Thursday, September 28, 2017

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀
💔💔💔💔💔 တီကျူး

တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။
ဖြတ်​ကနဲပဲ။
အသည်းထဲ နင့်​​အောင်​ ပွင့်​ခဲ့တယ်​ ကဗျာ။
ဆယ့်​​ခြောက်​နှစ်​တုန်းကလို ရင်​ထဲ​ဗြောင်းဆန်​​အောင်​ချစ်​ရတယ်​။
အခု ရင်​ထဲမှာ မီး​လောင်​​နေတယ်​။
အခု ရင်​ထဲမှာ မီး ​တွေ ​လောင်​​နေပါတယ်​။
မကြားခဲ့ဘူးလားကွယ်​ တစ်​ဘဝလုံး ငါ့အသံနဲ့ မင်းကိုထွန်းလင်း​ပေးခဲ့တာပါ။
မုန်​တိုင်းရဲ့ဂီတက ပြင်းထန်​လှရဲ့။
ရိုင်းစိုင်းလှရဲ့။
အ​ကောက်​ကြံ ယုတ်​မာမှု​တွေနဲ့
ဟန်​​ဆောင်​ခြယ်​သ ဖြား​ယောင်းထားတဲ့ ကဝေနှယ်
ကံကြမ္မာ
နောက်​လှည့်​ပြန်​ဖို့ခက်​လှတယ်​။

တီကျူး
11:11 AM
28-9-2017
symphony

Saturday, September 23, 2017

ပြည့်​တန်​ဆာ==မြရာညို

ပြ ည့် တန် ဆာ

ကျွန်မလား
ဘာတစ်ခုမှရောင်းချစရာအကြွင်းအကျန်မရှိတော့လို့
ခန္ဓာကိုယ် ချရောင်းလိုက်မိတာပါ ဂျွန်။

နေ့စဉ်ကြားနေရတဲ့
ညှီစို့စို့ယောက်ျားရနံ့တွေကိုမသတီပေမယ့်
အဲဒိအနံ့အသက်တွေက
တဲတဲလေးကျန်တော့တဲ့တဲလေးကိုလေလုံမိုးလုံဖြစ်စေခဲ့
အဲဒိအနံ့အသက်တွေကအမေ့ဆေးဖိုးဖြစ်စေခဲ့
အဲဒိအနံ့အသက်တွေကသားရဲ့ကျောင်းဝတ်စုံကိုသစ်စေခဲ့
အဲဒိအနံ့အသက်တွေက
ဆာလောင်နေတဲ့အစာအိမ်တွေကိုလောင်စာဖြစ်စေခဲ့တယ်လေ။

ရေချိုးပြီးစညနေခင်းထဲခြေချလိုက်တာနဲ့
နောက်ကျောစိုက်ဝင်လာမယ့်အကြည့်တွေကို
မသိကျွန်မဘယ်ရှိပါ့ရှင်
အမျိုးကောင်းသမီးဖြစ်ချင်ခဲ့သူကျွန်မ
အပျက်ပေမယ့်အရှက်တော့ရှိတာပေါ့ ဂျွန်
ဒါပေမယ့်
မှောင်နေတဲ့ဘဝတွေကိုကယ်တင်ဖို့
အမှောင်ကိုအရင်းပြုပြီး
ရွံရှာဖွယ်ခန္ဓာအိမ်ကြီးကိုရွက်လို့
အမှောင်ထက်ဆိုးသူအမှောင်ထုကြီးကို
အလိုမတူပဲ
နာတာရှည်ခေါင်းညိမ့်လက်ခံလိုက်ရပေါ့ ဂျွန်ရယ်။          ။

မြရာညို
၂၄ . မေ . ၂၀၁၅

ဆက်​​ဝေါခါ 🕸🕸🕸 တီကျူး

ဆက်​​ဝေါခါ
🕸🕸🕸 တီကျူး

မြို့လည်​​ခေါင်​ ဂုံးတံတားကို အိမ်​လုပ်​ထားတာဆို​တော့
စီးပွားရှာရလည်း လွယ်​သ​ပေါ့
စူးစူးရဲရဲ မျက်​လုံးထဲကို စူးစူးရဲရဲ အကြည့်​​လေးတစ်​ချက်​ ပစ်​ထည့်​လိုက်​ရုံပါပဲ။

ဘဝ​ပေးအ​တွေ့အကြုံနဲ့
သ​င်္ကေတဟာ အလို​အလျောက်
ခေါင်းဆတ်​ပြမယ်
မပွင့်​တပွင့်​ပြုံးပြမယ်
လျို့ဝှက်​နက်​နဲတဲ့ ​လေသံနဲ့
စကားလုံး​တွေ အသံတိတ်​ပွင့်​ထွက်​သွားမယ်
ခေါင်းငြိမ့်​လိုက်​ရုံနဲ့ လက်​နက်​တပ်​ဆင်​ပြီးအဆင့်
အသုံး​တော်​ခံရန်​ အသင့်​ဖြစ်​​စေရမယ်​။

ရှေးကသမုတ်​ခဲ့သလို ပြည့်​တန်​ဆာပဲဖြစ်​ဖြစ်
အခု​ရေပန်းစား​သလို လိင်​လုပ်​သားပဲဖြစ်​ဖြစ်
သွေးသားဆိုတာက
ချက်​ချင်းယုတ်​​လျော့သွားတဲ့ကုန်​စည်​မျိုး မဟုတ်​​​လေတော့
အချိန်​ရှိတုန်း ​ပျော်​ချင်​တဲ့သူ​ရှာထားမှ
ဘဝ လိုဘ​လေးက ဖြည့်​လို့ရမယ်​။

ထူးပြီး ဇာတ်​နာပြစရာလည်းမလို
ထူးပြီး ရွံရှာစက်​စုပ်​ဖွယ်​ရာလည်းမလို
အဆင်​​ပြေရင်​ အဆင်​​ပြေသလို
အယုတ်​ အလှ အမြတ်​​ ရွေးချယ်​ရန်​အ​ကြောင်းအရာမလို
ကြုံရင်ကြုံသလို​ရောင်းရတာပဲ
ကျေနပ်​​နေသမျှ ပလက်​​ဖောင်းဆိုတာက​ ပျော်​ရွှင်​ဖွယ်​။ ။

တီကျူး
4:20 AM
23-9-2017
Sex Worker

Thursday, September 21, 2017

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၉ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၉
💔💔💔💔💔 တီကျူး

ဝဋ်​​ကြွေးပါဆိုမှ​တော့
သာယာတာပဲဖြစ်ြဖစ်​​ မသာယာတာပဲဖြစ်​ဖြစ်​ ဘာ တိုးထူးမလဲကွယ်
ထိတ်​လန့်​မှုကို ဟန်​​ဆောင်​ဖုံးကွယ်​ထားရတဲ့ ​တောကျီးကန်း​လေးလို
စိုးရိမ်​စိတ်​က​လေးက တအာအာ
ငါတို့ဘဝ​တွေကို မိသားစု မ​ပြေလည်​မှုဆီမှာ ထိုး​ကြွေးထားခဲ့ရသလား
ခေတ်​စနစ်​ဆီမှာ ထိုး​ကြွေးထားခဲ့ရသလား မ​သေချာ
ပထမဆုနဲ့ ဒုတိယ​နေရာ ဆို​တော့
ရက်​စက်​တဲ့ကံကြမ္မာကိုပဲ နှလုံးသားထဲ ထွင်းထု ကိုးကွယ်​ထားရ
ထိုးထားတဲ့ပန်းအိုးက​လေး ကျကွဲသွားသလိုသစ္စာ
ကိုယ့်​ကိုယ်​ကိုလည်းစိတ်​နာတယ်​။

တီကျူး
4:30
Sep 21, 2017
symphony

Wednesday, September 20, 2017

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၈ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၈
💔💔💔💔💔 တီကျူး

ချစ်​ခြင်းကိုသာ အပြစ်​ဆိုကြရင်​ဖြင့်
ကိုယ့်​ကိုသာ
လက်​ပြန်​ကြိုးတုပ်​လို့ သုသာန်​ထုတ်
ကိုယ့်​ဂုတ်​​ပေါ် ဓားတင်​ခုတ်​မယ်​ဆိုလည်း ခုတ်​လိုက်​ပါ​တော့ကွယ်​။
ဒါမှမဟုတ် - - -
ကိုယ့်​လည်​ပင်းမှာစာချိတ်​ဆွဲ ကိုယ့်​မျက်​နှာမှာ ပရဲဆွဲလို့
မဲဇာပို့မယ်​ဆိုလည်း ပို့လိုက်​ကြပါ​တော့
ဘယ်​လိုကံအမှုနဲ့များ
ဒီလို
နှလုံး​ကြေကွဲ​နေတဲ့ ခန္ဓာ​ဘဝကို ​ပေးအပ်​ခဲ့ရသလဲကွယ်
သူတည်းတစ်​​ယောက်​မှာ ​ကောင်းမ​ကောင်းမ​သေချာ
အား​ကောင်း​မောင်းသန်​ အညွှန့်​တလူလူ​လေး​တွေခမြာ
ညိုး နွမ်း သွားရရှာ​ပေါ့
နာကျင်​ခံခက်​တဲ့အသံနဲ့
ငါ့တစ်​ဘဝလုံးကို ပြာနှမ်းသွား​အောင်
တန်​ဆာဆင်​ထားခဲ့ရ​တော့တယ်​။

တီကျူး
10-9-2017
4:16 am
symphony
(​ရွေမန်းတင်​​မောင်​ လက်​ဝဲသုန္ဒ အမတ်​အား ခံစားသီဖွဲ့သည်​)


အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၇ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၇
💔💔💔💔💔 တီကျူး

တ​ယောတစ်​လက်​ရဲ့ ဘိုးတံထဲက​နေ
လွမ်းဆွတ်​​ကြေကွဲမှုဟာ မိုးကြိုးမုန်​တိုင်းလို ထွက်​ကျလာတယ်​။

မပီဝိုးတဝါးပုံရိပ်​​တွေထဲမှာ အချစ်​ဟာ အိပ်​မက်​လိုပ
မယ်​သီတာကို မင်းဒဿ     ရဲ့လက်​မှာဆုံးရှုံးခဲ့တဲ့ဒဏ်ရာက
အခုမှ ပိုပြီးနာကျင်​ရသလို
ချစ်​သူရဲ့ ကိုယ်​စိတ်​နှစ်​လုံးကိုလည်း ပိုပြီး စာနာနားလည်​ချစ်​မြတ်​နိုးရတယ်​။

တကယ်​​တော့
မာယာများတဲ့မြစ်​မှာ ငါတို့ရဲ့ကံကြမ္မာ​လှေက​လေးက ဇွတ်​အတင်း ဆွဲအနှစ်​ခံခဲ့ရတာပါကွယ်​။ ။

တီကျူး
8-9-2017
3:00 am
symphony

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၆ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ နံပါတ်​ ၆
💔💔💔💔💔 တီကျူး

အိပ်​ပျက်​​နေတဲ့ အလွမ်း​တွေထဲ ညဟာနစ်​မြုပ်​လို့
စိုးထိတ်​မှုဟာ ဖြတ်​ကနဲ ဖြတ်​ကနဲ
လင်းလက်​ပြိုးပြက်​သွားတဲ့ လျပ်​စီးလိုပ
ညဉ့်​ငှက်​ဟာ တစ်​စုံတစ်​ခုကို ကြောက်​ရွံ့​နေတဲ့အသံနဲ့ ပျံသန်းသွားပုံ
ချစ်​သူနှစ်​ဦးရဲ့​ကွေကွင်းမှုဟာ
ကံကြမ္မာလား၊ ကျိန်​စာလား၊ ဝဋ်​​ကြွေးလား
ဝေခွဲလို့မရ ရပ်​တန့်​လို့မရ
နောင်​သံသရာမှာ အဆက်​ဆက်​ မပါဖို့
ဖြစ်​​လေရာဘဝမှာ ဆုံစည်းနိုင်​ဖို့
ကျွတ်​တမ်း အတူဝင်​ အရိ​မေ​တ္တေယျ အတူဖူးဖို့
ဘယ်​လိုကုသိုလ်​အထူးနဲ့ ငါတို့​ဖြေရမလဲ
တစ်ဦးရဲ့နှလုံးအိမ်​ထဲ တစ်​ဦးက ဖြည့်​ထားတဲ့ ချစ်​မေတ္တာနဲ့
ခိုးပြီးလွမ်းရ ခိုးပြီးနှ​မြောရ
စ​တေးခဲ့ရသမျှ ငါတို့ပြန်​ရခဲ့တာက မမျှတ
လက်​မ​လျော့ချင်​တဲ့စိတ်​ဟာ အသက်​တာအမျှ
လွန်​​လေပြီး​သောနှစ်​​ပေါင်း​မြောက်​မြားစွာ
သက္ကရာဇ်​​တွေကိုသာ ဆွဲ​ခေါ်လာခဲ့ချင်​​တော့တယ်​။ ။

တီကျူး
7-9-2017
symphony

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...