Monday, September 18, 2017

ချစ်ဆင်ရေးပူးတွဲစပ်ယှက်လေ့ကျင့်မှု

ချစ်ဆင်ရေးပူးတွဲစပ်ယှက်လေ့ကျင့်မှု
======================
ပျားတွေဝတ်ရည်စုပ်သလို
ငါ့နှုတ်ခမ်းကအရသာကို စုပ်ယူပါ။
ငါးအရှင်ကိုဓားနဲ့မွှန်းသလို
ငါ့ခန္ဓာကိုယ်အနှံ့ မင်းလျှာနဲ့မွှန်းပြီး
ငါ့လည်ပင်းကို မင်းလျှာနဲ့လှီးဖြတ်ပါ။
သေဆုံးသူအပေါ် အဝတ်ဖြူဖုံးလွှမ်းလိုက်သလို
ငါ့ခန္ဓာကိုယ်အပေါ် မင်းခန္ဓာကိုယ်ကိုဖုံးလွှမ်းလိုက်ပါ။
ငါကလည်း
စိတ်စီးကြောင်းတလျှောက်မျောပါရင်း
မင်းခန္ဓာကိုယ်ကို ရေမျောသစ်တုံးလိုဖက်တွယ်
မင်းရဲ့ အာဟာရတွေသိုမှီးရာဘဏ်တိုက်နှစ်လုံးကို ပွတ်သပ်
သောင်ပြင်နှစ်ခုပေါ် တွားသွားတက်လို့...။
မင်းကလည်း
တိုက်ပွဲဝင်စစ်သူရဲမတယောက်စိတ်နဲ့
ငါ့ကိုမြင်းလိုစီးပြီး
ငါ့ဓားကို မင်းရဲ့ ဓားအိမ်ထဲထည့်ထားပုံက
မာန်ပါလှချည်ရဲ့...။ ။
လွတ်လပ်မိုး
(15.9.2017)

No comments:

Post a Comment

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး

အသည်းကွဲ ဆင်​ဖိုနီ ​နံပါတ်​ ၁၀ 💔💔💔💔💔 တီကျူး ​တွေးကြည့်​ရုံနဲ့ပဲ ရင်​ထဲမှာ​နွေးလာတယ်​။ ဖြတ်​ကနဲပဲ။ အသည်းထဲ နင့်​​အောင်​ ပွင့်​...