ကျန်းမာခြင်းမရှိသော
****************
တိုးနှောင်မိုး
အရိပ်ဆိုတာအစစ်မဟုတ်ပေမဲ့
စိတ်ပေါ်ပိကျလာတဲ့အရာတိုင်း
မာခဲနေတတ်စမြဲဆိုတော့
ပန်းနဲ့ပျားဟာ
တစ်ခါတစ်ခါခွဲမရအောင်တူနေတတ်တယ်။
အပျင်းပြေစိတ်ကူးများနဲ့
အပျင်းပြေအရက်သောက်ခြင်း
သွားသွားလာလာနေ့ စွဲတချို့
အထူအပါးကမမြင်မစမ်း
ကော်ဖီဟာကော်ဖီပန်းကန်ထဲကခုန်ထွက်လာပါတယ်။
အဆိပ်သင့်နေ့ စွဲများ
အဆိပ်သင့်စကားလုံးများ
ငါ့ဆီက ငါ့ဆီကို
ငါ့အတွင်းရေးများ
နိုက်ကလပ်စ်ထဲပြေးလွှား
အသံများဗွက်ထနေသလို။
ကွမ်းတွေဝါးလိုက်ထွေးလိုက်
ဘဝအသက်ရှင်နေထိုင်မှု
ညက်ညက်ဝါးမိသောကံနဲ့တရားက
ငွေလိုတယ်
လူမအားငွေမအားအချိန်မအား
လူမှုရေးမအားနေသောကမ္ဘာ
ကျွန်ဝယ်ရာအဆစ်ပါသောအဖြေ
ဆေးစက်ကျရာဒုက္ခ
ပျားရည်ထက်ပိုပိုချိုနေတော့။
ဆက်မဆွဲချင်တော့ပါဘူး
ခုတလော
ဘယ်အစွယ်ချိုးချိုး
ကျိုးလွယ်ကြေလွယ်
ဘယ်အရိုးဝါးဝါးကျိုးလွယ်ကြေလွယ်
အိပ်မက်အရ ရွှေအိုးတူးသလို နေ့ နဲ့ညတွေ။ ။
****************
တိုးနှောင်မိုး
အရိပ်ဆိုတာအစစ်မဟုတ်ပေမဲ့
စိတ်ပေါ်ပိကျလာတဲ့အရာတိုင်း
မာခဲနေတတ်စမြဲဆိုတော့
ပန်းနဲ့ပျားဟာ
တစ်ခါတစ်ခါခွဲမရအောင်တူနေတတ်တယ်။
အပျင်းပြေစိတ်ကူးများနဲ့
အပျင်းပြေအရက်သောက်ခြင်း
သွားသွားလာလာနေ့ စွဲတချို့
အထူအပါးကမမြင်မစမ်း
ကော်ဖီဟာကော်ဖီပန်းကန်ထဲကခုန်ထွက်လာပါတယ်။
အဆိပ်သင့်နေ့ စွဲများ
အဆိပ်သင့်စကားလုံးများ
ငါ့ဆီက ငါ့ဆီကို
ငါ့အတွင်းရေးများ
နိုက်ကလပ်စ်ထဲပြေးလွှား
အသံများဗွက်ထနေသလို။
ကွမ်းတွေဝါးလိုက်ထွေးလိုက်
ဘဝအသက်ရှင်နေထိုင်မှု
ညက်ညက်ဝါးမိသောကံနဲ့တရားက
ငွေလိုတယ်
လူမအားငွေမအားအချိန်မအား
လူမှုရေးမအားနေသောကမ္ဘာ
ကျွန်ဝယ်ရာအဆစ်ပါသောအဖြေ
ဆေးစက်ကျရာဒုက္ခ
ပျားရည်ထက်ပိုပိုချိုနေတော့။
ဆက်မဆွဲချင်တော့ပါဘူး
ခုတလော
ဘယ်အစွယ်ချိုးချိုး
ကျိုးလွယ်ကြေလွယ်
ဘယ်အရိုးဝါးဝါးကျိုးလွယ်ကြေလွယ်
အိပ်မက်အရ ရွှေအိုးတူးသလို နေ့ နဲ့ညတွေ။ ။
No comments:
Post a Comment