်းလာတိုင်း
ခေါင်းစဉ်အများကြီးနဲ့
စာသားတစ်ကြောင်းချင်လာတယ်။

ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ကဗျာလုပ်ရတာပျင်းလာတိုင်း
ခေါင်းစဉ်အများကြီးနဲ့
စာသားတစ်ကြောင်းချင်လာတယ်။
အခုအခါ
စက်သေနတ်ထဲ တဖြတ်ဖြတ်ပွင့်နေတဲ့ကျည်ဆံလေးလို
စိတ်ဟာ တဆတ်ဆတ် (ဇတ်ဇတ်)
ရပ်မရတဲ့ရထားပေါ်မှာ မြောပါလို့
အခု
ခင်ဗျားဟာ ဟစ်တလာဖြစ်လာတယ်
ခင်ဗျားဟာ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်နဲ့
လက်မည်းကြီးလည်းဖြစ်လာတယ်
ခင်ဗျားဟာ လူစည်ကားရာအရပ်မှာ
နားထင်ထဲဖြတ်စီးသွားတဲ့
ကျည်ဆံတစ်တောင့်လည်းဖြစ်လာတယ်
ခင်ဗျားဟာ ကျောခိုင်းခံထားရတဲ့ ဥပဒေ ဘုတ်အုပ်ကြီးလည်းဖြစ်လာတယ်။
အဲသလိုမျိုး
နိုင်ငံတစ်ခုတည်းအောက်မှာ ပြည်သူလုပ်တမ်းဆော့ကစားရတာပျင်းစရာဆိုတော့
အခုတိုင်းပြည်အများကြီးနဲ့ ကမ္ဘာသားချင်လာပြန်တယ်။
ငါတို့မှာက
အနာဂတ် ပျောက်နေတဲ့ ဘဝတွေနဲ့
ဟန်ဆောင်ပန်ဆောင် သိမ်းဆည်း ဖျက်စီးပြတဲ့
မှုးယစ်ဆေးတွေနဲ့
ငါတို့မှာက
မိုင်းနင်းမိတဲ့ ခြေထောက်လေးတစ်ဖက်နဲ့
မိဘမဲ့ ကလေးသူငယ်တွေနဲ့
ငါတို့မှာက
မျက်စိပိတ် နားပိတ် ပါးစပ်ပိတ်
မျိုးဆက် ပိတ် သတ်ထားတဲ့ ပညာရေးစနစ်တွေနဲ့
ငါတို့မှာက
တာဝန်ခံ တာဝန်ယူမှုမရှိတဲ့ ကျန်းမာရေးစနစ်တွေနဲ့
ငါတို့မှာက
အိမ်ခြေယာမဲ့ ယိုင်နဲ့နေတဲ့
စီးပွားရေးအလုပ်လက်မဲ့တွေနဲ့
ငါတို့ဟာ ဘက်ပေါင်းစုံ ခြိမ်းခြောက်မှုတွေနဲ့
လူသားစစ်စစ်ကမ္ဘာမှာ
နေ့စဉ်နေ့တိုင်း ကျောက်သံပတ္တမြားတွေပွင့်ပြနေရတာပါကွယ်။
တီကျူး
1-8-2017

No comments:
Post a Comment