Monday, September 18, 2017

ပ​လေတိုးနစ်​ သီချင်း

ပ​လေတိုးနစ်​ သီချင်း
💝💝💝 တီကျူး
ထိတိုင်းရှချင်​တဲ့ ရင်​ခုန်​သံမှာ
ရှတိုင်း ထိချင်​တဲ့ အိပ်​မက်​က မူးမူး​မော​မော
တိတ်​တိတ်​​လေး ခိုးကြည့်​ရတာများ​တော့
တိတ်​တိတ်​က​လေး စွဲလမ်းရတာများ​တော့
စွယ်​​တော်​ရွက်​က​လေးမှာလည်း ဒိုင်​ယာရီထဲ တိတ်​တိတ်​က​လေး။
အလွမ်းစိတ်​ရဲ့​ပေါက်​ကွဲလျံကျမှု
သွေးကြွ​နေတဲ့ ဆယ်​​ကျော်​သက်
ခက်​တာက ဒီခရီး ဒီနည်းနဲ့ နီးမလားဆို​တော့
တိမ်​​တွေလို ​ရွေ့လျားသွားကြ
ကမ္ဘာဦးက တိုင်​တည်​ခဲ့​သောသစ္စာများ
ပျက်​ပြား ကြာပြီ။
လှိုင်းထန်​လို့ ​မှောက်​တဲ့​လှေက
သံသရာလိုဝဋ်​​ကြွေး ဝဋ်​​ကြွေးလိုသံသရာ
တစ်​​ယောက်​ယုံကြည်​ချက်​ကို တစ်​​ယောက်​က
သတင်းပို့​ပေးလို့မှ မရရင်
အသက်​ရှင်​ရတာ အလကားပဲ။
မင်းဆွယ်​တာထဲ မင်း​နွေးတာနဲ့ ငါ့ဆွယ်​တာထဲငါ​နွေးတာ
ကမ္ဘာ​ဝေးသလိုခြားတယ်
ငါသိထင်​ထားသမျှ
မှန်​တယ်​ထင်​​သော အမှန်​မှားများ။ ။
တီကျူး
သရဖူမဂ္ဂဇင်း အမှတ်​ ၇၇၊ မတ်​လ ၂၀၀၄

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...